သားအိမ်အလုံးကို ကုသပေးတဲ့နည်းလမ်းတွေဟာ အခုဆိုရင် ပိုမိုဘေးကင်းပြီး လွယ်ကူလာပြီဖြစ်သလို အကျိုးကျေးဇူးတွေလဲ ရရှိနေပြီ ဖြစ်ပါတယ်။ နာကျင်မှု နည်းပါးပြီး အချိန်တိုအတွင်း ပြန်လည်နာလန်ထူလာမှာ ဖြစ်ပါတယ်။ ဒီ ခွဲစိတ်ကုသမှုအတွက် ပြန်လည်နာလန်ထူဖို့ တစ်ရက်ပဲကြာမှာဖြစ်ပြီး နောက်တစ်ရက်မှာ ပုံမှန် အလုပ်တွေကို ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အသေးစားမှန်ပြောင်းကြည့်ခွဲစိတ်နည်း (MIS) ဟာ လုပ်ငန်းခွင် ရော မိသားစု တာဝန်တွေကိုပါ ယူထားရတဲ့ အမျိုးသမီးတွေအတွက် အလွန် အဆင်ပြေတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ သားသမီးယူဖို့စဉ်းစားထားတဲ့ အမျိုးသမီးတွေအတွက် သားအိမ်အလုံးဟာ မပေါ့ဆသင့်ပါဘူး။ သားအိမ်အလုံးဟာ အချိန်မရွေးဖြစ်လာတတ်တာမို့ အမျိုးသမီးတွေဟာ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု မှန်မှန် ပြုလုပ်သင့်ပါတယ်။ နှစ်စဉ်ကျန်းမာရေးစစ်ဆေးတာသာလျှင် သားအိမ်ထဲမှာ အလုံးတည်လာတာ ကို အချိန်မီ ဖမ်းမိနိုင်တာမို့လို့ ဒါဟာ မဖြစ်အောင် ကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ခုဆိုရင် ဒီ သားအိမ်အလုံးက ပေးလာနိုင်တဲ့ အန္တရာယ်တွေကိုလည်း သိထားပြီး ကုသရေးဟာ မခက်ဘူးဆိုတာကိုလည်း သိနေပြီဖြစ်တာမို့ အရင်တုန်းကလောက်တော့ မျက်ကလဲဆန်ပြာ ဖြစ်စရာတော့ မလိုတော့ပါဘူး။ ဖြစ်လာပြီဆိုရင်လည်း ဒီကနေ့ဆေးပညာဟာ အရင်ကထက် ပိုပြီးတော့ ဘေးကင်းလွယ်ကူစွာ ကုသပေးနိုင်ပြီပဲ ဖြစ်ပါတယ်။ အထူးသတိပေးချင်တာကတော့ မိမိရဲ့ ကျန်းမာရေးကို ဆရာဝန်နဲ့ နှစ်စဉ်မှန်မှန် မပျက်မကွက် စစ်ဆေးဖို့ဆိုတာပဲ ဖြစ်ပါတယ်။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါတယ်” လို့ ဆိုထားတယ် မဟုတ်ပါလား။