အမျိုးသမီးများဟာ ငယ်ရွယ်တဲ့အချိန်မှာ အပျိုဖော်ဝင်နိုင်ပြီး အများအားဖြင့် အသက် (၁၁)နှစ် နောက်ပိုင်းမှာ စတင် အပျိုဖော်ဝင်ပါတယ်။ ကျန်းမာတဲ့အမျိုး သမီးတစ်ဦးရဲ့ ရာသီစက်ဝန်းဟာ (၂၁)ရက်မှ (၃၅)ရက် အထိ ရှိတတ်ပါတယ်။ ကျန်းမာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဓမ္မတာလာချိန်ဟာ (၂)ရက်-(၅)ရက် ကြာလေ့ရှိပြီး အဲလိုအချိန်မှာ တစ်နေ့ကို လစဉ်သုံးပစ္စည်း(Pad) (၂)ခု-(၃)ခု လောက် လိုအပ်ပါ တယ်။ ဓမ္မတာသွေးဆင်းချိန်မှာ ဗိုက်အောင့်ခြင်းကို ခံစားရ လေ့ရှိပြီး နာကျင်မှုအဆင့် (၁၀) မှာ (၄) လောက်ရှိပါတယ်။
တကယ်လို့ လူနာဟာ အောက်ဖော်ပြပါ လက္ခဏာတစ်ခုခုခံစားရတယ်ဆိုရင် အကြံဥာဏ်ရယူခြင်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းနဲ့ လိုအပ်တဲ့ ကုသမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
(၁) အသက်(၁၆)နှစ်ကျော်သည့်တိုင် ဓမ္မတာသွေးဆင်းခြင်း မစသေးဘူးဆိုရင် ဦးနှောက်အောက်ခြေရှိဂလင်း(Pituitary Gland) တွင်အကျိတ်တည်ခြင်း၊ မ မျိုးဥ အိမ်မရှိခြင်း၊ အမျိုးသမီးအင်္ဂါပိတ်ဆို့နေခြင်း(သို့) အပျိုမြှေးအပေါက်မပါခြင်း (Imperforate Hymen) ကဲ့သလို့ ဓမ္မတာဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေရှိပါတယ်။
(၂) ၅လ - ၆လ ဆက်တိုက် ဓမ္မတာသွေးမပေါ်ဘူးဆိုရင် ဦးနှောက် အောက်ခြေရှိဂလင်း(Pituitary Gland) တွင်အကျိတ်တည်ခြင်း၊ စိတ်ဖိစီးမှု၊ ဟော်မုန်းမူမမှန်ခြင်း၊ စိတ်အပြောင်းအလဲနဲ့ စိတ်မထိန်းနိုင်ခြင်းကိုဖြစ်စေ တဲ့ စိတ်ခံစားမှုဆိုင်ရာ ရောဂါများဖြစ်နိုင်ပါတယ်။
(၃) မျိုးပွားနိုင်တဲ့အရွယ်ရောက်ပေမယ့်လည်း ဓမ္မတာသွေးမလာသေး ဘူးဆိုရင် ဟော်မုန်းမူမမှန်မှု၊ အပျိုမြှေးအပေါက်မပါခြင်း (သို့) သားအိမ်ခေါင်းလမ်းကြောင်းကျဉ်းခြင်း (Cervical Stenosis)၊ သားအိမ် / မ မျိုးဥ / မ မျိုးဥ လုပ်ဆောင်ချက် မရှိခြင်း ကဲ့သို့သော ရောဂါတွေကြောင့်ဖြစ်ပါတယ်။
(၄) မကြာခဏဓမ္မတာလာခြင်း (တစ်ပတ်တစ်ခါ (သို့)နှစ်ပတ်တစ်ခါ)၊ ပုံမှန်ထက်ဓမ္မတာလာချိန်ပိုကြာခြင်း၊ ရာသီစက်ဝန်း အလယ် အချိန်တွင်အနည်းငယ်သွေးဆင်းခြင်း၊ ပုံမှန်မဟုတ်ဘဲအစာအိမ် ကြွက်သားများနာကျင်ခြင်း ( နာကျင်မှုအဆင့် ၁၀ မှာ ၇ ၊ ၁၀ မှာ ၁၀ ) များဟာ အောက်ပါအချက်များကြောင့် ဖြစ်နိုင်ပါတယ်။ ဟော်မုန်းမူမမှန်ခြင်း၊ သားအိမ်ခေါင်းအဖုအကျိတ်၊ သားအိမ်အလုံးတည် ခြင်း၊ သားအိမ်အမြှေးပါးတွင်ဖြစ်သောအကျိတ်(Endothelial Tumors) ၊ မ မျိုးဥအိမ်အကျိတ်(Ovarium Tumor) ၊ သားအိမ်အမြှေးပါး အလွှာပွားလာခြင်း(Edometrial Hyperplasia)၊ သားအိမ်အမြှေးပါးကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သွေးဥမွှားနဲ့ဆိုင်တဲ့ရောဂါများ။