ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာ လုပ်ဆောင်နိုင်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာ လုပ်ဆောင်နိုင်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာ လုပ်ဆောင်နိုင်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ

Available through ၃၁ ဒီ ၂၀၂၅

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာ လုပ်ဆောင်နိုင်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ

ဆစ်မီတဝေ့ဆေးရုံဟာ ဘန်ကောက်မြို့ရှိ ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ပေးတဲ့ အကောင်းဆုံး ဆေးရုံများထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ ပြည်တွင်းသာမက ပြည်ပမှာပါရှိတဲ့ လူနာများအတွက် ပြီးပြည့်စုံတဲ့ ကျန်းမာရေးစစ်ဆေးမှုများကို တစ်နေရာတည်းမှာ ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှာ ရောဂါကာကွယ်စောင့်ရှောက်မှုများနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကို အထူး ဝန်ဆောင်မှုပေးပါတယ်။ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာမပြခင်မှာ ရောဂါနဲ့ ကျန်းမာရေးပြဿနာများကို ရှာဖွေစစ်ဆေးပေး ခြင်းအားဖြင့် လူနာများရဲ့ အချိန်ကုန်မှု၊ အဆင်မပြေမှုနဲ့ ကုန်ကျစရိတ်ကို လျော့ပါးအောင် ဝန်ဆောင်မှုပေးနေတဲ့ နေရာပဲ ဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံမှာ ဘယ်လိုမျိုးကျန်းမာရေးစစ်ဆေးမှုများကိုလုပ်ဆောင်နိုင်သလဲ?

ဆစ်မီတဝေ့ဆေးရုံမှာ အမျိုးမျိုးသော စမ်းသပ်မှုနဲ့ ကျန်းမာရေးစစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါတယ်။ ဆစ်မီတဝေ့ ဆေးရုံမှာ အောက်မှာဖော်ပြ ထားတဲ့ စမ်းသပ်စစ်ဆေးမှုများအပြင် ဂေါက်ရောဂါ/အဆစ်ရောင်ရောဂါ (Gout)၊ အရိုးပွရောဂါ(Osteoporosis)၊ သွေးတိုး(Hypertension)၊ ဆီးကျိတ်ရောင်ခြင်း(Urinary Bladder Inflammation)၊ ဆီးလမ်းကြောင်းရောင်ခြင်း(Urinary Bladder Inflammation)၊ အဆုတ်ပိုးဝင်ခြင်းနဲ့ တခြားရောဂါများအတွက်လည်း စမ်းသပ်စစ်ဆေးပေးပါတယ်။

  • နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု Packages များ ( အမျိုးသား / အမျိုးသမီး)    
  • လက်ထပ်မယ့်စုံတွဲများအတွက်အကြိုကျန်းမာရေးစစ်ဆေးမှု (ကိုယ်ဝန်မဆောင်ခင်)
  • Health Race program

    Health Race Program ’ ဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လုပ်နိုင်စွမ်း စံချိန်များကို ချိုး ရန် ကူညီပေးဖို့ အထူးရေးဆွဲ ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တစ်ခုဖြစ်ပြီး ရေရှည်မှာ ကျန်းမာရေးတိုးတက်ကောင်းမွန်စေမယ့် နည်းလမ်း များကို  တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် အသေးစိတ်ညွှန်ပြပေးမျာဖြစ်ပါတယ်။  ဒီအစီအစဉ်ဟာ တစ်ဦးချင်းစီ အတွက်    “ Health Companion ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ရည်မှန်းထားတဲ့ ပန်းတိုင်ဆီရောက်ရှိအောင် ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ကျန်းမာရေးကောင်းမွန်အောင်ထိန်းသိမ်းနိုင်ဖို့အတွက် အဓိက အချက်(၄)ချက်ကို ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

    နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုကိုလုပ်ဆောင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ခြင်း ဝန်ဆောင်မှုများကို စိတ်ဝင်စားသူများ အနေနဲ့လည်း နောက်ထပ်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ရန်မလိုဘဲ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို လုပ်ဆောင်နိုင်ပါသေးတယ်။

ကျန်းမာရေးစစ်ဆေးမှုအတွက်ဘာတွေပြင်ဆင်ရမလဲ?

  • ကျန်းမာရေးစစ်ဆေးမှုမလုပ်ခင် အနည်းဆုံး(၈)နာရီအတွင်း ဘာမှ မစား မသောက်ပါနဲ့။
  • ဆေးစစ်ဖို့ချိန်းဆိုထားတဲ့အချိန်မတိုင် အနည်းဆုံး(၁၀)မိနစ်စောပြီး ရောက်နေပါစေ။
  • ယခင်ကလုပ်ခဲ့ဖူးတဲ့ ဆေးစစ်မှတ်တမ်း (သို့) ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းများကို တစ်ပါတည်း ယူဆောင်ခဲ့ပါ။
Annual Health Check-up Packages for Men and Women - နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု Packages များ (အမျိုးသား / အမျိုးသမီး) start vote
အစီအစဉ်များ အထူးဈေးနှုန်းများ
(THB)
Basic Check-up Program for Men or Women အသေးစိတ် ကြည့်ရှုရန် | Buy this program 4,500
7,500
Basic Check-up Program for Women Plus Thin Prep အသေးစိတ် ကြည့်ရှုရန် | Buy this program 6,500
9,500

မှတ်ချက်များ

  • ပရိုမိုးရှင်းအစီအစဉ်သည် ယခု အချိန်မှ စပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရရှိနိုင်ပါသည်။
  • သတ်မှတ်ဈေးနှုန်းများသည် ဆရာဝန်နှင့် ပြင်ပလူနာ ဝန်ဆောင်မှုများအတွက် ပါဝင်ပြီးဖြစ်ပါသည်။
  • * ပြထားသည့်ဈေးနှုန်းများသည် ပြင်ပလူနာ ဝန်ဆောင်ခ မပါဝင်ပါ။
  • ဖော်ပြပါဝန်ဆောင်မှုများသည် ဆစ်မီတဝေ့ဆူခွန်ဗစ် ဆေးရုံတွင်သာ ရရှိနိုင်ပါသည်။
  • ပရိုမိုရှင်းဈေးနှုန်းများသည် ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်သူများသာ ခံစားခွင့်ရှိပါသည်။