မိသားစုဘဝတစ်ခုစတင်ရန်စဉ်းစားနေသော(သို့) ကိုယ်ဝန်ဆောင်ရန်ကြိုးစားနေ သော အမျိုးသမီးများအတွက် ဆစ်မီတဝေ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေး (Samitivej Pregnancy Care) ဟာ ကိုယ်ဝန်ဆောင်ချိန်မှ စလို့ မွေးဖွားသည်အထိ ဘေးကင်းကျန်းမာစေရေးအတွက် အဆင်ပြေအောင် တိကျရှင်းလင်းတဲ့ ဆေးပညာများ နဲ့ အတူ ကြိုတင်တွက်ဆနိုင်တဲ့၊ ကာကွယ်ပေးနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို တစ်ဦးချင်းစီအတွက် တိတိကျကျစီစဉ် ရေးဆွဲပြီး ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။ ဆစ်မီတဝေ့အမျိုးသမီးကျန်းမာရေး စင်တာ (Samitivej’s Women’s Health Center) ရဲ့ သေချာလေ့ကျင့် ပေးထားတဲ့ ကျွမ်းကျင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအဖွဲ့မှာဆိုရင်လည်း သားဖွားပညာရှင်များ(Obstetricians)၊ မီးယပ်ပါရဂူများ (Gynecologists)၊ မိခင်နှင့်သန္ဓေသားဆေးပညာရှင်များ (Maternal Fetal Medicine Specialists)၊ မျိုးရိုးဗီဇပညာရှင်များ (Geneticists)၊ မွေးကင်းစကလေးစောင့်ရှောက်ရေး ကျွမ်းကျင် ပညာရှင်များ(Neonatologists)၊ နို့ချိုတိုက်ကျွေးခြင်း ပညာရှင်များ(Lactation Specialists) ၊ သားဖွားသူနာပြုများ(Nurse Midwives) များ ပါဝင်ပါတယ်။ ဒီလို ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများ နဲ့ လူနာများအကြား လက်တွဲညီပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်တော်တို့ အဓိကယုံကြည်ထားတဲ့ ခံယူချက်ပဲဖြစ်ပါ တယ်။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ဟာ မိသားစုများရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဘဝလမ်းခရီးများမှာအကောင်းဆုံး သော ရွေးချယ်မှုတွေ ထောက်ပံ့ပေးပြီး လိုအပ်တဲ့ အသိပညာ ၊ တတ်ကျွမ်းမှုနဲ့ ယုံကြည်မှုတွေကို ပေးစွမ်းနိုင်ဖို့ပဲဖြစ်ပါ တယ်။
We use cookies
This website uses cookies to enhance your browsing experience on our website, to show you personalized content and targeted ads, to analyze our website traffic, and to understand where our visitors are coming from. You can manage your preferences by clicking "Change Preferences".Cookie Policy