ကိုယ်ဝန်လရင့်နေတဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်ကဆိုဖာပေါ်မှာလှဲနေပြီး လက်တစ်ဖက်က နဖူးပေါ်တင် နောက်လက်တစ်ဖက်က ဗိုက်ပေါ်တင်ထားရတဲ့ အခြေအနေဆိုရင် သူမ ဟာ အရမ်းမောပန်းနွမ်းနယ်နေတာဖြစ်ပြီး ဖျားနာနေတာလည်းဖြစ်နိုင်ပါတယ်။
သွေးတိုးရောဂါဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများရဲ့ (၁၀)ရာခိုင်နှုန်းခန့်မှာတွေ့ရလေ့ရှိပါတယ်။ ၎င်းကိုယ်ဝန်ဆောင်သွေးတိုးရှိသူ အမျိုးသမီးများရဲ့ (၂)ရာခိုင်နှုန်းကနေ (၅)ရာခိုင်နှုန်းဟာ ကိုယ်ဝန်ဆောင်အဆိပ်တက်ခြင်းရောဂါဖြစ်လာလေ့ရှိပါတယ်။ ၎င်းကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင် (၁၀)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းခန့်ဟာ အသက်ဆုံးရှုံးကြရပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ ရောဂါလက္ခဏာများမှာ သွေးတိုးခြင်းနဲ့ ဆီးအတွင်းပရိုတိန်းပါဝင်ခြင်း တို့ဖြစ်ပြီး ဖောရောင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ အခြေအနေက အရမ်းပြင်းထန်လာမယ်ဆိုရင် အသည်းနဲ့ ကျောက်ကပ် လုပ်ဆောင်မှုကို ဆိုးရွားစွာ ထိခိုက်စေပြီး သွေးဥမွှားအရေအတွက်ကျဆင်းခြင်းနဲ့ အကြောဆွဲခြင်း လည်း ကြုံတွေ့ရနိုင် ပါတယ်။ ဒီလိုမျိုးရောဂါလက္ခဏာတွေကြောင့် ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ မိခင်နဲ့ကလေးကို သေဆုံးစေတတ်တဲ့အဓိက အကြောင်းအရင်းအဖြစ် သိထားရမှာဖြစ်သလို လမစေ့ဘဲ မွေးဖွားလာခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် (၃၇)ပတ်မတိုင်ခင် ဒီလိုအခြေအနေတွေဖြစ်တယ်ဆိုရင် ပုံမှန်မဟုတ်တဲ့အချင်းဖွံ့ဖြိုးမှု(သို့) အချင်းမှာပြဿနာရှိခြင်း စတဲ့အခြေအနေတွေဟာ အဓိကအကြောင်းအရင်းများဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆိပ်တက်ခြင်း ဟာ ကိုယ်ဝန်ဆောင်ချိန် (၃၇)ပတ် နောက်ပိုင်းမှာပိုဆိုးလာတယ်ဆိုရင် ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုခုက မိခင်ရဲ့ နှလုံးသွေးကြောစနစ် (Cardiovascular System) ကိုထိခိုက်စေခြင်းဖြစ်ပါတယ်။ ၎င်းအခြေအနေများကတော့ ယခင်ကရှိခဲ့ဘူးတဲ့ နာတာရှည်သွေးတိုးခြင်း ၊ Metabolic Syndrome(ဆီးချို ၊ သွေးတိုး ၊ အဝလွန်ခြင်း တို့ပေါင်းစပ်သည့်ရောဂါ) စသည်တို့ကိုဖြစ်စေပါတယ်။
ယခင်တုန်းကတော့ ဆရာဝန်တွေဟာ အောက်ပါအချက်တွေအပေါ်ကြည့်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများရဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေကို စစ်ဆေးခဲ့ပါတယ်။
ဆရာဝန်များအတည်ပြုနိုင်ခဲ့တဲ့ ကိုယ်ဝန်ဆိပ်တက်လူနာများရဲ့ (၃၀)ရာခိုင်နှုန်းဟာ အထက်ပါအကြောင်း အရင်းများအပေါ် အခြေပြုပြီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ယနေ့အချိန်မှာ မိခင်ရဲ့ ရောဂါဖြစ်နိုင်ခြေအဆင့်ကို အတည်ပြုန်ိုင်တဲ့ စစ်ဆေးမှုနည်းလမ်းတွေ ရှိနေပြီဖြစ်ပြီး ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်ပွားမှုကို အကာအကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် (၁၁)ပတ်ကနေ (၁၃) ပတ် + (၆) ရက် အချိန်မှာ လုပ်ဆောင်မယ်ဆိုရင် ဒီလိုစစ်ဆေးမှုနည်းလမ်းဟာ (၉၀) ရာခိုင်နှုန်းအထိ ရောဂါရှာဖွေပေးနိုင်ပါတယ်။ စစ်ဆေးမှုအဆင့်မှာ သားအိမ်ရဲ့ ဘယ်ဘက်နဲ့ညာဘက် နှစ်ဖက်စလုံးကို Doppler Ultrasound ဖြင့် စစ်ဆေးပြီး သွေးကြောတည်ဆောက်မှုကိုအဆင့်မြှင့်တင်ပေးတဲ့ PIGF ခေါ်ပရိုတိန်းတစ်မျိုးရဲ့ပမာဏစစ်ဆေးဖို့ သွေးစစ်မှုကိုလည်းပြုလုပ်ရမှာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အချင်းဖွံ့ဖြိုးမှုရှိတဲ့ အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက် PIGF ပမာဏပိုမိုနည်းပါးတာကြောင့် ဒီနည်းလမ်းကိုထည့်သွင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။
PIGF ပမာဏ စစ်ဆေးမှုမှာ နှစ်ဖက်စလုံးရဲ့ သားအိမ်သွေးကြောလည်ပတ်မှုအဆင့်ကို ထည့်သွင်းဖို့လိုသလို မိခင်ရဲ့သွေးပေါင်ချိန်နှုန်းကိုလည်း ဆော့ဖ်ဝဲလ်ထဲ ထည့်သွင်း လိုက်မှာဖြစ်ပြီး မိခင်ရဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေကို တွက်ချက်ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်ခြေမြင့်မားနေတယ်ဆိုရင် ကိုယ်ဝန် (၁၆)ပတ်ကနေ (၃၆)ပတ်အထိ သောက်ဆေးသုံးစွဲပြီး ကာကွယ်နိုင်ပါတယ်။ ဒီလိုနည်းနဲ့ ကိုယ်ဝန်ဆောင်ချိန် (၃၇)ပတ်မတိုင်ခင် ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်ခြေကို (၇၀) ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။
References:
Samitivej Hospital is at an advanced level of full-spectrum care expertise for pregnancy planning and the care of all types of families looking to give birth in Thailand. Our Pregnancy Care Program has been designed to stay with you at every step of the way, starting from conception until your big day. We also provide predictive and preventive forms of personalized medicine, ensuring that your experience is a smooth and healthy process.
You will encounter an expert team at our Women's Health Center, including obstetricians, gynecologists, maternal-fetal medicine specialists, geneticists, neonatologists, lactation specialists, and nurse midwives. This team of professionals works very intimately with the patients toward realizations of their potentials, providing them with the opportunity to be fully informed and to make the best decisions in the course of their pregnancy. Whether you're planning for pregnancy or preparing to give birth in Thailand, Samitivej is here to offer the highest standard of care and support your growing family needs.
References:
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်