- ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် သေစေနိုင်တဲ့ အဓိက အကြောင်းရင်း(၃)ခုထဲမှ တစ်ခုအပါ အဝင်ဖြစ်ပြီး (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းကတော့ ကိုယ်ဝန်ဆိပ်တက်ခြင်း(Preeclampsia) ကို ဖြစ်စေနိုင်ပါတယ်။
- သွေးတိုးရောဂါဟာ ထပ်ခါထပ်ခါ ဖြစ်တတ်တဲ့ သဘောရှိပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ပြင်းထန်လာတတ်ပါတယ်။ ဒါကြောင့်သင်ဟာ ယခင်က သွေးတိုးရှိဖူးပြီး ကိုယ်ဝန်ဆောင် ဖြစ်လာပြီဆိုရင် သင့်ရဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် စောနိုင်သမျှအစောဆုံး ဆရာဝန်နဲ့ တိုင်ပင်ကုသလမ်းညွှန်မှု ခံယူခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
- ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းအတွက် ကုသမှုတစ်ခုလုံးဟာ ရောဂါပြင်းထန်မှု နဲ့ရောဂါဖြစ်ပွားစေတဲ့ အခြေအနေများအပေါ် မူတည်နေပါတယ်။ အရမ်းပြင်းထန်တဲ့ အခြေအနေအတွက်ဆိုရင် မိခင်သာမက ကလေးရဲ့ ဘေးကင်းလုံခြုံမှုအတွက်ပါ ထည့်သွင်းစဉ်းစားရပါမယ်။
ကိုယ်ဝန်စဆောင်ပြီဆိုရင် ကိုယ်ဝန်ကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုကြိုတင်ကာကွယ်ပြီး အကောင်းဆုံးကျန်းမာရေး အခြေအနေတစ်ခု ထိန်းထားနိုင်ဖို့အတွက် ဆေးဘက်ဆိုင်ရာ အကြံဥာဏ်လမ်းညွှန်မှုတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ မိခင်လောင်းတို့အနေနဲ့ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးရောဂါ ဖြစ်ခြင်းကို အထူးဂရုပြုပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ဖို့ဟာလည်း အရေးကြီး ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဖြစ်တဲ့သွေးတိုးရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အသက်အန္တရာယ်ရှိတဲ့ အဓိက အကြောင်းရင်း(၃)ခုထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းကတော့ ကိုယ်ဝန်ဆိပ်တက်ခြင်း(Preeclampsia) ကို ဖြစ်စေနိုင်ပါတယ်။