သန္ဓေသားဟာ အချိန်တိုင်းလှုပ်ရှားနေပြီး ဘယ်အချိန်မှာ လှုပ်ရှားမလဲ မသိနိုင်တာကြောင့် အချိန်မရွေး ချက်ကြိုးပတ်မိသွားနိုင်ပါတယ်။ ဒါကြောင့် MCMA ကို စောစောစီးစီးရှာဖွေခြင်းဟာကလေးနှစ်ယောက်စလုံးကို ဘေးကင်း ကျန်းမာစွာမွေးဖွားနိုင်ဖို့ အဓိကျတဲ့နည်းလမ်းဖြစ်ပါတယ်။ အာထရာစောင်း ရိုက်ခြင်းအားဖြင့် ဒါကို စစ်ဆေးရှာဖွေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အစောပိုင်း ကာလ အတွင်း စစ်ဆေးရှာဖွေမှုများအရ အမြွှာနှစ်ယောက် စလုံးဟာ တူညီတဲ့ အချင်း တစ်ခုတည်းရှိနေတယ်ဆိုတာသိရတဲ့အချိန်မှာ ချက်ကြိုးပတ်နေတာ ကိုလည်း ပိုပြီး လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။
ဒီလိုအခြေအနေ ရှိနေတယ်ဆိုတာကို သိရပြီဆိုရင် လူနာအနေနဲ့ အတတ်နိုင်ဆုံး မကြာခဏ ဆရာဝန်နဲ့ ပြသရပါမယ်။ ကိုယ်ဝန်ဆောင်ကာလ (၂၄)ပတ်မှ (၂၆)ပတ် အထိ ရောက်ပြီဆိုရင် မိခင်အနေနဲ့ မိမိရဲ့အခြေအနေအပေါ်မူတည်ပြီး ဗိုက်ထဲကသန္ဓေသားကို တစ်ရက်တစ်ကြိမ် (သို့) တစ်ရက်နှစ်ကြိမ် စစ်ဆေး ကြည့်ရှုဖို့ အကြံပြုလိုပါတယ်။ ဆရာဝန်က ချက်ကြိုးဆီ သွေးစီးဆင်းမှုကို စစ်ဆေးမှာဖြစ်သလို သန္ဓေသားရဲ့ နှလုံးခုန်နှုန်းဘယ်လောက် တည်ငြိမ်လဲ ဆိုတာကိုလည်း ကြည့်မှာဖြစ်ပါတယ်။ မိခင်အနေနဲ့ အမြွှာသန္ဓေသားနှစ်ယောက် လှုပ်ရှားမှု နှေးကွေးလာပြီလို့ ခံစားရတယ်ဆိုရင် ဆေးရုံမှာ ချက်ချင်း လာပြရမှာဖြစ်ပါတယ်။
သန္ဓေသားရဲ့ နှလုံးခုန်နှုန်း သိသိသာသာကျဆင်းနေတယ်ဆိုရင်တော့ ကလေးနှစ် ယောက်စလုံးရဲ့ အသက်ကိုကယ်တင်ဖို့အတွက် အရေးပေါ်မွေးဖွား ကောင်းမွေးဖွားရမှာဖြစ်ပါတယ်။ ဒါကို မိဘများနဲ့ ဆရာဝန်များသေချာဆွေးနွေး တိုင်ပင်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
Photo Credit: donnierayjones Flickr via Compfight cc