
တင်ပါးဆုံရိုးမှာဖြစ်တဲ့ ထိခိုက်မှု (သို့) ရောဂါများဟာ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်း များမှာဖြစ်တဲ့ အဆစ်ရောင်ခြင်းထက်စာရင် နာကျင်မှုကိုပိုမို ခံစားရပါတယ်။ နာကျင်မှုဟာ ပုံမှန်အားဖြင့် တောင့်ခံနိုင်ဖို့ခက်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ တင်ပါးဆုံရိုးဟာ ဟာ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးတဲ့ အဓိက အရိုးအဆစ် ဖြစ်တာကြောင့်ပါ။ တင်ပါးဆုံရိုးဟာ အမြဲတမ်း အလုပ် လုပ်နေရပြီး တခြားသော ရွေ့လျားလှုပ်ရှားမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။ တင်ပါးဆုံရိုးကို ဖြေဖြေးလေး အသုံးပြုပြီးလှုပ်ရှားနေတဲ့အချိန် (သို့) ဘာမှ လှုပ်ရှားမှုမရှိတဲ့ အချိန်မှာတောင် တင်ပါးအရိုးအဆစ်နေရာမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေဆိုရင် လူနာဟာ ထော့နင်းထော့နင်း သွားရဖို့လိုအပ်ပြီး လူငယ်တွေမှာ တော့ လမ်းလျှောက်တဲ့အချိန်မှာ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။
ထိုင်းနိုင်ငံမှာ တင်ပါးဆုံရိုးနဲ့ပတ်သက်ပြီး ရောဂါ(၂)ခု အဖြစ်များပါတယ်။ အဲဒီထဲက တစ်ခုကတော့ Osteonecrosis လို့ခေါ်တဲ့ အရိုးအပေါ် သွေးစီးဆင်းမှုမရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ အထူးသဖြင့် စတီးရွိုက်နဲ့ အကိုက်အခဲပျောက်ဆေးတွေ သုံးစွဲရာကနေ တစ်ဆင့် ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ယိုးယွင်းလာတဲ့အခြေအနေဖြစ်ပြီး အသက်အရွယ် အိုမင်းလာမှုကြောင့်ဖြစ်ပါတယ်။ တခြားသောတင်ပါးဆုံရိုးနဲ့ဆိုင်တဲ့ ပြဿနာ တွေကတော့ ကလေးမွေးစဉ်တင်ပါးဆုံးရိုးထိခိုက်မှု ၊ တင်ပါးဆုံးရိုးနေရာလွဲ မှားစေတဲ့ ထိခိုက်မှုများ ၊ တင်ပါးဆုံရိုးကျိုးခြင်း စတာတွေဖြစ်ပါတယ်။ တခြားသော အဖြစ်နည်းတဲ့ ပြဿနာများလည်းရှိပါတယ်။
တင်ပါးဆုံရိုးကင်ဆာဟာ ပုံစံ(၂)မျိုးနဲ့ဖြစ်နိုင်ပြီး တခြားအစိတ်အပိုင်းဆီ ပျံ့နှံ့သွားတဲ့ ကင်ဆာ အမျိုးအစားနဲ့ အနီးအနားရှိတစ်ရှူးများဆီ ပျံ့နှံ့သွားတဲ့ ကင်ဆာအမျိုးအစား တွေဖြစ်ပါတယ်။ အမျိုးအစားနှစ်ခုစလုံးဟာ ဖြစ်ပြီဆိုရင် ဘယ်လိုပုံစံပဲနေနေ တင်ပါးဆုံရိုးနာကျင်မှုကို အမြဲတမ်းခံစားနေရမှာဖြစ်ပြီး အရိုးအဆစ်ရောင်ခြင်းရဲ့ ဝေဒနာထက် ပိုပြီး နာကျင်ပါတယ်။ တင်ပါးဆုံရိုးကင်ဆာ ခံစားရသူတွေဟာ အသေးစားဖျားနာမှု ၊ အစာစားချင်စိတ် မရှိခြင်းနဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်း တို့ကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့်လည်း တင်ပါးဆုံရိုးရောဂါကူးစက်ခံရသူတွေအနေနဲ့ နာကျင်မှုကို ပိုမိုခံစားရကာ အပြင်းဖျားနာခြင်းလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်ပုံမှန်အားဖြင့် ဒီလို လူနာတွေမှာ အစာ စားချင်စိတ်မရှိခြင်း ၊ ကိုယ်အလေးချိန်ကျဆင်းခြင်း စတဲ့ လက္ခဏာတွေ မကြုံ တွေ့ရပါဘူး။