တကယ်လို့ သားဖွားအထူးကုဆရာဝန်က သင့်အနေနဲ့ ဂရုစိုက်မှု ပိုလိုတယ်လို့ ထင်တယ်ဆိုရင် စစ်ဆေးလုပ်ဆောင်မှုများ လုပ်ဖို့အကြံပေးမှာပါ ။ အခြေအနေပေါ်မူတည်ပြီး ပုံမှန်စစ်ဆေးမှုတွေကို ပြုလုပ်ရမှာလည်းဖြစ်ပါတယ်။
“ အန္တရာယ်ရှိတဲ့ကိုယ်ဝန်ဆောင်တွေဟာ သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီး တွေထက်ပိုပြီး ဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုတယ်ဆိုတာ ခေါင်းထဲထည့် ထားရပါမယ် … ပုံမှန်မဟုတ်တဲ့သန္ဓေသား ဖွံ့ဖြိုးမှုအတွက်စစ်ဆေးမှု ၊ ကလေးတည်နေရာတစ်ဝိုက်ကအရည်ကိုယူပြီး မျိုးရိုးဗီဇရောဂါများနဲ့ ပိုးဝင်ခြင်း အတွက် စစ်ဆေးတဲ့ ရေမြွှာရည်ဖောက်ထုတ်စစ်ဆေးမှု ၊ ဓာတ်ခွဲခန်းစစ်ဆေးမှု စသည့် အသေးစိတ်ပစ်မှတ်ထားတဲ့ စစ်ဆေးမှုများကိုလည်း လိုအပ်နိုင်ပါတယ် … ဒီဓာတ်ခွဲခန်းစစ်ဆေးမှုတွေဟာ ဖြစ်နိုင်တဲ့ ရောဂါပြဿနာတွေကို ကြိုတင် စစ်ဆေးဖို့ ၊ အချိန်မီကြိုတင်ကာကွယ်နိုင်ဖို့ နဲ့ မိခင်ရောကလေးအတွက်ပါ အန္တရာယ်ကင်းစေဖို့ ဖြစ်ပါတယ်။ ကျွန်တော်ထပ်ပြောပါမယ် . အန္တရာယ်ရှိတဲ့ကိုယ်ဝန်ဆိုတာ များများ ဂရုစိုက်မှုပိုပြီး လိုအပ်တဲ့ကိုယ်ဝန်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ… ” လို့ Dr. Dejthevapornက ပြောကြားခဲ့ပါတယ်။
စိတ်ဖိစီးမှုအရမ်းမများပါနဲ့ ။ စိုးရိမ်သောကကြောင့် သင်နဲ့ သင့်ကလေး ကျန်းမာရေးကို အထိခိုက် မခံပါနဲ့ ။ ကိုယ့်ရဲ့ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးပြီး ကျန်းမာတဲ့နည်းလမ်းများနဲ့ တည်ငြိမ်စွာ နေထိုင်ပြီး အနားယူလိုက်ပါ။
“ ပျော်စရာအကြောင်းအရာတွေ အဖြစ်အပျက်တွေ စဉ်းစားပြီး စိတ်တည်ငြိမ် အောင် လုပ်နိုင်ပါတယ် ... သီချင်းနားထောင်တာ .. ဇာတ်ကားကောင်းကောင်း ကြည့်တာ … စာအုပ်တွေဖတ်တာအပြင် ကိုယ်ဝန်ဆောင်စဉ်အတွင်း စိုးရိမ်သောကတွေကို လျှော့ချနိုင်တာမှန်သမျှ အကုန်သာလုပ်ပါ … ပျော်ပျော်ရွှင်ရွှင်နေခြင်းကတော့ အန္တရာယ်တာတွေကို ချုံ့ပစ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ …” လို့ Dr.Dejthavaporn က ပြောကြားခဲ့ပါသေးတယ်။
Photo Credit: Emery Co Photo via Compfight cc