Potty Training လို့ ခေါ်ဝေါ်ကြတဲ့ ကလေးငယ်များရူရူးအင်အင်းကိစ္စကို ကိုယ်တိုင်ပြုလုပ်နိုင်ရန် လေ့ကျင့်ပေးခြင်း ဟာ မိသားစုတစ်စုချင်းစီအလိုက် အတွေ့အကြုံမတူညီကြပါဘူး။ တချို့ကလေးတွေအတွက် ဒါဟာ အရမ်းကိုလွယ်ကူစွာနဲ့ လုပ်နိုင်ပေမယ့် တချို့အတွက် ခက်ခက်ခဲခဲကိုကြိုးစားရတဲ့ အရာတစ်ခု ဖြစ်နေတတ်ပါတယ်။ မိမိတို့ရဲ့ ရင်သွေးငယ်များအတွက် ရူရူးအင်အင်းကိုယ်တိုင်ပြုလုပ်နိုင်ရန် အလေ့အကျင့် ကို စတင်မယ့် မိဘများအနေနဲ့ အောင်မြင်သော နည်းလမ်းများဖြစ်ရုံမက စိတ်ဖိစီးကင်းစေမယ့် နည်းလမ်းကောင်းများ ကို ဆစ်မီတဝေ့ဆေးရုံကနေ လှိုက်လှဲစွာနဲ့ ကူညီမျှဝေပေးချင်ပါတယ်။
အိမ်သာသွားတတ်တဲ့အလေ့အကျင့် ကို ဘယ်အချိန်မှာ စလုပ်ရမလဲဆိုတဲ့အချက်ဟာ မိဘတွေ ရွေးချယ်မယ့် နည်းလမ်းလိုပဲ အရမ်းအရေးကြီးပါတယ်။ တချို့မိဘများဟာ ကလေးငယ်များရဲ့ Diaper အသုံးပြုမှုကို စောစောစီးစီး ရပ်လိုက်ပြီး အိမ်သာမှာ ထိုင်ပြီး ဆီးသွား ဝမ်းသွား လုပ်စေပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ကလေးငယ်ဟာ သူ့ကိုယ်သူ မထိန်းနိုင်သလို အိမ်သာခွက်က သူတို့အတွက် အရမ်းကြီးနေတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ မိဘများအနေနဲ့ လေ့ကျင့်မှုကို စောလွန်းတဲ့အချိန်မှာ ကလေးငယ် အနေနဲ့ စိုရိမ်ပူပန်မှုတွေများကာ အိမ်သာအသုံးပြုရမှာကို ကြောက်ရွံ့လာပြီး ဝမ်းချုပ်ခြင်းနဲ့ ရေရှည်ဖျားနာခြင်းများကို ခံစားရနိုင်ပါတယ်။ မိဘများအနေနဲ့ တစ်ခု သတိပြုရမှာက ကိုယ့် ကလေးကို ဖိအားမပေးမိစေဖို့ပါပဲ။ ကလေးငယ် များရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တကယ်လို့ ကလေးငယ်များ အဆင်သင့်မဖြစ်သေးခင်မှာ အိမ်သာသွားတတ်တဲ့အလေ့အကျင့် ကို စ လုပ်မယ်ဆိုရင် မျှော်မှန်းထားတဲ့ အောင်မြင်မှုရလဒ်ကို ရရှိဖို့ ပိုမိုခက်ခဲပါတယ်။
တိကျတဲ့ သတ်မှတ်ချက်ရယ်လို့ မရှိပေမယ့်လည်း အသက်(၂)နှစ်ခွဲလောက်မှာ စတင်သင့်ပါတယ်။ ကလေးငယ်များမှာ အောက်ဖော်ပြပါ အပြုအမူတွေ စတင် မြင်တွေ့ရပြီဆိုရင် အိမ်သာသွားတတ်တဲ့အလေ့အကျင့် စတင်ဖို့ အဆင်သင့်ပဲဆိုတာကို သဘောပေါက်ထားရပါမယ်။
Potty Training စတင်မယ်ဆိုရင် ကလေးငယ်များဘက်က အဆင်သင့်ဖြစ် ဖို့သာမက မိဘများအနေနဲ့လည်း ပိုမိုလွယ်ကူအဆင်ပြေအောင် လုပ်ဆောင် နိုင်မယ့် အချက်များကို လေ့လာပြင်ဆင်ထားဖို့လိုပါတယ်။
အောက်ဖော်ပြထားတဲ့အချက်များဟာ မိဘများအတွက်ရော ကလေးများ အတွက်ပါ အသုံးဝင်နိုင်တဲ့ အချက်များဖြစ်ပါတယ်။
အရေးအကြီးဆုံး (၂)ချက်ကတော့ အသက်ရှူနည်းလမ်း နဲ့ ထိုင်ပုံနည်းလမ်းဖြစ်ပါတယ်။
ကလေးငယ်အနေနဲ့ အိမ်သာအသုံးပြုနေချိန်မှာ အသက်ကို ဘယ်လိုရှူရမယ် ဆိုတာကို မိဘများအနေနဲ့ သင်ကြားပြသပေးသင့်ပါတယ်။ ကလေးငယ်အနေနဲ့ ဗိုက်ပေါ်မှာလက်ကိုတင်ပြီး ဗိုက်ဖောင်းလာတဲ့အထိ လေကို အပြည့်အဝ ရှူသွင်း ကာ ခဏ ထိန်းထားရမှာဖြစ်ပါတယ်။ အိမ်သာမှာထိုင်နေတဲ့အချိန်မှာ ကလေးငယ်ရဲ့ ဒူးနှစ်ဖက်စလုံးဟာ သူ့ရဲ့ တင်ပါးထက် ပိုမြင့်တဲ့ အနေအထားမှာ ရှိနေရပါမယ်။ ကလေးငယ်အနေနဲ့ ရှူသွင်းထားတဲ့လေများကို ပြန်လည် ရှူထုတ် ချိန်မှာ အိမ်သာကို အလွယ်တကူသွားနိုင်မှာဖြစ်ပါတယ်။
ကလေးငယ်အနေနဲ့ အိမ်သာခွက်ပေါ်ထိုင်တဲ့အခါမှာ ခြေထောက်နှစ်ဖက်ကို အောက်ကြမ်းပြင်(သို့) အထောက်အကူပြု ခုံ ပေါ်မှာ မြဲမြံစွာထားရမှာ ဖြစ်ပြီး သူတို့အရွယ်နဲ့ ကိုက်ညီအောင် လုပ်ထားတဲ့ အိမ်သာခွက်မှာ တည့်မတ် အောင် ထိုင်ရမှာဖြစ်ပါတယ်။ ထိုင်နေစဉ်အချိန်မှာ ကလေးများရဲ့ ဒူးနှစ်ဖက်ဟာ တင်ပါး ထက်မြင့်နေရမှာဖြစ်ပြီး ခန္ဓာကိုယ်ကို ရှေ့ဘက် အနည်းငယ် ကိုင်းနေတဲ့ အနေအထားမှာ ထိုင်ရမှာဖြစ်ပါတယ်။ လက်ကိုင်စရာ တစ်ခုခုရှိမယ်ဆိုရင်တော့ ကလေးငယ်ကို ယုံကြည်မှုအပြည့်နဲ့ အိမ်သာခွက်ပေါ်မှာ ထိုင်န်ိုင်စေမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ထိုင်မယ်ဆိုရင် ကလေးငယ်ရဲ့ စအို နဲ့ အူမကြီး ဟာ တိုက်ရိုက်တစ်တန်းတည်းဖြစ်ပြီး ဝမ်းသွားရာမှာ ပိုမိုလွယ်ကူအဆင်ပြေစေ မှာ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ခြေထောက်ဟာ အောက်ကြမ်းပြင်ကို မထိဘဲ တွဲလွဲကျနေမယ်ဆိုရင် ခြေထောက်တင်ဖို့ တစ်ခုခု ထားသင့်ပါတယ်။
Potty Traininng ဟာ (၂)ရက်-(၃)ရက်လောက် လုပ်ရုံနဲ့ ပြီးမသွားပါဘူး။ အောင်မြင်တဲ့ ရလဒ်ထွက်တဲ့အထိ (၁)လ ကနေ (၃) လလောက် အချိန်ယူရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ (၆) လ လောက်အထိ အချိန်ယူရတာမျိုး ရှိပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကလေးငယ်များကို ဖိအားပေးတာကို ရှောင်ရှားပြီး စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ အဲဒီအစား ကလေးငယ်ကို အားပေးတာမျိုး စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတာမျိုး ချီးမွမ်းတာမျိုး လုပ်ပေးသင့်ပါတယ်။ အိမ်သာ အသုံးပြုနေတဲ့အချိန်မှာ ကလေးငယ်အနေနဲ့ ပျော်ရွှင်ကျေနပ်နေတဲ့ အခြေအနေ ဖြစ်ရပါမယ်။ ဒါဟာ သဘာဝဖြစ်စဉ် တစ်ခုဖြစ်တာကြောင့် စိတ်ဖိစီးမှုများတဲ့ လေ့ကျင့်မှုတစ်ခုလို မဖြစ်သင့်ပါဘူး။
ကလေးငယ်များကို အသက်ရှူနည်းလမ်းနဲ့ ထိုင်ပုံထိုင်နည်းကို မှန်ကန်စွာ လေ့ကျင့်သင်ကြားတာအပြင် မိဘများအနေနဲ့ အောက်ဖော်ပြပါ အချက်များကို လည်း သတိထားရမှာဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ မိဘများအနေနဲ့ Potty Training ကို အကောင်းမြင် တဲ့စိတ်နဲ့ ချဉ်းကပ်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ကလေးကို ဖိအားပေးတာ ဆူတာ အပြစ်ပေးတာမျိုး လုံးဝမလုပ်ပါနဲ့။ Potty Training ဟာ မိဘများနဲ့ ကလေးငယ်များအတွက် ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံပဲဖြစ်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်