မိဘများအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်ရဲ့ နာတာရှည်ဝမ်းပိတ်ခြင်းရောဂါကို စစ်ဆေးဖို့ဆိုရင် ကလေးငယ်ရဲ့ ချက်အောက်ပိုင်း ဝမ်းဗိုက်ဘယ်ဘက်ခြင်း ကို လက်ချောင်းနဲ့ထိုးပြီး အစိုင်အခဲ ရှိ မရှိ စမ်းသပ်ရပါမယ်။ အဲလို လက်ချောင်းနဲ့ ဖိလိုက်တဲ့အချိန်မှာ ရှည်လျားပြီး ဝက်အူချောင်းပုံသဏ္ဍာန် ရှိတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခု ရွေ့လျားသွားတာကို စမ်းမိပါလိမ့်မယ်။ တကယ်လို့ မိဘများအနေနဲ့ အဲဒီနေရာတစ်ဝိုက်ကို ဖြေးဖြေးချင်း ဖိလိုက်ပေမယ့် ကိုယ်တွင်းအစိတ်အပိုင်းကို မစမ်းမိဘူးဆိုရင် ကလေးငယ်ကို ပက်လက်လှန်ပြီး ဗိုက်ဖောင်းလာအောင် အသက်ရှူသွင်းခိုင်းပါ။ ခန္ဓာကိုယ် ပိုမိုသေးငယ်တဲ့ ကလေးငယ်တွေဟာ ခန္ဓာကိုယ်အရွယ်အစားကြီးမားတဲ့ ကလေးငယ်များထက်စာရင် ပိုမိုအလွယ်တကူ စမ်းမိနိုင်ပါတယ်။
တကယ်လို့ ကလေးငယ်ဟာ ဗိုက်အောင့်ခြင်း ၊ အကြောင်းအရင်းမရှိဘဲ မအီမသာ ခံစားရခြင်း ၊ လေပွခြင်းနှင့်အစာမကြေခြင်း၊ ဝမ်း(မစင်)မှာသွေးပါ ခြင်း စတဲ့ လက္ခဏာတစ်ချက်ချက်ကိုခံစားရတယ်ဆိုရင် အစာအိမ်နဲ့အူလမ်းကြောင်း စစ်ဆေးမှုကို လုပ်ဆောင်သင့်ပါတယ်။ အဲဒီလိုစစ်ဆေးမှုမှာ -
- ကလေးငယ်ရဲ့ကျန်းမာရေးရာဇဝင်ကိုစစ်ဆေးခြင်း
- ဝမ်း(မစင်)စစ်ဆေးခြင်း
- ဒစ်ဂျစ်နယ်နည်းဖြင့်စအိုကိုစစ်ဆေးခြင်း
တကယ်လို့ ဆရာဝန်က မသင်္ကာစရာ တစ်ခုခုကိုတွေ့ရှိရတယ်ဆိုရင် ကလေးငယ်ကို မှန်ပြောင်းကြည့်စစ်ဆေးဖို့ အကြံပြုမှာဖြစ်ပါတယ်။ ၎င်း နည်းလမ်းဟာ အစွန်းတစ်ဖက်မှာ ကင်မရာတပ်ဆင်ထားပြီး ရှည်လျားတဲ့ Tube ကို ကလေးငယ်ရဲ့ စအို (သို့) ပါးစပ် ကနေတစ်ဆင့် အစာခြေလမ်းကြောင်း ထဲကိုထည့်သွင်းပြီးစစ်ဆေးတာဖြစ်ပါတယ်။ မှန်ပြောင်းစစ်ဆေးရာမှာ အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်း စစ်ဆေးခြင်း (Upper GI Endoscopies) နဲ့ အစာအိမ်နှင့်အူလမ်းကြောင်း အောက်ပိုင်းစစ်ဆေးခြင်း (Lower GI Endoscopies) ဆိုပြီး (၂)မျိုး ရှိပါတယ်။ ပထမတစ်မျိုးဟာ အစာမျိုပြွှန် ၊ အစာအိမ် ၊ အူ စတာတွေကို စစ်ဆေးတာဖြစ်ပြီး ခန့်မှန်းအားဖြင့် (၁၀)မိနစ်လောက်သာ ကြာမြင့်ပါတယ်။ Lower GI Endoscopies ကတော့ အူသိမ်နှင့်အူမကြီးဆုံရာနေရာ(Caecum) ၊ အူမကြီး ၊ အူတစ်ခုလုံးနဲ့ စအိုကိုစစ်ဆေးရာမှာအသုံးပြုပြီး ပျမ်းမျှအားဖြင့် မိနစ် (၃၀) မှ (၆၀) ခန့် ကြာမြင့်ပါတယ်။ တခြားနည်းလမ်းအနေနဲ့ ဆေးတောင့်ပုံကင်မရာ(Video Capsule) အသုံးပြုတဲ့ အူမကြီးမှန်ပြောင်းကြည့်ခြင်း နည်းလမ်းနဲ့ ဝမ်းဗိုက်ထဲကို စစ်ဆေးပါတယ်။ အဲဒီနည်းလမ်းဟာ (၈)နာရီကနေ (၁၂)နာရီခန့် ကြာမြင့်တတ်ပြီး အစာချေစနစ် တစ်ခုလုံးရဲ့ ရောဂါဗေဒဆိုင်ရာ ပုံရိပ်တစ်ခုကို ထုတ်ပေးနိုင်ပါတယ်။
အဲဒီနည်းလမ်းနဲ့စစ်ဆေးရာမှာ စိတ်ငြိမ်ဆေး(သို့) မေ့ဆေး(သို့) စိုးရိမ်မှုနဲ့ နာကျင်မှုကိုလျော့ပါးစေတဲ့ဆေး ပေးထားတဲ့ လူနာကလေးငယ်များရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင်စစ်ဆေးနိုင်ဖို့အတွက် သေချာသတိထား ကိုယ်တွယ်ရပါတယ်။ ကံကောင်းစွာနဲ့ပဲ အဆိုပါနည်းလမ်းများဟာ ဝမ်းဗိုက်နဲ့ ဆိုင်တဲ့ရောဂါပြဿနာများကို ရှာဖွေစစ်ဆေးရာမှာ မြင့်မားတဲ့ထိရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။
ကလေးငယ်များရဲ့ ဝမ်းသွားခြင်းနဲ့ဆိုင်တဲ့ ပြဿနာများဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်သည်အထိဖြစ်စေတာကြောင့် ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။ ကလေးငယ်မှာ ဗိုက်အောင့်ခြင်း ၊ အစာမကျေခြင်း ၊ လေပွခြင်း ၊ နာတာရှည်ဝမ်းချုပ်ခြင်း၊ ဝမ်း(မစင်)မှာသွေးပါခြင်း ၊ တရစပ်ငိုခြင်း ၊ အော့အန်ခြင်း ၊ အိပ်မပျော်ခြင်း စတဲ့ လက္ခဏာတစ်ခုခုကြုံလာပြီဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အကြံပြုပါတယ်။ ဒီလိုအခြေအနေတွေမှာ ဆရာဝန်ထောက်ခံချက်မပါဘဲ ကိုယ့်သဘောနဲ့ ကိုယ် ကောင်းမယ်ထင်တဲ့ဆေးများ တိုက်ခြင်းဟာ အန္တရာယ်ရှိပါတယ်။ ဆရာဝန်နဲ့ ပြသတိုင်ပင်ခြင်းဟာ သင့်ကလေးငယ်ကို အကောင်းဆုံးရောဂါရှာဖွေမှုနဲ့ တိကျတဲ့ ကုသမှုများကို ပေးစွမ်းနိုင်တယ်ဆိုတာကို မိဘများအနေနဲ့ အမြဲ သိရှိနေဖို့က အရေးကြီးပါတယ်။
ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများကို ပိုမိုသိရှိလိုပါက ကလေးအစာအိမ် အူလမ်းကြောင်းနှင့်အသည်းကုသမှုစင်တာ ကလေးအစာအိမ် နှင့် အူလမ်းကြောင်း ကုသရေးစင်တာ
သင့်ကလေးငယ်မှာခံစားနေရတဲ့ ဗိုက်အောင့်ခြင်း ၊ လေပွခြင်း ၊ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာများကို ဗီဒီယိုကောလ်ကနေတစ်ဆင့် ကလေးအထူးကုဆရာဝန်များ နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ အသေးစိတ်မေးမြန်းရန် ဒီနေရာမှာကလစ်နှိပ်ပါ။
