Capsule Endoscopy ဟာ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါရှာဖွေစစ်ဆေးဖို့ အတွက် ပါးစပ် (သို့ ) စအိုကနေ ထည့်သွင်းမှုမလိုအပ်တဲ့ ရွေးချယ်စရာ နည်းလမ်း တစ်ခုဖြစ်ပါတယ်။
- တချို့သောကလေးငယ်များဟာ မှန်ပြောင်းကြည့်ရမှာကို ကြောက်ရွံ့တာမျိုး (သို့) မှန်ပြောင်းကြည့်လို့မရတာမျိုး ရှိတတ်ပါတယ်။ ဆေးတောင့်မျိုချနိုင်တဲ့ ကလေးငယ်များအတွက် Capsule Endoscopy ဟာ အရွယ်အစား 1.1 cm x 2.5 cm မျှသာရှိတဲ့ ဆေးတောင့်ပုံစံ ကိရိယာကို မျိုချရတဲ့ တခြားသောလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဆေးတောင့်မျိုချနိုင်တဲ့ အသက် (၄)နှစ်-(၅)နှစ် အထက် ကလေးငယ်တွေမှာ အသုံးပြုပါတယ်။ အဆိုပါ ဆေးတောင့်ပုံစံကိရိယာ (Capsule )ကို မျိုချပြီး ဝမ်း(မစင်) ကနေတစ်ဆင့် ပြန်လည်စွန့်ထုတ်တာဖြစ်ပါတယ်။
- ဒီနည်းလမ်းဟာ Jejunum ခေါ် အူသိမ်အလယ်ပိုင်းနေရာရှိ အနာများကို ရှာဖွေစစ်ဆေးခြင်း (သို့) အကြောင်းအရင်းမရှိဖြူဖပ်ဖြူရော်ဖြစ်ခြင်း များကို စစ်ဆေးခြင်း မှာ အသုံးပြုပါတယ်။
- Capsule Endoscopy ရဲ့ ကန့်သတ်ချက်တစ်ခုကတော့ ရှာဖွေကုသဖို့ အတွက် အသားစယူခြင်းကို မလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ အနာ တစ်ခုခုတွေ့ရတယ်ဆိုရင် အသားစယူခြင်း (သို့) ကုသမှုအတွက် အူသိမ်မှန်ပြောင်းကြည့်ခြင်းကို နောက်တစ်နေ့မှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
- ဒီနည်းလမ်းအတွက် ပြင်ဆင်ရမယ့်အချက်များဟာလည်း အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရာမှာ ပြင်ဆင်ရတဲ့အချက်များနဲ့ အတူတူ ပဲဖြစ်ပါတယ်။
မှတ်ချက် - Capsule ဟာ အူထဲမှာကပ်ကျန်ခဲ့ခြင်း (Capsule Retention) ဖြစ်စေတာကြောင့် အူပိတ်ခြင်းဖြစ်ပေါ်မှုဟာ Capsule Endoscopy ရဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။