အာရုံစူးစိုက်မှုအားမကောင်းခြင်းဟာ ခေါင်း ထိခိုက်မှုအပြီးမှာ ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာ တစ်ခုပဲဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက်ဟာ အာရုံစူးစိုက်မှု အားမကောင်းခြင်းကို ခံစားနေရပြီဆိုရင် တီဗီကြည့်ခြင်း၊ ကွန်ပျူတာဂိမ်း ကစားခြင်း၊ စကားအကြာကြီး ပြောခြင်း လိုမျိုး ပုံမှန်အလွယ်တကူလုပ်လို့ရတဲ့ ကိစ္စများမှာ ဦးနှောက်ဟာ ပိုပြီး အလုပ် လုပ်ရပါတယ်။ အာရုံစူးစိုက်မှု အားမကောင်းခြင်းဟာ ကလေး ငယ်ရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ စွမ်းအားပမာဏ စတာတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါဟာ အပြုအမူဆိုင်ရာပြဿနာများ၊ စိတ်အပြောင်းအလဲ နဲ့ ပညာသင်ယူမှုဆိုင်ရာ အခက်အခက်တွေ ဖြစ်စေပါတယ်။
အာရုံစူးစိုက်မှုအားမကောင်းခြင်းရဲ့လက္ခဏာများ
- စဉ်းစားတဲ့အချိန်၊ နားလည်သဘောပေါက်တဲ့အချိန် နဲ့ မေးခွန်း(သို့) အမိန့်ပေးတဲ့အချိန်များမှာ နှေးကွေးခြင်း
- ပြဿနာများကိုအာရုံစိုက်ခြင်း
- မှတ်မိဖို့အခက်အခဲဖြစ်ခြင်း
- စကားလုံးများကိုမှန်ကန်စွာပြောဆိုဖို့အတွက်စဉ်းစားရခက်ခြင်း
- ပုံမှန်ထက်ပိုပြီးလိုချင်တပ်မက်ခြင်း(သို့)မတင်းတိမ်နိုင်ခြင်း
- ကြောက်ရွံ့စိတ်နဲ့ စိုးရိမ်ပူပန်စိတ်မြင့်မားလာခြင်း
- အိပ်စက်မှုပုံစံပြောင်းလဲခြင်း
- စိတ်ပြောင်းလဲခြင်းနဲ့ ဒေါသထွက်ခြင်း
- တကယ်လို့ ကလေးငယ်ဟာ သိမြင်မှုဆိုင်ရာစွမ်းရည်(သို့) အပြုအမူဟာ ပုံမှန်မဟုတ်ဘူး (သို့) ပိုဆိုးလာမယ်ဆိုရင် ဆေးရုံကို အမြန်သွားသင့်ပါ တယ်။
အာရုံစူးစိုက်မှုအားမကောင်းခြင်းကိုခံစားနေရတဲ့ ကလေးငယ်များဟာ ဦးနှောက်ရော ခန္ဓာကိုယ်ပါ အပြည့်အဝအနားယူသင့်ပါတယ်။ တီဗီကြည့်ခြင်း၊ ဖုန်းနဲ့ဂိမ်းကစား တာမျိုးတောင်မလုပ်သင့်ပါဘူး။ အဲဒီနောက် ပိုပြီးစဉ်းစား တွေးခေါ်ဖို့ အချိန် တစ်ခုလိုအပ်တဲ့ တခြားသောလုပ်ဆောင်မှုများ(သို့) စာဖတ်ခြင်းများကို တဖြည်းဖြည်းလုပ်ဆောင်စေသင့်ပါတယ်။