လိင်တံထိပ်ဖုံးအုပ်နေတဲ့အရေပြားခွဲစိတ်ဖြတ်ထုတ်ခြင်းကို လိင်တံထိပ်အရေပြားဖြတ်ခြင်းလို့ ခေါ်ပါတယ်။
တကယ်လို့ လိင်တံထိပ်အရေပြားမဖြတ်ထားဘူးဆိုရင် လိင်တံအရေပြားကနေ Segma ခေါ် အညစ်အကြေးများကွာကျခြင်းကြောင့် ဘက်တီးရီးယားများစုပုံခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ်တတ်ပါတယ်။ လိင်တံအရေပြားဖြတ်မယ်ဆိုရင် အောက်ဖော်ပြပါ ကောင်းကျိုးတွေရရှိမှာဖြစ်ပါ တယ်။
ဒါပေမယ့် ဒီပြဿနာတွေဟာ လိင်တံထိပ်အရေပြားကိုမဖြတ်ဘဲ ကိုယ်တိုင်ဂရုတစိုက် သန့်ရှင်းရေးလုပ်ရုံနဲ့လည်း ဖြေရှင်းနိုင်ပါတယ်။
လိင်တံထိပ်အရေပြားဖြတ်ထုတ်ခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာ အနည်းငယ်သာရှိပြီး အောက်ပါလက္ခဏာတချို့ကို ခံစားရနိုင်ပါတယ်။
လိင်တံထိပ်အရေပြားဟာ ပုံမှန်အတိုင်း နောက်ကို ဆွဲလှန်နိုင်ပြီဆိုရင် အောက်ပါ အချက်တွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ဆစ်မီတဝေ့ကလေးဆေးရုံ ဟာ ကလေးခွဲစိတ်အထူးကုဆရာဝန်များအတွက် နောက်ဆုံးပေါ် နည်းပညာ နဲ့ စက်ကိရိယာများ အသုံးပြုထားပြီး အရည်အသွေးပြည့်ဝတဲ့ ခွဲစိတ်ဆရာဝန် များဟာလည်း အဓိက ခွဲစိတ်ကုသမှုများအားလုံးမှာ အတွေ့အကြုံရှိသူများ ဖြစ်ပါတယ်။
ဆစ်မီတဝေ့ကလေးဆေးရုံမှာရှိတဲ့ မွေးကင်းစကလေးငယ်နှင့်ကလေးခွဲစိတ် အထူးကုစင်တာ (The Newborn and Pediatric Surgery Center) ဟာ ကလေးငယ်များရဲ့ ခွဲစိတ်ကုသမှုအမျိုးမျိုးကို ကုသပေးလျက်ရှိပြီး မွေးရာပါ အပြင် မွေးဖွားအပြီးမှဖြစ်ပွားတဲ့ အထူးအသေးစိတ် ကုသမှုများလိုအပ်တဲ့ ကလေးရောဂါများအတွက်လည်း ခွဲစိတ်ကုသပေးနေတာဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးများအားလုံးဟာ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များရရှိထားပြီး ကလေးခွဲစိတ်ကုသမှုဆိုင်ရာ လေ့ကျင့် မှုများကိုလည်း လုပ်ဆောင်ဖူးသူတွေဖြစ်ပါတယ်။ ကလေးခွဲစိတ်အထူးကုဆရာဝန် များဟာ မွေးကင်းစ ကနေစလို့ လူငယ်ပိုင်းရောက်တဲ့အချိန်အထိ လူနာများအားလုံးအတွက် ကုသမှု၊ ရောဂါရှာဖွေမှု၊ စောင့်ရှောက်မှုများကို တိတိကျကျ လုပ်ဆောင်ပေးနိုင်ကြသူများဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Doernbecher Children’s Hospital နဲ့ တွဲဖက်လုပ်ဆောင်မှုကြောင့်လည်း ဆစ်မီတဝေ့ဆေးရုံရှိ ကလေးခွဲစိတ်အထူးကုဆရာဝန်များဟာ ကလေးငယ်များ အတွက် စိတ်ချရတဲ့ ကုသမှုများကို ပိုမိုလုပ်ဆောင်နိုင်လာကြပြီဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ မိတ်ဆက်ဆေးရုံဖြစ်တဲ့ Doernbecher Children’s Hospital
အကြောင်း ပိုမိုသိရှိလိုရင် ဒီနေရာကိုကလစ်နှိပ်ပါ။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်