ကလေးတွေမှာ သွေးပေါင်ချိန်တွေ မြင့်နေတာဟာ အလွန်စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အခုတလော အဝလွန်တဲ့ကလေးတွေ သိသိသာသာ များလာတာနဲ့အမျှ ကလေးတွေကြားမှာ သွေးတိုးရောဂါ ဖြစ်လာတာတွေလည်း အများကြီးတွေ့လာရပါတယ်။ ရိုးရိုးကလေးတွေထက် အဝလွန်တဲ့ကလေးတွေမှာ သွေးတိုးနိုင်တဲ့ အန္တရာယ်ဟာ ၁၀.၆ဆ အထိ ပိုများလာနိုင်ပါတယ်။ ကလေးတွေမှာ သွေးပေါင်ချိန်တွေ မြင့်နေတာတာ အထူးအဆန်းမဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် မိဘတွေကြားမှာတော့ ခုမှသာ ဒီကိစ္စဟာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်တယ်ဆိုတာကို သတိထားမိလာကြတာဖြစ်ပါတယ်။
ကမ္ဘာတစ်လွှားရှိ အဝလွန်ကလေးများ
ကလေးအထူးကုဂျာနယ်မှာ အဲရစ်အယ်လ်ချောင်ရဲ့ ၂၀၁၇ခုနှစ် လေ့လာမှု စာရင်းဇယားတွေအရ မြောက်အမေရိက၊ ဥရောပနှင့်တောင်အမေရိကတွင် ၃၉ မှ ၄၃ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန် မြင့်တက်နေကြပြီး ၎င်းတို့အနက် ကလေး ၂၁ မှ ၂၃ ရာခိုင်နှုန်းနဲ့ အာရှကလေး ၁၀ ရာခိုင်နှုန်းခန့်သည် အဝလွန်ခြင်းကိုခံစားခဲ့ရကြောင်း တွေ့ရှိရတယ် လို့ ဖော်ပြခဲ့ပါတယ်။
လူတစ်ယောက် ကိုယ်အလေးချိန်တိုးလာတာနဲ့အမျှ သွေးတိုးဖြစ်နိုင်ချေလည်း တိုးမြင့်လာတယ်လို့ လေ့လာမှုများက ဆိုပါတယ်။ အင်ဆူလင်ကို ခံနိုင်ရည်အား၊ အဆီတစ်သျှူးထဲမှာရှိတဲ့ leptin ဟိုမုန်းများအစရှိတဲ့ ဖရီးရာဒီကယ် လို့ခေါ်တဲ့ ဆလ်ဖျက်အက်တမ်များ စ တာတွေနဲ့ ဆိုင်ပါတယ်။ ဒါတွေအပြင် ကိုယ်ခန္ဓာထဲမှာ ဆိုဒီယမ် နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တဲ့ aldosterone ဟိုမုန်းနဲ့လည်းဆိုင်တယ်လို့ ပါမောက္ခ Wakoko Kawarazaki က ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ လေ့လာမှုတွေအရ အဝလွန်တဲ့ကလေးတွေမှာ ဒီဟိုမုန်းကို ပုံမှန် မထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။ အဝလွန်ခြင်းဟာ ကျောက်ကပ်ရဲ့ ဆိုဒီယမ် စွန့်ထုတ်ခြင်း နဲ့ ထိန်းညှိခြင်းအပေါ်မှာလည်း သက်ရောက်မှုရှိကြောင်း ပါမောက္ခကြီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သွေးတိုးကြောင့် ကလေးများမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်များ
တတိယအဆင့်စောင့်ရှောက်မှုစင်တာမှာပြုလုပ်တဲ့ လေ့လာမှုများအရ ကလေးသွေးတိုးရောဂါဟာ များသောအားဖြင့် ဖြစ်တဲ့အကြောင်းရင်းကို ရှာဖွေ ဖော်ထုတ်နိုင်တာကြောင့် ဒီလိုဖြစ်နေတဲ့ကလေးတွေကို သေသေချာချာ ထပ်မံစစ်ဆေး ကြည့်ဖို့ လိုအပ်ပါတယ်။
၁။ အောက်ပါအခြေအနေမျိုး မှတ်တမ်းရှိတဲ့ ၃ နှစ်အောက်ကလေးငယ်များမှာ ဖြစ်နိုင်ချေ များပါတယ်။
၂။ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်သော ၃ နှစ်အထက်ကလေးများ
သွေးတိုးတာကို ကုသတဲ့နေရာမှာ ဖြစ်တဲ့ရောဂါအပေါ်မှာ မူတည်ပြီး တစ်ယောက်ချင်းစီအတွက် ဆေးနဲ့ရော အခြား ဆေးမပါတဲ့ ကုထုံးတွေပါ အမျိုးမျိုးရှိပါတယ်။ ကျောက်ကပ်၊ ဟိုမုန်းဆိုင်ရာရောဂါများ၊ နှလုံးရောဂါ စသည်တို့ ရှိမရှိ အရင်စစ်ဆေးရပါမယ်။ အဲဒီရောဂါတွေမှ မရှိဘူးဆိုရင် မိသားစုထဲမှာ အလားတူရောဂါမျိုး မှတ်တမ်းရှိ မရှိ နဲ့ အခြား ဖြစ်နိုင်ချေတွေကို ဆွေးနွေးပေးရပါမယ်။ သွေးတိုးရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်အတွက် အောက်ပါလူနေမှုပုံစံ များနှင့် နေထိုင်ဖို့ အကြံပြုပါတယ်။
ဆီးချိုရောဂါ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရတဲ့ ကလေးတွေအတွက်ကတော့ သွေးပေါင်ချိန်မည်မျှပင်ရှိပါစေ ဆေးတွေကို မှန်မှန်ကန်ကန် တိုက်ကြဖို့လည်း ထပ်လောင်း တိုက်တွန်းလိုက်ရပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်