အဲဒီကျောပိုးအိတ်ကြီးတွေကို တစ်နေ့လုံး လွယ်မထားရတာပဲ ကျေးဇူးတင်ရအုန်းမယ်။ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို အနည်းနဲ့အများ ထိခိုက်ပါတယ်။ အရမ်းလေးတဲ့ ဝိတ်ကြီးတွေကြောင့် ခါးကုန်းတာတို့ ခါးကောက်ကောက်ကြီး ဖြစ်သွားတာတို့ စတာတွေဟာ အစကတည်းက ဒီလိုချွတ်ယွင်းမှုမျိုးမရှိတဲ့ ကလေးဆိုရင်တောင် အချိန်အတိုင်းအတာ တစ်ခုအထိ ဒီဝေဒနာကို ခံစားနေရမှာပါပဲ။ ဆိုလိုတာက ကလေးမှာ ဒီ ချွတ်ယွင်းချက်ကလေး အစကတည်းက ရှိနေမယ်၊ မိဘကလည်း သတိမထားမိဘဲ အိတ်အလေးကြီးကို နေ့စဉ်ပေးလွယ်မယ်ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ခါးရိုးကောက်တာတို့၊ ခါးကုန်းဖြစ်သွားတာတို့၊ ကွေးကွေးကြီးဖြစ်နေတာတို့ စတာတွေဟာ ဒီအိတ်အလေးကြီးကြောင့် ပိုဆိုးသွားတော့မှာပေါ့။
ဒီကနေ့မှာတော့ ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် ကိုယ့်ပစ္စည်း ကိုယ့်ဟာကိုယ် သယ် ဆိုပြီး ၀န်နဲ့အား မမျှဘဲနဲ့တော့ ပစ်မထားသင့်ပါဘူး။ ဒါလေးကို ဂရုတစိုက်နဲ့ အလေးထားစေချင်ပါတယ်။ တစ်ချို့မိဘတွေဟာ သားသမီးတွေ နေ့စဉ်လွယ်နေရတဲ့ ကျောပိုးအိတ်ဟာ ဘယ်လောက်လေးသလဲဆိုတာ သိ ကို မသိ ကြတာပါ။ ကလေးက ခါးနာတယ် ပြောလာရင်တောင် ကျောပိုးအိတ်ကြောင့်လို့ မထင်ကြပါဘူး။ တစ်ချို့ကလည်း ဂရုမစိုက်တာ၊ တစ်ချို့ကတော့ လုံးဝကို မသိတာပါ။