လက်ရှိ ကမ္ဘာပေါ်မှာ COVID-19 ရောဂါပိုးဟာ ကျန်းမာရေး၊ စီးပွားရေး၊ လူနေမှုဘဝ စသည်တို့ကို ပြောစရာမရှိလောက်အောင်ပင် ပျက်စီးဆုတ်ယုတ်စေတာကြောင့် လူအများစုဟာ ဒီရောဂါကာကွယ်ဆေးကို အတတ်နိုင်ဆုံး စောစောစီးစီး ထိုးနှံခွင့်ရရှိဖို့ စိတ်အားထက်သန်နေကြပါတယ်။ တစ်ဖက်မှာလည်း တခြားသော ဖျားနာခြင်းများ အတွက် ထိုးနှံနိုင်တဲ့ ကာကွယ်ဆေးတချို့ကို လမ်းညွှန်အကြံပြုချင်ပါ တယ်။
ထိုင်းနိုင်ငံရဲ့ ကူးစက်ရောဂါကာကွယ်မှုအဖွဲ့(Infectious Disease Society of Thailand) နဲ့ ကလေးသူငယ်ကူးစက်ရောဂါကာကွယ်မှု အဖွဲ့ (Pediatric Infectious Disease Society of Thailand) များရဲ့ လမ်းညွှန်ချက်အရ -“လူတိုင်းအနေနဲ့ အတတ်နိုင်ဆုံး မိမိတို့ရဲ့ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များအတိုင်း ထိုးနှံသင့်ပါတယ်။ တကယ်လို့ ကာကွယ်ဆေးထိုးနှံခြင်းကို ရွှေ့လိုက်မယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ပိုလီယို၊ တုပ်ကွေး စတဲ့ရောဂါတွေ တစ်ဖန်ပြန်လည်ဖြစ်ပွားလာနိုင်ပါတယ်။ ”လို့ဆိုပါတယ်။ကိုဗစ်ကာလအတွင်းမှာ ထိုးနှံသင့်တဲ့ ကာကွယ်ဆေးများကိုလည်း ထုတ်ပြန်လမ်းညွှန်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ရောဂါပြဿနာများဟာလည်း လက်ရှိ Covid-19 ကြောင့် အခက်အခဲများစွာရှိနေတဲ့ လူထုကျန်းမာရေး စနစ်ကို ဝန်ပိစေခဲ့ပါတယ်။ ဒါကြောင့် လူငယ်များ ၊ အထူးသဖြင့် ရောဂါအခံရှိတဲ့ ကလေးသူငယ်များ၊ ကိုယ်ခံအား နည်းတဲ့ သက်ကြီးရွယ်အိုများ ဟာ မိမိတို့ရဲ့ အစီအစဉ်အလိုက် ကာကွယ်ဆေးများကို ထိုးနှံထားသင့်ပါတယ်။
ဒါပေမယ့်လည်း လူတစ်ယောက်ဟာ ကာကွယ်ဆေးထိုးဖို့ ဆေးရုံကိုသွားပြီဆိုတာနဲ့ လမ်းမှာသော်လည်းကောင်း၊ ဆေးရုံမှာသော်လည်းကောင်း COVID-19 ရောဂါ ကူးစက်ခံရနိုင်ခြေရှိပြီး ကာကွယ်ဆေးထိုးဖို့ ရွှေ့ဆိုင်းလိုက်ရတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကလေးငယ်များအတွက်ထိုးရတဲ့ အားဆေးများကိုလည်း (၁)ပတ်ကနေ (၁)လကြား ရွှေ့ဆိုင်းနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်ထိုးရမယ့် ကာကွယ်ဆေးနောက်ကျခြင်း အချိန်ကာလဟာ တိုတောင်းနိုင်သမျှ တိုတောင်းဖို့ လိုပါတယ်။
WHO၊ The Infectious Disease Society of Thailand ၊ The Pediatric Infectious Disease Society of Thanland စတဲ့ အဖွဲ့အစည်းများအားလုံးဟာ အောက်ဖော်ပြပါ ကာကွယ်ဆေးများကို လုံးဝမထိုးဘဲမနေဖို့ တစ်ညီတစ်ညွတ်တည်း အကြံပြုထားကြ ပါတယ်။
၁။ ခွေးရူးပြန်ရောဂါ(Rabies)၊ မေးခိုင်ရောဂါ(Tetanus)၊ ဝက်သက်ရောဂါ (Measles)၊ ရေကျောက်(Chickenpox)၊ အသည်းရောင်အသားဝါဘီ စတဲ့ ကူးစက်နိုင်တဲ့ရောဂါများအတွက်ကာကွယ်ဆေးများ။ ဥပမာ- လူတစ်ယောက်ဟာ အကောင်အကိုက်ခံရပြီး ဆေးမထိုးလိုက်ဘူးဆိုရင် ဒါဟာ အသက်ဆုံးရှုံးနိုင်သည် အထိ ရောဂါပိုးကူးစက်ခြင်း ဖြစ်သွားနိုင်ပါတယ်။
၂ ။ မွေးကာစမှာ ထိုးနှံဖို့လမ်းညွှန်ထားတဲ့ တီဘီကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး(ပထမအကြိမ်) အပါအဝင် မွေးကင်းစကလေးငယ်များအတွက်ကာကွယ်ဆေးများ ။ ကလေးငယ်များရဲ့ ကိုယ်ခံအားစနစ်ဟာ အပြည့်အဝ တိုးတက်ခြင်းမရှိသေးခင်မှာ အိမ်ကိုပြန်လာ မယ်ဆိုရင် သူတို့အတွက် ရောဂါပိုးဝင်ရောက်နိုင်ခြေများပါတယ်။
၃။ နမိုနီကယ်ကာကွယ်ဆေး ၊ တုပ်ကွေးကာကွယ်ဆေး စတဲ့ လူငယ်များအတွက် ကာကွယ်ဆေးများကို ရောဂါကာကွယ်ဖို့အတွက်သော်လည်းကောင်း၊ ပြင်းထန်တဲ့ လက္ခဏာများမကြီးထွားလာစေရေးအတွက်သော်လည်းကောင်း ထိုးနှံထားဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့် ဒီလိုကာကွယ်ဆေးတွေ ထိုးနှံထားဖို့ အရေးကြီးတယ်ဆိုတာကို အောက်မှာ ရှင်းပြပေးထားပါတယ်။
နမိုကိုကယ်နဲ့ တုပ်ကွေးရောဂါကာကွယ်ဆေးနှစ်မျိုးစလုံးဟာ လူငယ်များ အသုံးပြုဖို့အတွက် လုံးဝစိတ်ချရပြီး အရင်ကတည်းကလည်း ကမ္ဘာပေါ်မှာ အသုံးပြုခဲ့ကြပြီးဖြစ်ပါတယ်။ ဖြစ်တတ်တဲ့နောက်ဆက်တွဲပြဿနာများကတော့ နာကျင်ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း၊ ဆေးထိုးတဲ့နေရာမှာအနီဖုထခြင်း တို့ဖြစ်ပြီး တစ်ခါတစ်ရံ အနည်းငယ်ဖျားနာခြင်းနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ ဒီကာကွယ်ဆေးတွေရဲ့ ပါဝင်ပစ္စည်းများနဲ့ ဓာတ်မတည့်တဲ့လူနာများအတွက်သာလျှင် သင့်တော်မှုမရှိတာ ဖြစ်ပါတယ်။
နမိုးနီးယားနဲ့ တုပ်ကွေးရောဂါဖြစ်နိုင်ခြေရှိသူများ၊ COVID-19 ရောဂါပိုးကူးစက်နိုင်ခြေ များသည့် အောက်ပါအခြေအနေရှိသူများ ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်