Mordena ကာကွယ်ဆေးဟာ ဆေးပညာအခေါ် mRNA-1273 လို့လည်း ခေါ်ဆိုပြီး ဆေးဘက်ဆိုင်ရာရောဂါကာကွယ်မှု နယ်ပယ်မှာ နောက်ဆုံးပေါ် နည်းပညာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီကာကွယ်ဆေးအမျိုးအစားဟာ ပရိုတိန်းအခြေခံကာကွယ်ဆေး(Protein-Based Vaccines)၊ ဘတ်တီးရီးယား/ ဗိုင်းရပ်စ်/ပိုးမွှားများဖြင့်ဖော်စပ်ထားသည့်ကာကွယ်ဆေး(Inactivated Vaccines)၊ အထူးပြုလုပ်ထားတဲ့ဗိုင်းရပ်စ်ဖြင့်ဖော်စပ်ထားသည့်ကာကွယ်ဆေး (Viral Vector Vaccines) များနဲ့မတူပါဘူး။ ဒီကာကွယ်ဆေးကို အမေရိကန်နိုင် ငံမှာရှိတဲ့ ModernaTX Inc ကုမ္ပဏီကထုတ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ ပေါ်မှာ ထိရောက်မှုအရှိဆုံး Covid-19 ကာကွယ်ဆေးအဖြစ် သတ်မှတ်ထား ကြပါတယ်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးအဖွဲ့(FDA) မှ Moderna ကာကွယ်ဆေး ကို မှတ်ပုံတင်မှု ပြုလုပ်တာနဲ့တစ်ပြိုင်နက် ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့မှာ အသိအမှတ်ပြုခံခဲ့ရကာ ၎င်း မှတ်ပုံတင်ဟာ ၂၀၂၂ ခုနှစ် မေလ(၁၂)ရက်နေ့ အထိ အကျုံးဝင်ပါတယ်။ ဒီကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းလုံခြုံမှု အပေါ်လည်း မေးခွန်းပေါင်းများစွာရှိခဲ့ပါတယ်။ Moderna ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘာတွေမေးခွန်းထုတ်စရာရှိလဲဆိုတာကို ကြည့်ကြရအောင်ပါ။
Mordena ကာကွယ်ဆေးဟာ ဆေးပညာအခေါ် mRNA-1273 လို့လည်း ခေါ်ဆိုပြီး ဆေးဘက်ဆိုင်ရာရောဂါကာကွယ်မှု နယ်ပယ်မှာ နောက်ဆုံးပေါ် နည်းပညာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီကာကွယ်ဆေးအမျိုးအစားဟာ ပရိုတိန်းအခြေခံကာကွယ်ဆေး(Protein-Based Vaccines)၊ ဘတ်တီးရီးယား/ ဗိုင်းရပ်စ်/ပိုးမွှားများဖြင့်ဖော်စပ်ထားသည့်ကာကွယ်ဆေး(Inactivated Vaccines)၊ အထူးပြုလုပ်ထားတဲ့ဗိုင်းရပ်စ်ဖြင့်ဖော်စပ်ထားသည့်ကာကွယ်ဆေး (Viral Vector Vaccines) များနဲ့မတူပါဘူး။ ဒီကာကွယ်ဆေးကို အမေရိကန်နိုင် ငံမှာရှိတဲ့ ModernaTX Inc ကုမ္ပဏီကထုတ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ ပေါ်မှာ ထိရောက်မှုအရှိဆုံး Covid-19 ကာကွယ်ဆေးအဖြစ် သတ်မှတ်ထား ကြပါတယ်။
Moderna ကာကွယ်ဆေးဟာ Covid-19 ရောဂါပိုးကူးစက်မှုကိုကာကွယ်ရာမှာ အသုံးပြုဖို့အတွက် WHO ရဲ့ အသိအမှတ်ပြုမှုကို ၂၀၂၁ ခုနှစ် ဧပြီလ(၃၀) ရက်နေ့မှာ ရရှိခဲ့ပြီး ၂၀၂၁ခုနှစ် မေလ(၁၃)ရက်နေ့မှာ ထိုင်း FDA မှာ မှတ်ပုံတင် တင်သွင်းခဲ့ပါတယ်။ အချက်အလက်များအရ အဆိုပါကာကွယ်ဆေး ဟာ ပုံမှန် လူတို့အတွက် Covid-19 ရောဂါကူးစက်မှုကို (၉၄.၁) ရာခိုင်နှုန်းအထိ ထိရောက်စွာကာကွယ်ပေးနိုင်ပြီး အသက် (၆၅)နှစ်အထက်လူကြီးများအတွက် (၈၆.၄) ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီကာကွယ်ဆေးအမျိုး အစားဟာ ပြင်းထန်တဲ့ COVID 19 ရောဂါကူးစက်မှုကို ရာနှုန်းပြည့်ကာကွယ် ပေးနိုင်ပြီး ရောဂါကြောင့်ဖြစ်တဲ့သေဆုံးနိုင်ခြေကိုလည်း ရာနှုန်းပြည့်လျှော့ချ ပေးနိုင်ပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ Moderna ကာကွယ်ဆေးဟာ ဗြိတိန်မှာတွေ့ရတဲ့ B.1.17 မျိုးကွဲဗီဇ၊ တောင်အာဖရိကမှာတွေ့ရတဲ့ B.1.135 မျိုးကွဲဗီဇ (၂) မျိုးစလုံးကို ကာကွယ်ဖို့ အတွက် ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိထိရောက်ရောက် ပြည့်စုံလုံလောက်စွာ လှုံ့ဆော်ပေးနိုင်တယ်လို့ သိရပါတယ်။
Moderna ကာကွယ်ဆေးဟာ အသက်(၁၈)နှစ်အထက် လူပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်ကာ ဆေး(၂)ကြိမ်ထိုးဖို့လိုကာ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား (၄) ပတ် ခြားရပါမယ်။ အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ တချို့ဥရောပနိုင်ငံများ၊ အစ္စရေးလ်၊ ကာတာ၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန် စသည့်နိုင်ငံများအပါအဝင် နိုင်ငံ(၁၄)ခု ကျော်မှာ အသုံးပြုနေကြပါတယ်။
အမေရိကန်ကူးစက်ရောဂါထိန်းချုပ်မှုစင်တာ(American Communicable Disease) မှ လုပ်အားပေးစေတနာ့ဝန်ထမ်း (၁၅၀၀၀) ပါဝင်တဲ့ အဖွဲ့ကို စမ်းသပ်စစ်ဆေးမှုများအရ (၀.၀၃)ရာခိုင်နှုန်းသာလျှင် ဆေးထိုးပြီးနောက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ ကို ခံစားခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။ အသေးစိတ်အချက်အလက်များအဖြစ် -
၂၀၂၁ခုနှစ် မေလ(၈)ရက်နေ့မှာ ထုတ်ပြန်တဲ့ ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများအရ Moderna ကာကွယ်ဆေးကို အသက်(၁၂)နှစ်မှ (၁၇)နှစ်အတွင်း ကလေးငယ်များကို ထိုးနှံပေးခဲ့ရာမှာ (၉၆) ရာခိုင်နှုန်း ထိ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ခဲ့ ကြောင်းသိရပါတယ်။ လက်ရှိချိန်မှာ အသက်(၆)လမှ (၁၁)နှစ်အရွယ်ကလေးများ အတွက် ထိုးလို့ ရ မရ ဆိုတာကို စမ်းသပ်နေပြီး ရှင်းလင်းတိကျတဲ့ ရလဒ်တော့ ထွက်မလာသေးပါဘူး။ လက်ရှိထိုင်းနိုင်ငံမှာ အသက်(၁၈)နှစ်အောက် ကလေးတွေ Moderna ကာကွယ်ဆေး ထိုးလို့ ရ မရဆိုတာနဲ့ပတ်သက်ပြီး ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ရဲ့ တိကျတဲ့ အဖြေကို စောင့်နေကြပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်