“ကိုဗစ်” နဲ့ “မိုး” အစိုးမရနိုင်ပါပြီ။

“ကိုဗစ်” နဲ့ “မိုး” အစိုးမရနိုင်ပါပြီ။

အနှစ်ချုပ်

  • နေ့စဉ်နဲ့အမျှ အထိအတွေ့အကိုင်အတွယ်များတဲ့ ဧရိယာပတ်ဝန်းကျင်တွေ၊ ပစ္စည်းတွေနဲ့ ကိရိယာ တွေကို အနည်းဆုံး ၂ နာရီမှာ တစ်ကြိမ် အယ်လ်ကိုဟောပါဝင်တဲ့ ဆေးရည်နဲ့ သေသေချာချာ သန့်ရှင်း သုတ်သင်သင့်ပါတယ်။ (ဥပမာ တံခါးလက်ကိုင်ဘုတွေ၊ လှေကားလက်ရမ်းတွေ၊ စားပွဲခုံ မျက်နှာပြင် တွေ စသည်ဖြင့်ပေါ့။)
  • အပူချိန် ၆၀ ဒီဂရီ ဆဲလ်စီးရပ်စ် အထက်မှသာ novel SARS-CoV-2 ဗိုင်းရပ်စ်ကို ဖျက်ဆီးနိုင်မှာ ဖြစ်တာမို့ ရေနွေးသောက်တာ၊ ရေနွေးနဲ့ ရေချိုးတာတွေ ဟာ ဘာအကျိုးသက်ရောက်မှုမှမရှိနိုင်ပါဘူး။
  • လုံလောက်စွာအနားယူခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့ စားသောက်မှုပုံစံ၊ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ လမ်းညွှန်မှုများနဲ့အညီ နေထိုင်ခြင်း စတာတွေ ကသာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တောင့်တင်းခိုင်မာအောင် တည်ဆောက်ပေးမှာဖြစ်ပြီး ကိုဗစ်-19 ရဲ့ ရန်ကို ကောင်းစွာ တွန်းလှန်ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

“မိုးမိခြင်းက ကိုဗစ်၁၉ ကူးစက်ဖို့ လွယ်ကူသလား။”

ဒီမေးခွန်းအတွက် များစွာသော လေ့လာချက်များက အငြင်းပွားဖွယ်ရာ အဖြေများကိုသာ ပေးပါတယ်။ တစ်ချို့တွေ့ရှိချက်တွေက စွတ်စိုထိုင်းမှိုင်းမှုများခြင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို လျော့ပါးစေတယ်လို့ ဖေါ်ပြနေတဲ့အချိန်မှာ အခြားတွေ့ရှိချက်တစ်စောင် ကတော့ á€€á€°á€¸á€…က်မသုကို ပိုမိုဖြစ်စေဖို့ အထောက်အကူပေးတယ်လို့ ဆိုပါတယ်။ အနည်းငယ်သော လေ့လာမှုတွေမှာတော့ လေထု စိုထိုင်းမှုများခြင်းက ကမ္ဘာလုံးဆိုင်ရာ ကပ်အသွင် ပြင်းထန်စွာ ကူးစက်စေနိုင်တဲ့ အဆင့်ထိတောင် ဖြစ်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။  ဒီအချက်ကို စွတ်စိုထိုင်းမှိုင်းမှုက ရာသီတုပ်ကွေး ကူးစက်မှုအပေါ် အဓိကကျတယ် ဆိုတာ တွေ့ရှိတဲ့ လေ့လာချက် (case study) တစ်ချို့က ထောက်ခံထားပါတယ်။ အဲ့ဒီထဲက အစီရင်ခံစာတစ်စောင် ဖြစ်တဲ့ Jinbu ဦးဆောင်တဲ့ တရုတ် ဆေးသိပ္ပံအကယ်ဒမီအဖွဲ့ရဲ့ တွေ့ရှိချက်ကတော့ ကူးစက်မှုဟာ နှိုင်းယှဉ်ချက်အရ လေထုစွတ်စိုထိုင်းမှိုင်းမှု ၇၅% နဲ့ တစ်လ မိုးရေချိန် ၃၀ မီလီမီတာအောက်နည်းတဲ့ နေရာတွေမှာ လွယ်ကူစွာ ပြန့်နှံ့ နိုင်တယ်လို့တွေ့ရှိပါတယ်။ ဒါပေမဲ့ ဒီသုတေသန က အခြားလေ့လာမှုတွေနဲ့တော့ သဘောထားကွဲလွဲမှုရှိနေပါတယ်။

အမေရိကန်နိုင်ငံ ဖီလာဒယ်ဖီးယား ခရစ်စတိုဖာကလေးဆေးရုံကြီး က အဏုဇီဝဗေဒနဲ့ ဗိုင်းရပ်ဆိုင်ရာ ပါမောက္ခ Dr Alan Evagenlista ကတော့ ကိုရိုနာ á€—ိုင်းရပ်စ် နဲ့ တုပ်ကွေး ဗိုင်းရပ်စ် အမှုန်အမွှားတွေကို နှစ်ပေါင်းများစွာ လေ့လာနေသူဖြစ်ပါတယ်။ သူ့ရဲ့ သုတေသနက ညွှန်ပြတာကတော့ စွတ်စိုထိုင်းမှိုင်းမှုများခြင်းက ဗိုင်းရပ်စ် ပါဝင်တဲ့ အရည်အစက်ကလေးတွေရဲ့ အရွယ်အစားကို ကြီးလာစေပြီး ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်မှ လေထုတွင်း အလျင်အမြန် ရောက်စေပါတယ်။ ဆန့်ကျင်ဘက်ဖြစ်တဲ့ လေထုစိုထိုင်းမှု နည်းရင်တော့ အရည်အစက်အပြောက်ကလေးတွေက လျင်မြန်စွာ အငွေ့ပြန်ပြီး လေထဲမှာ ကြာရှည်စွာ လွင့်မြောနေနိုင်သောကြောင့် ကူးစက်မှုအခွင့်အလမ်း ပိုမို များပြား စေနိုင်တယ် လို့ ဆိုထားပါတယ်။

ဒီအချက်တွေကြောင့် ထိုင်းနိုင်ငံမှာ နှစ်စဉ် မိုးရာသီရောက်ပြီဆိုတာနဲ့ တုပ်ကွေးရောဂါ အစုလိုက်အပြုံလိုက်ဖြစ်ခြင်း (Outbreak) ကို ကြုံတွေ့ရပါတယ်။ ရောဂါထိန်းချုပ်ရေးဌာနရဲ့ ၂၀၁၉ တုပ်ကွေးဖြစ်ပွားမှု အနှစ်ချုပ်အစီရင်ခံစာ မှာ လူပေါင်း ၃၉၀၇၃၃ ရောဂါ ကူးစက်ခံရပြီး ရောဂါကြောင့် ၂၇ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အများဆုံး ကူးစက်မှုကို ငယ်ရွယ်တဲ့ကလေးများနဲ့ ကျောင်းနေအရွယ်ကလေးများမှာ တွေ့ရပါတယ်။ လူ အများအပြား ကူးစက်ခြင်း ဖြစ်စေတဲ့ အဓိက အချက်တွေဖြစ်တဲ့ လေထု စိုထိုင်းမှုနဲ့ အပူချိန် နည်းခြင်းက ဗိုင်းရပ်စ် ကို အချိန်ကြာမြင့်စွာ အသက်ရှည်စေတာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချုလာလောင်ကွန်းတက္ကသိုလ် ဆေးပညာမဟာဌာန၊ အကောင်းဆုံး ဗိုင်းရပ်စ် ဆေးဝါးကုသမှု ဗဟို ရဲ့ ဌာနမှူးဖြစ်တဲ့ Prof. Yong Poovorawan, MD က ကိုဗစ် ၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနဲ့ ပတ်သက်လို့ သတိပေးချက်တစ်ခုကို မေလ ၁၈ ရက်နေ့ မှာ မိုးလေဝသဌာနက ထိုင်းနိုင်ငံမှာ ဒီနှစ်အတွက် မိုးရာသီ ကျရောက်ပြီလို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာပဲ  á€•á€źá€Šá€şá€žá€°á€œá€°á€‘ုသိုအ  ထုတ်ပြန်ခဲ့ပါတယ်။ သူ့ကြေညာချက်မှာ “ခုချိန်မှာ ရောဂါပိုးတွေ့သူ အနည်းငယ်သာရှိနေပါတယ်။ ဒါပေမယ့် ဒါကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံခြားပြန်များအပါအဝင် အများစုကိုလည်း အခြားသူများထံ ရောဂါကူးစက်မှုမရှိစေရန် သီးခြားခွဲထုတ်ထားသည့် အခြေအနေတစ်ခု အောက်မှာထားရှိပေးထားပါတယ်။ ကမ္ဘာအနှံ့အပြားမှာ နေ့စဉ် လူတစ်သိန်းကျော်ခန့် ကိုဗစ် ၁၉ ကူးစက် ခံနေရခြင်းကို ကြည့်ခြင်းအားဖြင့် ဒီရောဂါဟာ ထိန်းချုပ်ဖို့ခက်ခဲမယ့်အနေအထားမှာ ရှိကြောင်းနဲ့ ရောဂါ ပြန့်နှံ့ခြင်းကိုရပ်တန့်နိုင်မယ့် ကာကွယ်ဆေးပေါ်ဖို့ကလည်း အချိန်ကြာဦးမယ်ဖြစ်ကြောင်း” ဖော်ပြထားခဲ့ပါတယ်။

ရာသီတုပ်ကွေးနှင့် ကိုဗစ်၁၉ နှစ်မျိုးလုံး မကူးစက်ရအောင် ကိုယ့်ကိုယ်ကို ကာကွယ်ခြင်း

နှစ်မျိုးစလုံးအတွက် ကာကွယ်ပုံ နည်းစနစ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။  လူတိုင်းလူတိုင်း သာမာန် ရာသီတုပ်ကွေးအတွက် ကာကွယ်ပုံစနစ်ကို ထိထိရောက်ရောက် ပြုလုပ်ပေးလိုက်ရုံနဲ့ ကိုဗစ်၁၉ ရောဂါ ကူးစက်မှု ပါကျဆင်းသွားမှာဖြစ်ပါတယ်။ တစ်ဖက်မှာ မိုးတွင်းလို ဗိုင်းရပ်စ်ပေါင်းစုံကြောင့် တုပ်ကွေးရောဂါ အဖြစ်များတဲ့ အချိန်မှာ ကိုဗစ်ကူးစက်မှုနှုန်းလည်း မြင့်မားနေမှာဖြစ်ပါတယ်။ အားလုံးဆက်လက်ပြီး တိတိကျကျလိုက်နာရမယ့် အချက်တွေကတော့ မကြာခဏလက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ အစားအစာကို ပူပူနွေးနွေးစားသုံးခြင်း၊ ကိုယ်ပိုင်အသုံးအဆောင်များကိုသာ အသုံးပြုခြင်း၊ တစ်ယောက်နှင့်တစ်ယောက် ၁မီတာ ၂ မီတာ အကွာအဝေးမှာ  á€á€•á€şá€á€˝á€Źá€á€˝á€Źá€”္ခဟင်း၊ လေဝင်လေထွက်မကောင်းတဲ့ လူစုလူဝေးရှိရာနေရာများကို ရှောင်ရှားခြင်းတို့ပဲဖြစ်ပါတယ်။ နှာခေါင်းစည်းအပိုများကို ဆောင်ထားဖို့လည်းလိုပါတယ်။ တကယ်လို့ တပ်လက်စ နှာ​ခေါင်းစည်းက မိုးရေနဲ့ စို စွတ်သွားမယ်ဆိုရင် ချက်ချင်း အသစ်တစ်ခု လဲတပ်ဖို့ လိုပါလိမ့်မယ်။ စိုနေတဲ့နှာခေါင်းစည်းက ဘက်တီးရီးယားနဲ့  á€Ąá€á€źá€Źá€¸á€›á€ąá€Źá€‚ဍဖဟစ်စ္တဲအ ပိုးမွှားများကို ထိထိရောက်ရောက် မကာကွယ်နိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

တစ်ယောက်ယောက် ချောင်းဆိုး / နှာချေလိုက်တယ်ဆိုရင် သူ့ရဲ့ အသက်ရှူလမ်းကြောင်းထဲက သေးငယ်တဲ့ အရည်အစက်မှုန်ကလေးတွေဟာ ပတ်ဝန်းကျင်လေထုထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ တကယ်လို့ သူ ဖျားနေမယ်ဆိုရင် အဲဒီအရည်အစက်အပြောက်တွေထဲမှာ ဗိုင်းရပ်စ်တွေ ပါသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရာသီဥတုက စိုထိုင်းသည်ဖြစ်စေ ခြောက်သွေ့သည်ဖြစ်စေ ကျွန်တော်တို့အားလုံး new normal လို့ခေါ်တဲ့ ဘဝနေနည်း အသစ်တွေ နဲ့ ယဉ်ပါးအောင် လုပ်နေရမှာဖြစ်ပြီး လူအချင်းချင်း လျင်မြန်စွာ ကူးစက်နိုင်တဲ့ တုပ်ကွေး နဲ့ ကိုဗစ် ၁၉ ရောဂါများမှ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေကို တိတိကျကျ လိုက်နာနေရမှာပဲ ဖြစ်ပါတယ်။

မိုးတွင်း၌ပင် ကိုဗစ် ၁၉ နှင့် အတူ ယှဉ်တွဲနေထိုင်ခြင်း

  1. ရေသန့် + ဆပ်ပြာ (သို့မဟုတ်) အရက်ပျံ ပါဝင်တဲ့ အဆီဂျဲလ် ဖြင့် လက်ကို မကြာခဏ ဆေးပါ။
  2. အိမ်ပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ပါ။
  3. သင့်လက်ဖြင့် မျက်နှာ၊ မျက်စေ့ ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မထိမိအောင် ရှောင်ပါ။
  4. လတ်ဆတ်စွာချက်ပြုတ်ထားတဲ့ အစာများကိုသာစားပါ။ သားငါးနှင့် ဥများ အစိမ်းစားခြင်းမှရှောင်ပါ။
  5. တစ်ဦးနှင့်တစ်ဦး ရောဂါ မကူးနိုင်သော အကွာအဝေး ဖြစ်သည့် ၁မီတာ (သို့) ၂မီတာ ခပ်ခွာခွာနေပါ။
  6. လေဝင်လေထွက်မကောင်းသည့် လူစုလူဝေးနေရာများကိုရှောင်ပါ။
For Medical Inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။