ကျွန်တော်တို့ရဲ့ဆေးရုံကို အမှန်တကယ်တတ်ကျွမ်းနား လည်တဲ့ လူကြီး နဲ့ ကလေး နှလုံးအထူးကုဆရာဝန်များ ၊ နှလုံးခွဲစိတ်ဆရာဝန်များ ၊ မေ့ဆေးဆရာဝန် များ ၊ ပြန်လည်သန်စွမ်းကျန်းမာရေးပညာရှင်များ ၊ ကောင်းစွာလေ့ကျင့် သင်ကြားထားတဲ့သူနာပြုများ နဲ့ နှလုံးကျန်းမာရေးစောင့်ရှောက်မှုမှာ အားတတ်သရောလုပ်ကိုင်ခဲ့တဲ့ ဘန်ကောက် မြို့ရဲ့ အကောင်း တကာ့အကောင်းဆုံး တွဲဖက်ဆေးဘက်ဆိုင်ရာဝန်ထမ်းများ က ဦးဆောင်ပြီး ကုသဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးနှင့်ဆိုင်သောရောဂါများကုသရာ နှလုံးအင်စတီကျု(Heart Institute) ဟာ ထိုင်းနိုင်ငံသားများသာမက ကမ္ဘာတစ်ဝန်းနိုင်ငံအသီးသီးမှ လူနာများရဲ့ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်စွမ်းပြီး ဂုဏ်ယူစွာနဲ့ ကုသဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ မြန်ဆန်တိကျတဲ့ ရောဂါရှာဖွေမှုများ လုပ်ဆောင်နိုင်ဖို့ နောက်ဆုံးပေါ်ခေတ်မီဆေးဘက် ဆိုင်ရာနည်းပညာတွေကို အသုံးပြုသလို ထိခိုက်မှုအနည်းဆုံး နည်းလမ်းများဖြင့်လည်း ကုသမှုပေး နေတာဖြစ်ပါတယ်။ နှလုံးအင်စတီကျုမှာ နောက်ဆုံးပေါ်ခေတ်မီ ဆေးပစ္စည်းကိရိယာ များကို အသုံးပြုပြီး နှလုံးသွေးကြောကျဉ်းရောဂါ ၊ မွေးရာပါနှလုံးရောဂါ ၊ ရူမက်တစ်နှလုံးရောဂါ ၊ သွေးလွှတ်ကြော ကျယ်ခြင်းရောဂါ ၊ ရုတ်တရက်နှလုံးကြွက်သားပုပ်ခြင်း ၊ နှလုံးကြွက်သားနာတာရှည်ချို့ယွင်းမှုကြောင့် နှလုံးကောင်း စွာအလုပ်မလုပ်နိုင်ခြင်း ၊ နှလုံးအဆို့ရှင်ကျဉ်းခြင်း ၊ နှလုံးအဆို့ရှင်ရောဂါ ၊ နှလုံးဖုံးအမြှေးရောင်ရောဂါ ၊ နှလုံးခုန်မမှန်ခြင်း စတဲ့ အမျိုးမျိုးသော နှလုံးဆိုင်ရာ ရောဂါများကို ဝါရင့်ကျွမ်းကျင်ဆရာဝန်ကြီးများမှ အထိရောက်ဆုံး ကုသမှုပေးနိုင်ပါတယ်။
ထိုင်းနိုင်ငံသာမက ဒေသတွင်းနိုင်ငံများအတွက် နှလုံးကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍမှာ ရှေ့ဆုံးကနေ ရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့အသုံးပြုနေတဲ့ ခေတ်မီနည်းပညာများကို အစဉ်တစိုက် ဆန်းသစ်မွမ်းမံ လျက်ရှိပါတယ်။ မကြာသေးခင်က ဖြည့်တင်းတပ်ဆင်ခဲ့တဲ့ ကိရိယာကတော့ 640-slice CT Scanner ပဲ ဖြစ်ပါတယ်။ 640-slice CT scanner ဟာ ပုံမှန် scanner များထက် ပိုမို မြန်ဆန်စိတ်ချရသလို ဓာတ်ရောင်ခြည် (၈၀) ရာခိုင်နှုန်းပိုမိုလျော့နည်းစွာ အသုံးပြုပြီး တစ်စက္ကန့်ရဲ့ သုံးပုံ တစ်ပုံ အချိန်အတွင်းမှာ နှလုံး တစ်ခုလုံးကို ပုံရိပ်ဖမ်းပေးနိုင်တာကြောင့် ကလေးလူနာများ အတွက် အထူးသင့်လျော်ပါတယ်။ ဒီကိရိယာရဲ့ အဝ (Open Bore) ကို ကျယ်ပြန့်စွာ လုပ်ထားတာ ကြောင့် ဓာတ်မှန်ကြည့်ရှုနေစဉ်အတွင်း လူနာအတွက် စိတ်ဖိစီးမှုနဲ့စိုးရိမ်မှုကို ခံစားရစေမှာ မဟုတ်ပါဘူး။
အဓိကအားသာချက်များ
- နှလုံးကျန်းမာရေးနဲ့ပတ်သက်လျှင် စောစီးစွာရောဂါရှာဖွေ ခြင်းနှင့် ကာကွယ်ခြင်းမှ အစ ရောဂါရှာဖွေခြင်း ၊ ကုသခြင်း ၊နှလုံးခွဲစိတ်ခြင်း ၊ ပြန်လည်သက်သာကောင်းမွန်လာခြင်း အဆင့်အထိ လူနာအား ရုပ်ပိုင်း ၊စိတ်ပိုင်း ဆိုင်ရာ ချဉ်းကပ်ဆွေးနွေးမှုများပြုလုပ်ခြင်း။
- USA ၊ UK ၊ ကနေဒါ ၊ ဩစတေးလျ နဲ့ တခြားနိုင်ငံများမှာ ပညာသင်လေ့လာဆည်းပူးခဲ့သည့် နှလုံးအထူးကုဆရာဝန်များ ၊ သွေးကြောဆိုင်ရာကျွမ်းကျင်ဆရာဝန်များ ၊ နှလုံးခွဲစိတ်ဆရာဝန် များနှင့် နှလုံးဆိုင်ရာရောဂါများ ပြန်လည်ကျန်းမာလာအောင် စောင့်ရှောက်ပေးသည့် ပညာရှင်များ။
- ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ပြင်ပလူနာဌာနကုသမှုနှင့် နှလုံးခွဲစိတ်ကုသမှုပေါင်း ၆၇၀၀ ကျော်သာမက တစ်နှစ်လျှင်နှလုံးရောဂါဆိုင်ရာများအထူးပြုလေ့လာမှုပေါင်း ၃၀၀ ကျော်။
- ခွဲစိတ်ကုသခန်း ၊ နှလုံးသွေးကြောအတွင်း ပိုက်ထည့်သည့်ဓာတ်ခွဲခန်း(Cathlab) ၊ အထူးကုသခန်း (CCU) များအဆောက်အဦတစ်ခုတည်းတွင် တည်ရှိခြင်း ။
အချိန်တိုအတွင်း စစ်ဆေးနိုင်တဲ့အပြင် လူနာကိုလည်း ဓာတ်ရောင်ခြည်ထိတွေ့မှု နည်းပါးစေတဲ့ 640 Slice CT Scanner
Click here to learn more about its amazing benefits to our patients