နှလုံးရောဂါကိုသတိပေးနေတဲ့လက္ခဏာများ

နှလုံးရောဂါကိုသတိပေးနေတဲ့လက္ခဏာများ

အနှစ်ချုပ်

  • ခန္ဓာကိုယ်အလေးချိန်နှင့်အရပ်အမြင့်ညွှန်းကိန်း (BMI) ၃၀ အထက်ရှိတဲ့ အမျိုးသမီးများအနေနဲ့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ မြင့်မားပါတယ်။
  • အဆီပျော်ဝင်မှုများတဲ့အစားအစာများ ဥပမာ- အဆီများတဲ့အမဲပြားလွှာ ၊ ဆိတ်သား ၊ ဝက်သား (ဝက်ပေါင်ခြောက် ၊ ဝက်သားခြောက်) ၊ အရေခွံပါကြက်သား ၊ အသားမှထွက်သောအဆီ ၊ ဝက်ဆီ ၊ ခရင်မ်၊ ထောပတ် ၊ ချိစ် ၊ အဆီအပြည့်ပါတဲ့(သို့) မလိုင်ထုတ်ပြီးနွားနို့ စတဲ့အစားအစာတွေကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ (၃၁)ရာခိုင်နှုန်းရှိပါတယ်။
  • နှလုံးကြွက်သားပုပ်ခြင်းရဲ့ လက္ခဏာများကတော့ ရင်ဘတ်တင်းကျပ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ တစ်ခုခုနဲ့ဖိမိတဲ့အချိန်မှာ ရင်ဘတ်အလယ်တည့်တည့်က အောင့်ခြင်း စတာတွေကိုခံစားရပြီး နာကျင်မှုဟာ မေးရိုး ၊ လက်မောင်း ၊ ဝမ်းဗိုက် အထက်ပိုင်း နေရာများအထိပျံ့နှံ့သွားပါတယ်။  ရင်ဘတ်အောင့်ခြင်းဟာ နားနေတဲ့ အချိန် (သို့) တုံ့ဆိုင်းစွာလှုပ်ရှားတဲ့အချိန်မှာ ပိုပြီး ဆိုးရွားပါတယ်။

နှလုံးရောဂါဟာ ကမ္ဘာတစ်ဝန်းရှိ အမျိုးသားများမှာရော အမျိုးသမီးများမှာပါ သေဆုံးမှုကို အဖြစ်များစေတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ စက္ကန့် (၄၀) တိုင်း လူတစ်ယောက်မှာ နှလုံးဖောက်ခြင်းကို ခံစားရတယ်လို့ ဆိုပါတယ်။ မိနစ်တိုင်းမှာ လူတစ်ယောက်နဲ့အထက်ဟာ နှလုံးရောဂါကြောင့် သေဆုံးနေကြရပါတယ်။

ထိုင်းနိုင်ငံမှာ နှလုံးရောဂါဖြစ်ပွားမှုအရေအတွက် တိုးပွားလာပြီး ဖြစ်စေတဲ့အကြောင်းအရင်းကတော့ များစွာရှိပါတယ်။ ကျား/မ ၊ အသက်အရွယ် ၊ မိသားစုရာဇဝင် ကဲ့သို့ ပြောင်းလဲလို့မရတဲ့အကြောင်းအရင်းများရှိသကဲ့သို့ စားသောက်မှု ပုံစံ ၊ ကိုယ်လက်လှုပ်ရှားမှုကဲ့သို့ ပြောင်းလဲလို့ရတဲ့ အကြောင်းအရင်းများလည်း ရှိပါတယ်။ နှလုံးရောဂါကြောင့် အသက်အန္တရာယ်ရှိနေတဲ့ တခြားတစ်ဘက်မှာ နှလုံးရောဂါဖြစ်နိုင်ခြေကို နေထိုင်စားသောက်မှုပုံစံများပြုမူပြောင်းလဲခြင်းဖြင့် ကြိုတင်ကာကွယ်ခြင်း ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများနဲ့ ကြိုတင်ကာကွယ်ခြင်းများလည်း လုပ်ဆောင်နိုင်ပါတယ်။

နှလုံးရောဂါဖြစ်စေတဲ့အကြောင်းအရင်းများ

  • အသက်အရွယ် - အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်အစိတ်အပိုင်း များဟာလည်း သဘာဝအရ ယိုယွင်းလာပါတယ်။
  • ကျား/မ - အမျိုးသားများဟာ အမျိုးသမီးများထက်ပိုပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
  • ဆီးချိုရောဂါ - ဆီးချိုရောဂါရှိသူများဟာ မရှိသူများထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ (၂)ဆ ကနေ (၄) ဆ ပိုမိုများပြားပါတယ်။
  • သွေးတိုးခြင်း - သွေးပေါင်ချိန် ၁၄၀/၉၀ အထက်ရှိမယ်ဆိုရင် နှလုံးရောဂါဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ အသက်(၅၀) မတိုင်ခင် သွေးတိုးရှိသူများဟာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေများပါတယ်။
  • သွေးတွင်းအဆီများခြင်း - သွေးတွင်းအဆီများခြင်းဟာလည်း နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
  • အဝလွန်ခြင်း - အမျိုးသမီးများအတွက် အရပ်အမြင့်နှင့်ကိုယ်အလေးချိန်အချိုး အစားအညွှန်းကိန်း (BMI) ၂၅ အထက်ရှိနေရင် နှလုံးကိုထိခိုက်စေပြီး BMI အညွှန်းကိန်း (၃၀) အထက်မှာရှိမယ်ဆိုရင်တော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေများပါတယ်။

ခါးအတိုင်းဟာလည်း နှလုံးရောဂါဖြစ်နိုင်ခြေကို မှန်းဆနိုင်ပါတယ်။

ကျား/မ ဖြစ်နိုင်ခြေများ ဖြစ်နိုင်ခြေမြင့်မား
  အမျိုးသား – အာရှတိုက်သားမဟုတ် 94-101 cm  ≥ 102 cm
  အမျိုးသား –  အာရှတိုက်သား ≥ 90 cm
  အမျိုးသမီး – အာရှတိုက်သားမဟုတ် 94-101 cm ≥ 102 cm
  အမျိုးသမီး – အာရှတိုက်သား ≥ 80 cm
  • ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တဲ့အမျိုးသမီးများဟာ ဆေးလိပ်သောက်တဲ့ အမျိုးသားများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုများပြားပါ တယ်။ တစ်နေ့ကို ဆေးလိပ်(၃)လိပ်ကနေ (၅)လိပ်သောက်တဲ့အမျိုးသမီးများနဲ့ တစ်နေ့ကို ဆေးလိပ်(၆)လိပ်ကနေ (၉)လိပ်သောက်တဲ့ အမျိုးသားများဟာ နှလုံးရောဂါဖြစ်နိုင်ခြေ (၂)ဆမြင့်မားပြီး နှလုံးရောဂါကြောင့်သေဆုံးနိုင်ခြေ (၃၀၀)ရာခိုင်နှုန်းရှိပါတယ်။
  • အဆီများသောအစားအစာများ- ဆီများတဲ့အမဲသားအလွှာ ၊ ဆိတ်သား ၊ ဝက်သား (ဝက်သားခြောက်နှင့်ဝက်ပေါင်ခြောက်အပါအဝင်) ၊ အရေခွံပါတဲ့ ကြက်သား ၊ အသားမှထွက်သောအဆီ ၊ ဝက်ဆီ ၊ ခရင်မ်၊ ထောပတ် ၊ ချိစ် ၊ အဆီအပြည့်ပါတဲ့(သို့) မလိုင်ထုတ်ပြီးနွားနို့ စတဲ့အစားအစာ များကြောင့် ကမ္ဘာတစ်ဝန်းလူဦးရေရဲ့ (၃၁) ရာခိုင်နှုန်းလောက်ဟာ နှလုံးရောဂါဖြစ်နိုင် ပါတယ်။
  • မျိုးရိုးဗီဇ - အမျိုးသားများအနေနဲ့ ကိုယ့်မိသားစုထဲ ( မိဘ ၊ မောင်နှမ စသည်ဖြင့် )မှာ အသက်(၅၅)နှစ်မတိုင်ခင် နှလုံးရောဂါဖြစ်ခဲ့ဖူးတယ်ဆိုရင် (သို့) အမျိုးသမီးများအနေနဲ့ကိုယ့်မိသားစုထဲ (မိဘ ၊ မောင်နှမ စသည်ဖြင့်) မှာ အသက် (၆၅)နှစ်မတိုင်ခင် နှလုံးရောဂါဖြစ်ခဲ့ဖူးတယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ များပါတယ်။

နှလုံးရောဂါဖြစ်နိုင်တဲ့လက္ခဏာများ

၁။ ရင်ဘတ်အောင့်ခြင်း

နှလုံးကြွက်သားပုပ်ခြင်း ရဲ့ လက္ခဏာအဖြစ် ပြသတဲ့ ရင်ဘတ်အောင့်ခြင်း အမျိုးအစား (၃)မျိုး ရှိပါတယ်။

  • တင်းတင်းကျပ်ကျပ်အောင့်ခြင်း ၊ တစ်ခုခုနဲ့ဖိမိရင် ရင်ညွန့်တည့်တည့်က အောင့်ပြီး မေးရိုး ၊လက်မောင်း ၊ ပုခုံး ၊ ဝမ်းဗိုက်အထက်ပိုင်း စတဲ့နေရာတွေထိ ပျံ့နှံသွားခြင်း
  • ကိုယ်ကာယလှုပ်ရှားချိန် (သို့) လေ့ကျင့်ခန်းလုပ်ချိန်တွေမှာ ရင်ဘတ် တင်းကျပ်စွာ အောင့်ခြင်း
  • တုံ့ဆိုင်းစွာလှုပ်ရှားတဲ့အချိန် (သို့) နားနေတဲ့အချိန် (သို့) လျှာအောက်ထည့်ရတဲ့ သွေးကျဲဆေး ထည့်တဲ့အချိန်မှာ ပိုမိုဆိုးရွားစွာရင်ဘတ်အောင့်ခြင်း

၂။ နှလုံးတုန်ခြင်း

၃။ နှလုံးခုန်မြန်ခြင်း

၄။ အားနည်းခြင်း ၊ နုံးချိခြင်း

၅။ ခြေထောက်ဖောရောင်ခြင်း

၆။ ခေါင်းမူးခြင်း ၊ သတိလစ်ခြင်း

တကယ်လို့ သင်ဟာ အထက်ပါ လက္ခဏာများထဲမှ တစ်ခုခု ခံစားရတယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတစ်ခုပဲလို့ စိတ်ထဲတွေးမှတ်ရပါမယ်။ ဆရာဝန်မှ နှလုံးရောဂါအတွက်လိုအပ်တဲ့ရောဂါရှာဖွေမှုနဲ့ကုသမှုကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ သင့်မှာ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေလားဆိုတာကိုလည်း တကယ်တတ်ကျွမ်း နားလည်တဲ့နှလုံးအထူးကုနဲ့ပြသတိုင်ပင် အတည်ပြုရပါမယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။