TAVI နည်းလမ်းဟာ အသက်အရွယ်ကြီးရင့်ပြီး အန္တရာယ်များတဲ့ လူနာများအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီး အသက်(၈၀)ကျော် လူနာများအတွက် သင့်လျော် ပါတယ်။ အသက်(၇၀)နဲ့ (၈၀)ကြား လူနာများအတွက် ဆရာဝန်နဲ နှလုံးအထူးကု ဆေးအဖွဲ့များက လူနာကိုခွဲစိတ်ရင်ဖြစ်လာနိုင်တဲ့အခြေအနေ၊ လူနာရဲ့နှလုံးအဆို့ရှင် နဲ့ အနီးတစ်ဝိုက် ခန္ဓာဗေဒဖွဲ့စည်းမှု အပါအဝင် အမျိုးမျိုးသော အချက်အလက်များကို သေချာ စစ်ဆေးပါတယ်။
TAVI နည်းလမ်းဟာ (၁၀)နှစ်ကျော်ခံပြီး စံ ကုသမှုနည်းလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပမှာ ရောဂါအခြေအနေအများစုအတွက် သမားရိုးကျနှလုံးခွဲစိတ် ကုသမှုနေရာမှာ TAVI ကို ရွေးချယ်စဉ်းစားလာကြပါပြီ။ သမားရိုးကျခွဲစိတ်ကုသမှု နည်းလမ်းနဲ့ဆိုရင် အန္တရာယ်များနိုင်တဲ့လူနာများအနေနဲ့ TAVI ကိုရွေးချယ်မယ်ဆိုရင် အသက်ရှင်နိုင်မှုရာခိုင်နှုန်းဟာ (၄) ရာခိုင်နှုန်းကနေ (၈) ရာခိုင်နှုန်းအထိ မြင့်တက်လာ နိုင်ခြေရှိပါတယ်။ ဒီလိုလူနာများအတွက်တော့ TAVI ဟာ အကောင်းဆုံးသော နည်းလမ်း ပဲဖြစ်ပါတယ်။
