လက္ခဏာအပေါ်မူတည်ပြီး ရောဂါကို အောက်ပါအုပ်စုအမျိုးအစားအတိုင်း ခွဲခြား သတ်မှတ်နိုင်ပါတယ်။
ဒေါင်းလက္ခဏာ
ဒီရောဂါလက္ခဏာများဟာ (၂၁) စုံမြောက်ခရိုမိုဆုန်း မူမမှန်မှုကြောင့် ဖြစ်ပွားပါ တယ်။ အထူးသဖြင့် ပုံမှန်ကလေးငယ်များရဲ့ ခရိုမိုဆုန်းနဲ့ယှဥ်ရင် ခရိုမိုဆုန်းအပို တစ်စုံ ရှိနေတတ်ပါတယ်။ ဒေါင်းလက္ခဏာဟာ အထူးသဖြင့် အသက် (၃၅) နှစ် ကျော်မှ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးများမှာ ပိုပြီးအဖြစ်များပါတယ်။ ဒေါင်းလက္ခဏာနဲ့မွေးဖွားလာတဲ့ ကလေးငယ်များမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းလွဲမှား မှုတွေရှိနေပြီး အထူးစောင့်ရှောက်ကုသမှုကို ခံယူဖို့လိုပါတယ်။ ဒါ့အပြင် နှလုံးချို့ ယွင်းခြင်းကဲ့သို့ ကိုယ်အဂ်ါလုပ်ဆောင်မှု မူမမှန်ခြင်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ပြဿနာများကိုလည်း ခံစားရနိုင်ပါတယ်။
Edwards Syndrome ခေါ် မျိုးရိုးဗီဇမူမမှန်တဲ့ရောဂါလက္ခဏာတစ်မျိုး
နောက်ထပ်လက္ခဏာတစ်ခုကတော့ (၁၈)စုံမြောက်ခရိုမိုဆုန်း ပုံမှန်မဟုတ်ခြင်း ကြောင့်ဖြစ်တဲ့ Edward Syndrome ဖြစ်ပါတယ်။ ဒီလက္ခဏာဟာလည်း တခြားသော မွေးကင်းစကလေးငယ်များနဲ့ယှဥ်ရင် ခရိုမိုဆုန်း အပို ရှိနေပြန်ပါတယ်။ ဒီလက္ခဏာဟာ ဒေါင်းလက္ခဏာပြီးရင် ဒုတိယအများဆုံးတွေ့ရတဲ့ ခရိုမိုဆုန်း မူမမှန်ခြင်းပြဿနာဖြစ်ပြီး မွေးလာတဲ့ကလေး (၃၀၀၀) မှာ ဖြစ်ပွားနိုင်ခြေ (၁) ယောက်နှုန်းရှိပါတယ်။ Edwards Syndrome လက္ခဏာရှိသူကလေးငယ်များဟာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုပြဿနာတွေရှိပြီး နှလုံး ၊ ဦးနှောက်နဲ့ ကျောက်ကပ် ပျက်စီးခြင်းကဲ့သို့သော လူ့ခန္ဓာကိုယ်ရဲ့ အဓိကကိုယ်အဂ်ါအစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ဦးခေါင်းသေးခြင်း ၊ အာခေါင်ကွဲခြင်း ၊ ခြေကျင်းဝတ်ခွင်ခြင်း စသဖြင့် ခန္ဓာကိုယ်ရဲ့ တခြားသော အစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေရှိတဲ့ကလေးငယ်တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အသက်မရှင်သန်နိုင်ခြင်း (သို့) မွေးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ သေဆုံး သွားခြင်း စတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဟာ အသက်ပိုကြီးလေလေ ဒီလိုလက္ခဏာရှိတဲ့ ကလေးငယ်မွေးဖွားနိုင်ခြေ ပိုများလေလေ ဖြစ်ပါတယ်။
Patau Syndrome ခေါ် မျိုးရိုးဗီဇမူမမှန်တဲ့ရောဂါလက္ခဏာတစ်မျိုး
Patau Syndrome ခေါ် ချို့ယွင်းမှုလက္ခဏာတစ်မျိုးဟာ (၁၃)စုံမြောက်ခရိုမိုဆုန်း မူမမှန်ခြင်းကြောင့်ဖြစ်ပွားပါတယ်။ ဒီလက္ခဏာရှိတဲ့ကလေးငယ်တွေဟာ စိတ်ပိုင်း ဆိုင်ရာပြဿနာများကို ကိုယ်အဂ်ါအစိတ်အပိုင်းချို့ယွင်းမှုနဲ့ တွဲပြီး ခံစားရလေ့ ရှိပါတယ်။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေရှိတဲ့ကလေးငယ်တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အသက်မရှင်သန်နိုင်ခြင်း (သို့) မွေးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ သေဆုံး သွားခြင်း စတာတွေကို ကြုံတွေ့ရနိုင် ပါတယ်။
Turner Syndrome ခေါ် မျိုးရိုးဗီဇမူမမှန်တဲ့ရောဂါလက္ခဏာတစ်မျိုး
Turner Syndrome ခေါ် ချို့ယွင်းမှုလက္ခဏာတစ်မျိုးဟာ X ခရိုမိုဆုန်းချို့ယွင်းမှု ကြောင့် ဖြစ်ပွားပါတယ်။ အထူးသဖြင့် ပုံမှန်ထက် ခရိုမိုဆုန်းအရေအတွက် ပိုပြီး နည်းတတ်ပါတယ်။ ဒီလက္ခဏာပါလာတဲ့ ကလေးငယ်များဟာ ကိုယ်ဝန်ဆောင်ချိန် မှာ မရှင်သန်နိုင်သလို အချိန်မတိုင်ခင်မွေးဖွားလာတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့်သေချာကုသမယ်ဆိုရင် အသက်ရှင်နိုင်ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလက္ခဏာရှိတဲ့ ကလေးငယ်များ ဟာ ပုံမှန် ထက်ပိုပြီးအရပ်ပုကြပါတယ်။ Turner Syndrome လက္ခဏာကလေးငယ်များကို ပုံမှန်ထက် ခက်ခက်ခဲခဲကိုယ်ဝန်ဆောင်ရပြီး သူတို့ပိုကြာကြာအသက်ရှင်နိုင်ဖို့ ဟော်မုန်းကုသမှုတွေလိုအပ်ပါတယ်။
Klinefelter’s Syndrome ခေါ် မျိုးရိုးဗီဇမူမမှန်တဲ့ရောဂါလက္ခဏာတစ်မျိုး
အမျိုးသားများမှာသာ ဖြစ်တတ်တဲ့ Klinefelter’s Syndrome ဟာ X ခရိုမိုဆုန်း ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ ဒီအခြေအနမှာ ပုံမှန်ထက်ပိုပြီး ခရိုမိုဆုန်းတွေ ရှိတတ် ပါတယ်။ Klinefelter’s Syndrome ရှိသူများဟာ ပုံမှန်ထက် ဝှေးစေ့ ပိုမိုသေးငယ်ပြီး ကိုယ်ဝန်ဆောင်ဖို့ခက်ခဲပါတယ်။ သူတို့မှာပုံမှန်နဲ့မတူတဲ့ ရုပ်ပိုင်း ဆိုင်ရာ မူမမှန်မှုများဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့အရပ်ရှည်ခြင်း ၊ ရင်သားကြီးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။