“ ကင်ဆာ ” ဆိုတဲ့စကားလုံးအသုံးအနှုန်းဟာ ကြားရသူတိုင်းအတွက် စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့စကားလုံးပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် ရင်သားကင်ဆာလို့ ကြားလိုက်ရင် အနည်းနဲ့အများ ကြောက်ရွံ့စိုးရိမ် နေမှာကအသေအချာပါပဲ။ ထိုင်းနိုင်ငံကအမျိုးသမီးတွေကတော့ ဒီရောဂါဖြစ်ပွားဖို့ ရာခိုင်နှုန်းများနေတဲ့ အခြေအနေတစ်ရပ်မှာရှိနေပါတယ်။ ပြီးခဲ့တဲ့ (၁၀)စုနှစ်အတွင်း သက်သေသာဓက တွေလည်း အများကြီးရှိခဲ့ပြီးပါပြီ။ တချို့လူနာတွေကတော့ အခြေအနေပေါ်မူတည်ကာလိုအပ်ချက်အရ ရင်သားဖြတ်ထုတ်ခွဲစိတ်ခြင်း(Mastectomy) ကို လုပ်ဆောင်ရပြီး ဒီခွဲစိတ်လုပ်ဆောင်မှုကြောင့် သူတို့ရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားသတ်မှတ်မှုအပေါ် ပြင်းပြင်းထန်ထန်သက်ရောက်မှုရှိစေပါတယ်။
ယနေ့ခေတ်မှာ ရင်သားကင်ဆာရဲ့ ကနဦးအဆင့်အခြေအနေကို သေချာပေါက် ပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကုသဖို့ဆိုရင် ကင်ဆာအမျိုးအစားနဲ့ အဆင့် အပေါ်မူတည်ပြီး ရင်သားခွဲစိတ်ဖြတ်ထုတ်ခြင်း(Mastectomy) နဲ့ ရင်သားမှအကျိတ်အစိုင်အခဲများ အားဖယ်ရှားခွဲစိတ်ခြင်း(Breast-Conserving Surgery) စတဲ့ နည်းလမ်း(၂)မျိုးရှိပါတယ်။