ခေါင်းတစ်ခြမ်းထဲ အပြင်းအထန်ကိုက်နေတာကို Migraine (မိုင်ဂရိန်း) လို့ ခေါ်ပါတယ်။ ကိုက်တိုင်းလည်း တစ်ဖက်တည်းချည်းပုံမှန် ကိုက်လေ့ရှိပြီး ပျို့တက်လာခြင်းနဲ့ အန်ခြင်းတို့ နောက်ဆက်တွဲ ဖြစ်လာပါတယ်။ တစ်ချို့ အသံ နဲ့ အလင်းရောင်တွေကို မခံနိုင်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်သွားတဲ့သူတွေလည်း ရှိပါတယ်။ တစ်ခါကိုက်ရင် တစ်နာရီလောက်ကြာတတ်ပါတယ်။ တစ်ချို့ဆိုရင် သူတို့ရဲ့ နေ့စဉ်ပုံမှန်ဘဝကိုတောင် ထိခိုက်လာတဲ့အထိ ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာကို ခံစားနေကြရပါတယ်။
မကုဘဲထားမယ်ဆိုရင် ပိုဆိုးလာပြီး ကိုက်တဲ့အကြိမ်အရေအတွက်လည်း ပိုလာပါမယ်။ ဆေးတွေရှိပေမယ့် ကြာလေ ဆေးမတိုးတော့လေလည်း ဖြစ်တတ်ပါတယ်။
ခေါင်းတခြမ်းကိုက်တယ်ဆိုတာ ဦးနှောက်ရဲ့ အပြင်ဘက်အခြမ်းမှာရှိတဲ့ အာရုံကြောစနစ်မှာ မူမမှန်မှုတစ်ခုခု ရှိနေလို့ ဖြစ်တာ ဖြစ်ပါတယ်။ သွေးထဲမှာ ဓာတုပစ္စည်းတစ်ခုခုပါဝင်နေလို့ အဲဒီအာရုံကြောလေးတွေ ရောင်လာတာ၊ ကျယ်လာတာကြောင့် ခေါင်းကိုက်ရခြင်း ဖြစ်ပါတယ်။
ဦးနှောက်အပေါ်မှာ ဖိအား ဘယ်လောက်ပြင်းသလဲဆိုတဲ့အပေါ်မှာမူတည်ပြီး ခေါင်းတစ်ခြမ်းကိုက်ရခြင်းအကြောင်းရင်း နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ခွဲခြားထားပါတယ်။
ခေါင်းတစ်ခါကိုက်ရင် ၄ နာရီကနေ ၇၂ နာရီအထိတောင် ကြာတတ်ပါတယ်။ ဘယ်လောက်ခဏခဏ ဖြစ်သလဲ ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းခွင်ကို ထိခိုက်လောက်တဲ့အထိဖြစ်လာပြီဆိုရင်၊ ဒါမှမဟုတ် အောက်ပါအခြေအနေတွေ တစ်ခုခု ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ကုသခြင်းနဲ့ပတ်သက်လို့ကတော့ ကိုက်တဲ့အချိန်မှာ အမြန်သက်သာစေတဲ့ကုထုံးနဲ့ ဖြစ်မလာအောင်ကိုတင်ကာကွယ်နိုင်တဲ့ကုထုံးဆိုပြီး ၂ မျိုး ခွဲထားနိုင်ပါတယ်။ ဆက်ဖတ်ကြည့်ပါအုန်း။
ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာဟာ ပြင်းထန်လို့ အခံရခက်တဲ့အပြင် နာတာရှည်ဖြစ်နိုင်သလို ဖြစ်လိုက် ပျောက်လိုက်လည်း ဖြစ်နေနိုင်ပါတယ်။ လူနာအနေနဲ့ မိမိခေါင်းကိုက်ခြင်းကို ဖြစ်လာစေမယ့် အကြောင်းရင်းတွေကို သတိထားပြီး ရှောင်ရှားစေချင်ပါတယ်။ ဒါ့အပြင် အိပ်ရေးဝအောင်အိပ်ခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း နဲ့ စိတ်ဖိစီးမှု လျှော့ချခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။
ခေါင်းတွေ စ ကိုက်ချင်လာပြီဆိုရင် အလင်းရောင်နည်းပြီး တိတ်ဆိတ်တဲ့အခန်းထဲမှာ မျက်လုံးလေး မှိတ်ထားပြီး ခဏလောက် အိပ်နေလိုက်ပါ။ ခေါင်းကိုက်နေတဲ့နေရာကို သာသာလေး နှိပ်ပေးခြင်း၊ လည်ပင်းတစ်ဝိုက်ကို အအေးလည်း ကပ်ပေးခြင်းဖြင့်လည်း ကိုက်ခဲမှုကို လျော့ပါးသက်သာစေပါတယ်။
မည်သို့ပင်ဆိုစေကာမူ… ရုတ်တရက်ခေါင်းတစ်ခြမ်းကိုက်လာခြင်းနဲ့အတူ အပေါ်မှာပြောခဲ့သလိုပါပဲ။ ပျို့အန်ခြင်း၊ အမြင်ဝေဝါးခြင်း၊ စကားပြောခက်ခဲခြင်း၊ တစ်ကိုယ်လုံးထုံကျင်လာခြင်း စတာတွေ ဖြစ်လာခဲ့ရင်တော့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ အမြန်လုပ်ရမှာဖြစ်ပြီး ကိုယ့်အခြေအနေအရ သင့်တော်သလို ကုသမှုတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
*ထည့်သွင်းရန်လိုအပ်သည်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်