IBS ရောဂါကိုကုသဖို့အတွက် အိမ်မှာကုသနိုင်တဲ့နည်းလမ်းရှိသလို ဆရာဝန်နဲ့ ပြသပြီးကုသနိုင်တဲ့နည်းလမ်းများလည်းရှိပါတယ်။ ရွေးချယ်နိုင်တဲ့ ကုသမှု နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- စားသောက်မှုပုံစံကိုထိန်းညှိခြင်း - တကယ်လို့ တချို့အစားအစာတွေ ဟာ သင့်အတွက် IBS ရောဂါဖြစ်ဖို့ အားပေးတယ်ဆိုရင် ဒီလိုအစားအစာတွေ ကို ရှောင်ကျဉ်ခြင်းဟာ လက္ခဏာတွေကို သက်သာစေမှာဖြစ်ပါတယ်။
- Lactose သကြားဓာတ်ကိုရှောင်ကျဉ်ခြင်း ( Lactose သကြားဓာတ်ဟာ IBS ရဲ့ နောက်ဆက်တွဲအခြေအနေများကိုပိုမိုဆိုးရွားစေပါတယ်)။
- အစာချေစနစ်ကိုကောင်းမွန်စေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ အမျှင်ဓာတ် ပါဝင်မှုကိုတိုးမြှင့်ခြင်း။
- စိတ်ဖိစီးမှုကိုလျှော့ချခြင်း။ စိတ်ဖိစီးမှုဟာ IBS ရဲ့ သက်ရောက်မှုများ ကို ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် အချင်းချင်းဆွေးနွေးတိုင်ပင်ခြင်းနဲ့ လေ့ကျင့်ခန်းများလုပ်ဖို့ အကြံပြုချင်ပါတယ်။
- တချို့ဆေးဝါးများ ( ဝမ်းပိတ်ဆေး၊ စိတ်ဖိစီးမှုလျှော့ချသည့်ဆေး၊ စိတ်ကျ ရောဂါအတွက်သောက်သည့်ဆေး)။ ဆေးဝါးများဟာ IBS ရောဂါကို မကု သပေးနိုင်ပေမယ့်လည်း ရောဂါလက္ခဏာများကို သက်သာစေဖို့ ကူညီပေး ပါတယ်။
အရေးကြီးတာတစ်ခုကတော့ IBS ရောဂါ ဟာ သင့်လျော်တဲ့ စားသောက်မှု ပုံစံ၊ ဆရာဝန်လမ်းညွှန်တဲ့အစီအစဉ် များကို လိုက်နာမယ်ဆိုရင် ကုသ ပျောက်ကင်းနိုင်ပါတယ်။