ဆေးလိပ်ဖြတ်ခြင်းဟာ ကြိုတင်ကာကွယ်မှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ တွေ့ရှိချက်များ အရ ဆေးလိပ်ဖြတ်ပြီးတစ်နှစ်အတွင်း နှလုံးခုန်နှုန်းမြန်ခြင်းကို ဖြစ်စေတဲ့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေဟာ ဆေးလိပ်သောက်သူတွေနဲ့ယှဉ်ရင် ထက်ဝက်လျော့ကျသွားတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဆေးလိပ်ကို (၂)နှစ်နဲ့ အထက် မသောက်ဘဲနေမယ်ဆိုရင် ဆေးလိပ်လုံးဝမသောက်သူတွေလိုပဲ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေဟာ လုံးဝလျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။
တစ်ပတ်ကို (၅)ရက် တစ်နေ့ကို (၁၅)မိနစ် - မိနစ် (၃၀) ကြာအောင် လမ်းလျှောက်ခြင်း ၊ ခပ်နှေးနှေးပြေးခြင်း စတဲ့လေ့ကျင့်ခန်းတွေကို သင့်တင့်မျှတစွာလုပ်ဆောင်ပေးမယ် ဆိုရင်လည်း နှလုံးသွေးကြောရောဂါကို ရှောင်ကျဉ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ဖက်ရည် ၊ ကော်ဖီနဲ့ လန်းဆန်းစေတဲ့သောက်စရာအရည်များအားလုံးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။
ဒါ့အပြင် ရောဂါဖြစ်နိုင်ခြေအုပ်စုမှာပါဝင်သူများအားလုံးဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်တင့်မျှတတဲ့စားသောက်မှုပုံစံအတိုင်းစားပြီး ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ရပါမယ်။ တကယ်လို့ နှလုံးခုန်နှုန်းနဲ့ပတ်သက်ပြီး တစ်ခုခုမူမမှန်တာကို သတိထားမိယ်ဆိုရင် ရောဂါ ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်ဖို့ ဆရာဝန်နဲ့ ချက်ချင်းပြသတိုင်ပင်ရပါမယ်။
မျိုးရိုးဗီဇ အခြေအနေများအတွက် risk assessment ကိုဖြည့်ပါ။
