ပန်းသေပန်းညှိုးဟာ အသက်ကြီးတဲ့အမျိုးသားတွေမှာသာ ဖြစ်လေ့ရှိတဲ့ ပြဿနာ တစ်ခုလို့ ယခင်က သတ်မှတ်ခဲ့ပေမယ့်လည်း ယနေ့ခေတ်မှာတော့ အသက်အရွယ် မရွေး ဖြစ်ပွားနေကြပါတယ်။ ငယ်ရွယ်တဲ့အမျိုးသားများမှာ ဖြစ်ပွား မှုဟာ ယခင်ကထက် ပိုပြီးများလာပါတယ်။ ဒီပြဿနာဟာ လူတစ်ယောက်ရဲ့ အသက်ကို ထိခိုက်စေတဲ့ အခြေအနေမျိုး မဟုတ်ပေမယ့်လည်း ယေဘုယျကျန်းမာရေး အတွက် အဓိက ကျတဲ့ ညွှန်းဆိုချက်တစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် လေဖြတ်ခြင်း ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ သွေးလည်ပတ်မှု အားနည်းခြင်းကြောင့်ဖြစ်တဲ့ရောဂါများနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ပန်းသေပန်းညှိုး ရောဂါဟာ အိမ်ထောင်သည်ဘဝကို သိသိသာသာ ထိခိုက်စေပြီး နေ့စဉ်မိသားစုဘဝကို ပါ သက်ရောက်မှုရှိစေပါတယ်။
လိင်တံထောင်မတ်မှု ထိန်းသိမ်းနိုင်ဖို့ သဘာဝနည်းလမ်းအတိုင်း လုပ်ဆောင်မယ် ဆိုရင် ဦးနှောက်နဲ့အာရုံကြောစနစ်နဲ့ပေါင်းပြီး ဟော်မုန်းထိန်းချုပ်မှုအောက်မှာ လုပ်ဆောင်ရတာဖြစ်ပါတယ်။ လိင်တံဟာ အောက်မှာဖော်ပြထားတဲ့ ပုံမှန် လုပ်ဆောင်ချက် (၄)ချက်အပေါ်မူတည်ပြီး စတင်ထောင်မတ်လာပါတယ်။
၁။ ဦးနှောက်နှင့်အာရုံကြောမှတစ်ဆင့်အလိုအလျောက်လှုံ့ဆော်ပံ့ပိုးမှု
၂။ သွေးကြောများမှအလိုအလျောက်လှုံ့ဆော်ပံ့ပိုးမှု
၃။ ခန္ဓာကိုယ်ကိုသင့်လျော်စွာသက်ရောက်စေသည့်နူးညံ့တဲ့ကြွက်သားများရဲ့ လှုံ့ဆော်မှု
၄။ သွေးကြောပိတ်ဆို့မှုကနေ အလိုအလျောက်လှုံ့ဆော်ခြင်း
လိင်တံဟာ ပုံမှန်အခြေအနေမှာ ပျော့ပြောင်းနေပြီး လိင်မှုဆိုင်ရာလှုံ့ဆော်မှု ကို တုန့်ပြန်တဲ့ အနေနဲ့ ပြန်လည်ထောင်မတ်လာပါတယ်။
၁။ အသေးစားပန်းသေပန်းညှိုးအခြေအနေ - ဒီအခြေအနေမှာ အောင်မြင်တဲ့ လိင်ဆက်ဆံမှုကို အများအားဖြင့် လုပ်ဆောင်နိုင်ပါတယ်။
၂။ အလယ်အလတ်ပန်းသေပန်းညှိုးအခြေအနေ - ဒီအခြေနေမှာ အောင်မြင်တဲ့ လိင်ဆက်ဆံမှုကို တစ်ဝက်ခန့်သာလုပ်ဆောင်နိုင်ပါတယ်။
၃။ ပြင်းထန်တဲ့ပန်းသေပန်းညှိုးအခြေအနေ - ဒီအခြေအနေကတော့ အောင်မြင်တဲ့ လိင်ဆက်ဆံမှုကို လုံးဝနီးပါး မလုပ်ဆောင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။
အမျိုးသားတစ်ယောက်ဟာ လိင်ဆက်ဆံနေစဉ်အတွင်း လိင်တံထောင်မတ်မှုကို ထိန်းသိမ်းထားနိုင်တဲ့ဆိုရင် ဒါကို သာမန်အခြေအနေလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို အဓိကဖြစ်စေတဲ့အကြောင်းအရင်း ကတော့ လိင်တံမှာ လုံလောက်တဲ့ သွေးလည်ပတ်မှုမရှိခြင်းကြောင့်အဓိက ဖြစ်ပြီး ရုပ်ပိုင်း စိတ်ပိုင်း နှစ်ခုစလုံးရဲ့ နောက်ဆက်တွဲပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါရှာဖွေမှု မလုပ်ခင်မှာ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ လူနာရဲ့ ကျန်းမာရေးရာဇဝင်အပြည့်အစုံကိုမေးမြန်းပြီး စမ်းသပ်မှုများစွာကိုလုပ်ဆောင်ဖို့လိုပါတယ်။
လုံလောက်စွာအနားယူခြင်း ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း ၊ ရောဂါဖြစ်နိုင်တဲ့ အကြောင်း အရင်းများကို ရှောင်ရှားပြီး ကျန်းမာရေးစစ်ဆေးခြင်း စတာတွေဟာ ပန်းသေပန်းညှိုး ရောဂါကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။
ကုသမှုနည်းလမ်းများကတော့ ဆေးသောက်ခြင်း ၊ လိင်တံထောင်မတ်ခြင်းကိုထိန်းသိမ်း ပေးတဲ့ ကိရိယာများကိုအသုံးပြုခြင်း စတာတွေဖြစ်ပါတယ်။ လက်ရှိမှာ ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ ကုသမှုနည်းလမ်း (၄)မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အသံလှိုင်းကုထုံး (Shockwave Treatment) လို့ခေါ်တဲ့ကုသမှုနည်းလမ်းဟာ ပန်းသေပန်းညှိုး ရောဂါအတွက် နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပြီး ပြင်းအားမများတဲ့ အသံလှိုင်းများကို လူနာရဲ့လိင်တံအပြင်ဘက်ဆီ ပို့လွှတ်ပြီး သွေးကြောသစ်များ ကြီးထွားလာအောင် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ သွေးကြောသစ်များမြင့်တက်လာခြင်းဟာ လိင်တံဆီသွေးလည်ပတ်မှု ပိုမိုအားကောင်း စေတာဖြစ်ပြီး လိင်တံထောင်မှတ်မှုကို ပိုမိုကြာရှည်အောင် ထိထိရောက်ရောက် ထိန်းထား ပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတာကြောင့် အန္တရာယ်မရှိတဲ့နည်းလမ်းလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီနည်းလမ်းနဲ့ကုသမှုခံယူခဲ့သူများဟာ ကုသမှုမစခင်ကအခြေအနေနဲ့ယှဉ်မယ်ဆိုရင် ကုသမှု (၃)ကြိမ်-(၄)ကြိမ်လောက် ပြီးတဲ့ အခါမှာ အခြေအနေ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆရာဝန်ရဲ့ညွှန်ကြားချက်အရ တခြားသော ကုသမှုများကိုလည်း ခံယူမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပိုမိုစိတ်ချရတဲ့အခြေအနေကို ရောက်ရှိနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုအကြိမ်အရေအတွက်ဟာ ရောဂါပြင်းထန်မှုအပေါ်လုံးဝမူတည်သလို ဆီးချိုနဲ့ စိတ်ဖိစီးမှုကဲ့သို့ ဆက်စပ်အကြောင်းအရင်းများနဲ့လည်း သက်ဆိုင်ပါတယ်။ စီစဉ်ရေးဆွဲမှုနဲ့ ကုသအောင်မြင်ခြင်း ကိုလေ့လာဆန်းစစ်မှု ဟာလူနာကိုကုသပေးတဲ့ဆရာဝန်မှာ တာဝန်ရှိပါတယ်။ Shockwave Treatment ကို လိင်မှုဆိုင်ရာစွမ်းရည်နယ်ပယ်မှာ နားလည်တတ်ကျွမ်း တဲ့ အထူးကုဆရာဝန်ကြီးများရဲ့ လမ်းညွှန်မှုနဲ့သာလုပ်ဆောင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို နားလည်တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်ကြီးများကသာလျှင် ဘယ်ကုသမှုဟာ အထိရောက်ဆုံးရလဒ်ကို ပေးစွမ်းနိုင်တယ်ဆိုတာကို မစဉ်စားခင် ရောဂါရှာဖွေပေးနိုင်လို့ပဲဖြစ်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်