တကယ်လို့များ တစ်စုံတစ်ယောက်ဟာ ရင်ဘတ်အောင့်တယ်လို့ခံစားနေရရင် အဓိကစဉ်းစားရမှာက နှလုံးသွေးကြော အခြေအနေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရင်ဘတ်အောင့်ခြင်းဟာ နှလုံးပြဿနာကြောင့်ဖြစ်နေတာဖြစ်ပြီး ဆေးရုံသို့ လျင်မြန်စွာ ပို့ဆောင်မှုပြုဖို့ လိုအပ်နေတယ်လို့ လူဘယ်နှစ်ယောက်က တွေးထင်မိပါသလဲ? ဆိုကြပါစို့လူငယ်လေးတစ်ယောက်က လေ့ကျင့်ခန်းပြုလုပ်နေတဲ့ အချိန် ရင်ဘတ်အောင့်တယ်လို ပြောရင်? သို့မဟုတ် မိဘတွေနဲ့စိတ်ဆိုးစကားများပြီးနောက် ရင်ဘတ်ကအောင့်တယ်လို့ ပြောလာတဲ့အခါ? ဒီလိုလက္ခဏာများက နှလုံးပြဿနာများလား? ဒီလိုရင်ဘတ်အောင့်ခြင်းခံစားလာရပါက သူတို့ကို အရေးပေါ်ဌာနသို့ အလျင်အမြန်ပို့ဆောင်သင့်ပါသလား?
နှလုံးသွေးကြောနဲ့ဆိုင်တဲ့ လက္ခဏာအခြေအနေများကို ကျွန်တော်တို့သိထားပါက ဒီလိုအရေးပေါ်အခြေအနေမျိုးနဲ့ကြုံတွေ့လာရသောသူများကို ထိရောက်တဲ့ဆေးကုသမှုမျိုးပေးနိုင်မှာဖြစ်ပါတယ်။
ရင်ဘတ်အောင့်ရတဲ့အကြောင်းအရင်းများစွာရှိနိုင်ပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်အထိစိုးရိမ်ရတဲ့ အကြောင်းအရင်းများမှာ နှလုံးအောင့်ခြင်း (သို့) နှလုံးကြွက်သားများပျက်စီးခြင်းစတဲ့ လက္ခဏာရပ်များဖြစ်ပါတယ်။ နှလုံးရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဒါကြောင့် ထိုကဲ့သို့သော် အခြေအနေမျိုး မိနစ် ၂၀ ထက်ကြာမြင့်ခဲ့သော်၊ နှလုံးရောဂါအခြေအနေမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဝေဒနာလက္ခဏာမျိုးခံစားရလာရင် အမြန်ဆုံး ဆေးကုသမှုအခြေအနေမျိုးပြုလုပ်သင့်ပါတယ်။
(၁) အဆုတ်အမြေးဖုံး၌လေဝင်ခြင်း(Pneumothorax): လူနာတစ်ဦးမှာ ၎င်းကဲ့သို့ အခြေအနေမျိုးကြုံတွေ့နေရရင် ရင်ဘတ်တစ်ခြမ်းဖြစ်စေ၊ နှစ်ခြမ်းဖြစ်စေ အလွန်တင်းကျပ်မှုမျိုးကို သိသာထင်ရှားစွာခံစားရမှာဖြစ်ပါတယ်။ အခြားသော လက္ခဏာမှာ အသက်ရှူသည့် ပမာဏထုထည် ကျဆင်းလာပြီး အချိန်နှင့်အမျှပို၍ ဆိုးလာစေ နိုင်ပါတယ်။ ဤကဲ့သို့ သော အခြေအနေမျိုးမှာ မဆိုင်းမတွဘဲ ဆေးကုသမှုခံယူရန် လိုအပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဤ အခြေအနေမှတဆင့် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ပျက်ယွင်းစေနိုင်ခြင်းကြောင့်ပင် ဖြစ်ပါ နိုင်ပါတယ်။
(၂) GERD (gastroesophageal reflux disease): ၎င်းကဲ့သို့ အခြေအနေမျိုးကြုံတွေ့နေရရင် ရင်ညွှန့်ရိုး၏ အောက်ခြေမှ ရင်ဘတ်အလည်ထိ ပူလောင်သော ခံစားချက်မျိုးဖြစ်တယ်။ ထိုကဲ့သို ခံစားရသော တချို့လူနာတွင် လည်မျို၌ ပူလောင်ခြင်းမျိုး ဖြစ်တတ် ပါတယ်။ ။ အစာစားပြီးပြီးခြင်း လှဲအိပ်ခြင်းနှင့် တခါတည်းအစာ အများကြီးပြည့်အောင် စားသုံးခြင်းတို့သည် ထိုသို့သော လက္ခဏာများကို ပိုဆိုးစေပြီး အသက်ရှူမ၀ဖြစ် စေတတ်ပါတယ်။ သို့သော်လည်း ဤကဲ့သို့သော ဝေဒနာများသည် လမ်းအနည်းငယ်လျှောက်ရုံဖြင့် သက်သာသွားစေနိုင်ပါတယ်။ ဤကဲ့သို့သော လက္ခဏာများသည် သင့်တော်သော သောက်ဆေးသောက် ပေးပါက လျင်မြန်စွာ သက်သာပျောက်ကင်းသွားစေနိုင်သည်။ (GERD) သည် အသက်အန္တ ရယ် စိုးရိမ်ရသော အခြေအနေမျိုး မဟုတ်သော်လည်း နှလုံး (Heart Attack)၏ လက္ခဏာနှင့် အလွန်ဆင် တူသောကြောင့် ဆရာဝန်နှင့်တွေ့ပြီး ရောဂါရှာဖွေခြင်းနှင့် သင့်တော်သော ကုသမှုများ စီစဉ်သင့်ပါတယ်။
(၃) Costochondritis: ၎င်းကဲ့သို့ အခြေအနေမျိုး၌လည်း ရင်ဘတ်အောင့်သည့် ဝေဒနာမျိုး ရင်ဘတ် ၏ ဘယ်ဘက်ဖြစ်စေ၌ညာဘက် ၌ဖြစ်စေ ဖြစ်ပေါ်တတ်ပါတယ်။ဤလက္ခဏာတွင် ရင်ဘတ်သို့ အချွန် ဖြင့်ထိုးသည့် နာကျင်မှုမျိုးရှိတက်ပါတယ်။ ဤကဲ့သို့ ခံစားရလျှင် ကိုယ်ခန္ဓာအနေအထားပြောင်းလိုက်လျှင် နာကျင်မှုသည် မည်သည့်နေရာမှ လာသည်ကို ထင်ရှားစွာ သိနိုင်ပါတယ်။အချို့လူနာများသည် အသက် ရှူလိုက်လျှင် ရင်ဘတ်မှ နံရိုးအုံ၏လှုပ်ရှားမှုကြောင့် အလွန်နာကျင်မှုမျိုးကို ဖြစ်ပေါ်စေတယ်။ပြန်၍ထိုင် လိုက်လျှင် ဝေဒနာပြန်၍သက်သာသွားပြန်ပါတယ်။ ထိုသို့သော လက္ခဏာမှာ ၅ မိနစ်မှ မိနစ်အနည်းငယ် သာ ကြာမြင့်တတ်၍ ဆေးကုသရန် မလိုအပ်ပါ။ သို့သော်လည်း ဝေဒနာမှာ မိနစ် ၂၀ တိုင်အောင် မသက် သာလာပါက ဆရာဝန်နှင့် ရောဂါကို သိရှိစေရန် စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
(၄) Pulmonary embolism: (အဆုတ်တွင် သွေးခဲမှု ဖြစ်ပေါ်ခြင်း) ၎င်းကဲ့သို့ အခြေအနေမျိုးကို (economic class syndrome) ဟူ၍ သုံးနှုန်းတတ်ကြပါတယ်။အဘယ်ကြောင့်ဆိုသော် ထိုသူများတွင် ခရီးတစ်နေရာမှ အခြားတစ်နေရာသို့ သွားလာရာတွင် တစ်ရာရီထက် ကြာမြင့်စွာ သွားလာရခြင်းကြောင့် ထိုအခြေအနေမျိုးကို ဖြစ်ပေါ်စေပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း အဆုတ်၌သွေးခဲ သောအခြေအနေမျိုးကို ဖြစ်ပေါ်နိုင်စေပါတယ်။ ထိုသို့ဖြစ်ရသည်မှာ သွေးကိုခဲသွားစေခြင်းနှင့် ခြေထောက် တွင် သွေးခဲမှုမျိုးကို ဖြစ်ပေါ်စေပြီးနောက် သွေးလည်ပတ်မှု ပို့ဆောင်သည့်အတိုင်း အဆုတ်သို့ ရောက်ရှိ စေပြီး လူနာ၌ မောပန်းမှုကို ဖြစ်လာစေပါတယ်။ ထို့နောက် ( Heart Attack ) နှင့် ဝေဒနာခြင်းဆင်တူ သော အသက်ရှူကြပ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းမျိုး ခံစားရပါတယ်။သို့သော်လည်း ဤကဲ့သို့သော နာကျင်မှုသည် ကိုယ်ခန္ဓာ၏ အခြားနေရာများသို့ မရောက်ခင်ပင်တချို့သော ဆိုးဝါးသောအခြေအနေများတွင်မူ အသက်အန္တရာယ်ကိုပါ ထိခိုက်စေပါတယ်။
(၅) Hyperventilation syndrome: (အဆုတ်ထဲသို့အသက်ရှူသွင်း ရှူထုတ် ပြင်းထန်မြန်ဆန်သော ပြဿနာ) အသက်ရှူသွင်း ရှူထုတ် ပြင်းထန်ခြင်းမျိုးသည် လူနာတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာနှင့် ဆက်သွယ်မှုရှိပြီး ထိုလူနာ၏ အသက် ရှူသွင်းမှု အနေအထားတည်ငြိမ်စွာမရှိတာ ကိုတွေ့ရပါတယ်။လူနာ၏အသက်ရှူနှုန်း မြန်လာလျှင် သွေးထဲ တွင် အက်စစ်ဓာတ်များ ပုံမမှန်ဖြစ် စေကာ ရင်ဘတ်တွင်တင်းကျပ်လာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ကြွက်သားများ ကြုံ့ တွလာခြင်း (သို့မဟုတ်) ကိုယ်ခန္ဓာတကိုယ်လုံးအနှံ့ ထုံ ကျင်လာမည်ဖြစ်ပါတယ်။ဤကဲ့သို့ သောလူနာသည် ထိုလက္ခဏာဝေဒနာများဖြစ်လာသောကြောင့် မိမိကိုယ်ကို အသက်ရှူ ပုံမှန်ဖြစ်လာစေ ရန် အသက်ရှူ ခြင်းအကြိမ်အရေအတွက် မြှင့်လိုက်ခြင်းက ထိုအခြေအနေကို ပိုဆိုးစေပါသည်။ ထိုအခြေအနေ မျိုးကို ဆယ်ကျော်သက်များ စိတ်ဖိစီးမှုနှင့် ဖိအားများကြုံတွေ့ရသော အခြေအနေမျိုးတွင် ပို၍တွေ့ရပါ တယ်။ ရှေ့ဦးပြုစုနည်းလမ်းများအရ ထိုသူကို ကြမ်းပြင်၌ လဲလျောင်းစေပြီး၊ စိတ်လျှော့စေခြင်း၊ အသက်ရှူ နည်းကို ပုံမှန်ရှူသွင်းမှု ပြုလုပ်စေရန် အကြံပြုရပါမယ်။ဤခံစားရသော လက္ခဏာမှာ ၅ မိနစ်မှ ၁ဝမိနစ်အ တွင်း ဤအကြံပြုချက်အတိုင်း ပြုလုပ်လျှင် လျင်မြန်စွာ လျှော့သွားပါမယ်။ သို့သော်လည်း ဤသို့ဆောင် ရွက်မှု ပြုလုပ်ပြီး လူနာ၌ ဝေဒနာ မသက်သာခဲ့သော် ဆေးရုံသို့ သင့်တော်သော ဆေးစစ်ကုသမှုများ ခံယူရန် ပို့ဆောင်သင့်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်