ကုသမှုနည်းလမ်းတွေမှာတော့ ရောဂါလက္ခဏာတွေကို လက်တွေ့ကုသမှု နဲ့ ရောဂါကိုတိုက်ရိုက်ကု သမှု နှစ်မျိုးစလုံးပါဝင်ပါတယ်။ ရောဂါလက္ခဏာများနဲ့ ထပ်တိုးရောဂါပြဿနာတွေအတွက် ဆေးဝါးတွေကို အသုံးပြုရပါတယ်။ ရောဂါလက္ခဏာများကို ပုံမှန်စောင့်ကြည့်လေ့လာခြင်းနဲ့ နှလုံးအဆို့ရှင်မလုံခြင်းအခြေအနေပြင်းထန်မှုကိုလည်း စပ်းသပ်စစ်ဆေးရပါတယ်။ တကယ်လို့ အဆို့ရှင်မလုံခြင်းဟာ ပြင်းထန်မယ် ဒါမှမဟုတ် ရောဂါလက္ခဏတွေကို ဆေးနဲ့ မနိုင်တော့ဘူးဆိုရင် နောက်ဆက်တွဲကုသမှုတွေကိုလုပ်ဆောင်ရပါတယ်။
၁ ။ နှလုံးအဆို့ရှင်မလုံခြင်း ကို သိသိချင်းမှာ ပုံမှန်ရွေးချယ်ကြတဲ့နည်းလမ်းကတော့ ခွဲစိတ်ကုသခြင်းပဲဖြစ်ပါတယ်။ နှလုံးအဆို့ရှင်မလုံခြင်းအတွက် အဓိက ခွဲစိတ်ကုသမှု (၂) မျိုးက တော့ နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ကုသမှုနဲ့ နှလုံးအဆို့ရှင်ပြုပြင်ကုသခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ နှလုံးအဆို့ရှင်ပြုပြင်ခွဲစိတ်ကုသခြင်းနည်းလမ်းကို ပိုမို ရွေးချယ်အသုံးပြုလာ ကြပါပြီ။ ( Mitral Heart Valve အတွက် အသုံးပြုပါသည်)
၂ ။ သွေးလွှတ်ကြောအဝမှာရှိတဲ့အဆို့ရှင်ပျက်စီးတယ်ဆိုရင် သွေးလွှတ်ကြောအဆို့ရှင်အစားထိုး ကုသမှု (Transcatheter Aortic Valve Implantation) နဲ့ ကုသနိုင်ပြီး Mitral Valve လို့ခေါ်တဲ့ အဆို့ရှင်ပျက်စီးတယ်ဆိုရင် Transcatheter Mitral Valve ပြုပြင်ကုသခြင်းနဲ့ လုပ်ဆောင်နိုင်ပါ တယ်။ ဒီနည်းလမ်းမှာ လူနာဟာခွဲစိတ်ကုသစရာမလိုပါဘူး။ နှလုံးအဆို့ရှင်မလုံခြင်း လျော့ကျသွားမှာဖြစ်ပေမယ့် လူနာဟာ အရှင်းသက်သာပျောက်ကင်းမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့်ဒီနည်းလမ်းကို ယေဘုယျအားဖြင့် သေဆုံးနိုင်ခြေ(၅)ရာခိုင်နှုန်းအထက်ရှိတဲ့လူနာများ (High-Surgical-Risk patients) အတွက်အသုံးပြုသလို ရောဂါအခြေအနေတစ်ခုချင်းစီအတွက် အခြေခံပြီး ထည့်သွင်းစဉ်းစားကြပါတယ်။