လူကြားထဲမှာ လေတက်ချင်တာ တို့ လေလည်ချင်တာတို့ ဖြစ်ဖူးကြမှာပါ။ ကိုယ်က ဘယ်လိုမှမထိန်းနိုင်လို့ လေတက်မိသွားတဲ့အခါ သို့မဟုတ် လေလည်မိသွားတဲ့အခါမှာ ဘေးက လူတွေက နှာခေါင်းရှုံ့သွားတာတို့ဖြစ်သွားရင် ကိုယ်က ရှက်ကိုးရှက်ကန်းနဲ့ နေရထိုင်ရခက်သွားတာတို့ သို့မဟုတ် အရှက်မကွဲအောင် ခပ်တည်တည်လေးနဲ့ ထိန်းချုပ်နေလိုက်တာတို့ ဆိုတာက လူတိုင်းမှာတွေ့ရတတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
တကယ်တော့ လေတက်ခြင်း ၊ လေလည်ခြင်းဆိုတာ ပုံမှန်သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ အရွယ်ရောက်သူတိုင်းဟာ တစ်ရက်တွင် ပျှမ်းမျှအနေနဲ့ ပါးစမ် မှ သို့မဟုတ် စအိုက နေ လေလည်ခြင်း/ လေတက်ခြင်းကို ၃ ပိုင့် မျှ ထုတ်လေ့ရှိပါတယ်။ ယေဘုယျအားဖြင့်ဆိုရမယ်ဆိုရင် တစ်ရက်မှာ လေတက်ခြင်း သို့မဟုတ် လေလည်ချိန် စုစုပေါင်း ၁၄ ကြိမ် မှ ၂၃ ကြိမ် အတွင်းရှိတတ်ပါတယ်။ လူအများစုဟာ က လေလည်တဲ့ အကြိမ်ရေပိုများတယ်လို ထင်မိတတ်ကြပါတယ် ဘာလို့လည်းဆိုတော့ ဘေးပတ်ဝန်းကျင်က သတိထားမိတတ်လို့ဖြစ်ပါတယ်။ လေထခြင်းကိုဖြစ်စေတဲ့အကြောင်းအရာများစွာရှိပါတယ်။ တကယ်လို့သင့်မှာ သာမန်ထက်ပိုပြီး လေထတယ် ၊ လေပွတယ် ၊ မအီမသာဖြစ်တယ်ဆိုရင် အထူးဂရုပြုသင့်ပါတယ်။