အသက်အရွယ်အလယ်အလတ်ပိုင်းကိုရောက်လာတာနဲ့အမျှ မျက်ဆန်ထဲမှာရှိတဲ့ အရည် (Vitreous) စာ စတင်ယိုယွင်းလာပြီး သူ့ရဲ့တည်ဆောက်ပုံဟာလည်း ချွဲပစ်ပစ် အနေအထားကနေ အရည်ပုံစံကို ပြောင်းလဲသွားပါတယ်။ ကျုံ့ဝင်သွား ပြီး သူ့ရဲ့ တည်ဆောက်မှုမှာပါတဲ့ အမျှင်များဟာလည်း အရည်နဲ့ ရောနှောသွား ကာ မျက်ဆန်ထဲမှာ အစက်အပြောက်(သို့) အမျှင်အမျှင်လေးတွေ ပေါ်လာပါ တယ်။ မျက်ဆန်ထဲမှာရှိတဲ့အရည်(Vitreous) ဟာ ကျုံ့သွားပြီဆိုတာနဲ့ မျက်စိ အတွင်းလွှာနောက်ဘက်ကနေ တွဲလျက်ရှိရာမှ ကွာကျသွားပါတယ်။ အဲဒီလို နဲ့ အမည်းရောင်အစက်အပြောက်(သို့) အရိပ်များဟာ မျက်ဆန် ဝန်းကျင်တစ်ဝိုက် မှာ ပျံ့နှံ့လာပါတော့တယ်။
မျက်ဆန်ထဲမှာရှိတဲ့ အရည်(Vitreous) ဟာ အသက်အရွယ်ကြီးရင့်လာသူ များ၊ အနီးမှုန်ခြင်းကိုခံစားရသူများ၊ အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူခဲ့သူများ၊ လေဆာပစ်ကုသမှုခံယူခဲ့သူများ၊ မျက်ဆန်ရောင်ရမ်းခြင်းခံစားရသူများ အတွက် ဖြစ်လေ့ရှိတဲ့ အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။