သဘာဝ Carotenoids (အဝါရောင်ကနေ အနီရောင်ကြားမှာရှိတဲ့ အရောင်တွေပါဝင်တဲ့ အုပ်စုတစ်စု)အမျိုးအစားပေါင်း ၆၀၀ ကျော် ရှိတာမှာ မျက်လုံးရဲ့ မြင်လွှာမှာ ၂ မျိုးပဲ တွေ့ရှိရပါတယ်။ သူတို့ဟာ Macula Lueta (ဘဲဥပုံ ရောင်ခြယ်ပစ္စည်းတစ်ခုဖြစ်ပြီးမြင်လွှာရဲ့ အလယ်ရှေ့နားမှာ စုပုံနေကြပြီး) မြင်မှုဆိုင်ရာဗဟိုချက် ကို တာဝန်ယူထားပါတယ်။ lutein နဲ့ zeaxanthin တို့ဖြစ်တဲ့ အဲဒီ Carotenoid တွေဟာ မျက်လုံးအတွက် အကျိုးယုတ်စေတဲ့ ရောင်ခြည်အပြာရောင်နဲ့ နေရောင်ခြည်ထဲမှာပါတဲ့ ဆိုးကျိုးပေးရောင်ခြည်တွေကို မြင်လွှာပေါ် ကျရောက်ခြင်းကနေ ကာကွယ်ပေးခြင်းအားဖြင့် မြင်လွှာဆဲလ်တွေကို မပျက်စီးအောင်လုပ်ပေးတယ်။ ဖရီးရာဒီကယ်တွေကနေလည်း ကာကွယ်ပေးတယ်။
အဝါရောင်တောက်တောက် မာရီဂိုးလ်ဒ်ပန်းတွေနဲ့ အနီရဲရဲ ဂိုဂျိဘယ်ရီသီးတွေဟာဆိုရင် အဲဒီအတွက် အကောင်းဆုံး သဘာဝပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပြောင်းဖူး၊ ကြက်ဥ၊ မုန်လာဥ၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ အက်ကွဲသီး၊ morning glory လို့ခေါ်တဲ့ ပန်းပွင့်ခရမ်းရောင်လေးတွေ၊ သခွားသီး (အခွံအပါအဝင်)၊ ထောပတ်သီး၊ ဖရုံသီး စတာတွေကနေ lutein နဲ့ zeaxanthin တို့ကို ရရှိနိုင်ပါတယ်။ သူတို့ဟာ ပရိုဗီတာမင် – A carotenoids အုပ်စုဝင်တွေ မဟုတ်ကြပါဘူး။ ဆိုလိုတာက beta carotene တွေလို ဗီတာမင် A အဖြစ် ပြောင်းလဲကြမှာ မဟုတ်ပါဘူး။ ပြောချင်တာက သူတို့ကို ခန္ဓာကိုယ်က တိုက်ရိုက်ချက်ချင်း အသုံးချနိုင်ပေမယ့် ပိုနေတာတွေကိုတော့ ခန္ဓာကိုယ်ထဲမှာ စုဆောင်းသိုမှီးထားမှာမဟုတ်ပါဘူး။