ကျွန်မဘဝမှာ မှတ်မှတ်ရရ အမျိုးသမီးလူနာတစ်ယောက်ကြုံခဲ့ဖူးတယ်။ သူမက အသက်(၃၀) နှောင်းပိုင်းအထိ အူမကြီးကင်ဆာဖြစ်နိုင်တဲ့ ရောဂါလက္ခဏာမရှိခဲ့ဘူး။ ကလေးမွေးပြီး (၃)လ လောက် အကြာမှာ ဒီလူနာ ကျွန်မဆီကိုရောက်လာပြီး မသက်မသာခံစားရပြီး ဝမ်းချုပ်တယ် ၊ ပြီးတော့ ဝမ်းသွားရတာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ပြောခဲ့တယ်။ သူမရဲ့ မစင် ကိုစစ်လိုက်တော့ မစင်ထဲမှာ သွေးပါတာ တွေ့ရတယ် ။ ပြီးတော့ အူမကြီးမှန်ပြောင်းကြည့်(Colonoscopy) လိုက်တဲ့အချိန်မှာ အတော်လေးကြီးတဲ့ အကျိတ်တစ်ခုသွားတွေ့တယ်။
အရွယ်အစားကြည့်ရတာတော့ အကျိတ်ကရှိနေတာကြာခဲ့တဲ့ သဘောပဲ ။ သေချာ ထပ်စစ်ဆေးလိုက်တော့ လူနာက သူမမှာ ဂတ်စ်တွေရှိနေပြီး ခဏခဏ ဗိုက်ထဲမအီ မသာဖြစ်တယ် ပြောတယ်။ အကျိတ်က ရှင်းရှင်းလင်းလင်း မတွေ့ခဲ့ရတာဖြစ်လိမ့်မယ်။ ဆေးလေးဘာလေးသောက်လိုက်ရင် ခဏသက်သာသွားတယ်ဆိုတော့ သူကိုယ်တိုင်လည်း ဘာမှ သိပ်သံသယမရှိခဲ့ဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဖြစ်နေကျအတိုင်း ဗိုက်ထဲ မအီမသာဖြစ်တယ်ပဲ ထင်နေခဲ့တော့ အန္တရာယ်မရှိလောက် ဖူးပဲ မှတ်တာပေါ့။ ဒါပေမယ့် ကလေးမွေးပြီးနောက်ပိုင်းလည်း ဝမ်းချုပ်တာက ပိုဆိုးလာတယ်။ မဖြစ်တော့ဘူး ဆရာဝန်နဲ့တွေ့မှဖြစ်မယ်ဆိုပြီး ကျွန်တော့်ဆီရောက်လာတာပဲ။
ဒီဖြစ်ရပ်ဥပမာကို ကြည့်ခြင်းအားဖြင့် အသက်ငယ်သေးတယ် ၊ သာမန်အားဖြင့်အူမကြီး ကင်ဆာ အန္တရာယ်ဖြစ်နိုင်တဲ့အုပ်စုထဲမှာ မပါဘူး ၊ ရောဂါလက္ခဏာတိတိကျကျ မပြဘူးဆိုတဲ့ သူတွေတောင်မှ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကို တွေ့ရပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အရမ်းကြီး ယုံကြည်မှုမလွန်ကဲပါနဲ့ ။ အူမကြီးကင်ဆာရောဂါကိုကာကွယ်ဖို့ ဒီနေ့ပဲ ခြေလှမ်းသစ် စတင်လိုက်ပါလို့ အကြံပေးချင်ပါတယ်။