အမည်/ အထူးပြု/ အတိုကောက်စာလုံး
အမည်/ အထူးပြု/ အတိုကောက်စာလုံး
သို့မဟုတ်
ဆေးရုံ
ဆေးရုံ
အထူးပြု
အထူးပြု

ထောက်ခံမှုများ

Image of တစ်နာရီအတွင်းရေထဲမှာကလေးမွေးဖွားခဲ့သူတစ်ဦးရဲ့အတွေ့အကြုံ

တစ်နာရီအတွင်းရေထဲမှာကလေးမွေးဖွားခဲ့သူတစ်ဦးရဲ့အတွေ့အကြုံ

Colleen Turner ဟာ သူ့ရဲ့ ပထမရင်သွေးကို မွေးဖွားခဲ့တုန်းက တရုတ် မှာရှိတဲ့ ဆေးရုံတစ်ခုမှာ တစ်ပတ်လောက်နေခဲ့ရပြီး ဗိုက်ထဲက ကလေးထွက်လာအောင် မနည်း လုပ်ပေးခဲ့ရ ပါတယ်။ Turner တို့ စုံတွဲဟာ လွန်ခဲ့တဲ့ (၂)နှစ် လောက်က ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ Colleen Turner ဟာ Bangkok Chicago Christian International School ရဲ့ လက်ထောက်ကျောင်းအုပ် တစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့ ဒုတိယရင်သွေး ကို မွေးဖွားဖို့အတွက် Turner တို့ စုံတွဲဟာ ဆစ်မီတဝေ့ဆရီနာခရင် ဆေးရုံကို ရွေးချယ်ခဲ့ပါတယ်။ ဒီနေရာဟာ ဆေးရုံရောက်ပြီး တစ်နာရီလောက်အကြာမှာပဲ Water Birth လို့ခေါ်တဲ့ ရေထဲမှာကလေးမွေးခြင်းနည်းလမ်းနဲ့ ကလေးတစ် ယောက်ကို ဘေးကင်းကျန်းမာစွာမွေးဖွားပေးနိုင်တဲ့ နေရာဖြစ်ပါတယ်။ “ ကျွန်မတို့က U.S ကပါ။ ထိုင်းမှာ ဆရာမ အနေနဲ့ အလုပ် လုပ်ပြီးနေထိုင်ခဲ့တာ (၂)နှစ်ရှိပါပြီ။ ကျွန်မတို့ရဲ့ ပထမရင်သွေးကို တရုတ်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် သူတောင် (၂)နှစ်ရှိပါပြီ။ ကျွန်မတို့ ထိုင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ တဲ့အချိန်မှာ သဘာဝအတိုင်းကလေးမွေး(Natural Birth) ပေးနိုင်တဲ့ ဆရာဝန် တွေကို လိုက်ရှာခဲ့တော့ Dr. Kanoknat Boonvisudhi နဲ့ မွေးဖို့ အကြံပေးကြ ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ (၃၈)ပတ်အထိ ရောက်နေခဲ့ပေမယ့် ကျွန်မတို့ သူ့နောက်ကိုလိုက်ရင်း ဒီကိုရောက်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကောင်းသတင်းတွေကို ကျွန်မတို့ ကြားထားပြီးပြီလေ။ သူနဲ့ ကလေးမွေးခဲ့ရတဲ့ အတွေ့အကြုံကတော့ တကယ့်ကို ပြောမပြတတ်အောင်အံ့ဩစရာပါပဲ။  ” “ Dr.Kanoknat ကို တကယ်ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ လူနာ တွေကို သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးတာကျေနပ်စရာပါ။ ကျွန်မက ဆရာဝန်နဲ့တွေ့ရမှာကို အရမ်းကြောက်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ တွေ့ရမယ်ဆိုရင် စိတ်ထဲမှာပျော်လာတယ်။ သူမက အရမ်း နှစ်လိုဖွယ်ကောင်း တော့ နောက်ထပ် တွေ့ရမယ့် ရက်ချိန်း တွေကိုပဲ မျှော်နေမိတယ်။ သားဖွား ဆရာဝန်တစ်ယောက်နဲ့ပြတာက ကိုယ့်ရဲ့ အတွင်းရေးကိစ္စတွေဖြစ်တော့ တော်တော်များများက စိတ်ထဲ ကသိကအောက်ဖြစ်ကြတယ်။  ဒါပေမယ့် သူမကတော့ ကျွန်မကိုအဆင်ပြေအောင် အမြဲတမ်း နွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးတယ်။ ” “ ကလေးမွေးတဲ့ အဆင့်တွေနဲ့ပတ်သက်ပြီး ပထမတော့ ကျွန်မ နည်းနည်း စိုးရိမ် မိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ပထမကလေးတုန်းက အချိန်တော်တော ္ ကြာခဲ့ပြီး ကလေးမွေး အောင်လုပ်ဖို့အတွက် ဆေးရုံမှာ တစ်ပတ်လောက် နေခဲ့ရ တယ်လေ။ ဒါပေမယ့် ဒီတစ်ကြိမ်မွေးတာကတော့ လုံးဝ အဆင်ပြေပြေနဲ့ပါပဲ။ ကျွန်မအထင် ကျွန်မတို့ ဆေးရုံရောက်ပြီးတော့ တစ်နာရီလောက်အကြာမှာပဲ ကျွန်မကလေးမွေးနိုင်ခဲ့ပါတယ်။ မနက် (၆)နာရီ (၁၁) မိနစ်မှာ မွေးခဲ့ပါတယ်။ ဒါက အရမ်းကိုမြန်ပါတယ်" “ အဲဒီနေ့မနက်က  မနက်(၃)နာရီ မိနစ်(၂၀) လာက်မှာ ဗိုက်အရမ်းနာလာတာ ကြောင့် ကျွန်မ နိုးလာခဲ့တယ်။ ဒါပေမယ့် အရမ်းဆိုးဆိုးရွားရွား မဖြစ်သေးတော့ ကျွန်မအမျိုးသား Anthony ကို နှိုးရကောင်းမလား မနှိုးရ ကောင်းမလား စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် သူက အထုပ်အပိုးတွေ မပြင်ရ သေးတာနဲ့ သူ့ကိုနှိုးဖို့ဆုံးဖြတ်လိုက်တယ်။ သိပ်မကြာဘူး .. ရေမွှာပေါက်သွား တော့ ကျွန်မဗိုက်နာတာ ပိုဆိုးလာတယ်။  ကျွန်မရဲ့ ကလေးထိန်း အိမ်ကို ရောက်လာတာနဲ့ ကျွန်မတို့ ဆေးရုံကို ထွက်လာခဲ့ပါတယ်။  ”  “ Dr.Kanoknat က ကျွန်မထက်အရင် (၅)မိနစ်လောက်စောရောက်နေတယ်။ ရောက်ရောက်ချင်းမှာပဲ သူမက အခန်းကိုညွှန်ပြပြီး ရေဇလုံထဲမှာ နေဖို့ပြောပါ တယ်။ အစက ကျွန်မစီစဉ်ထားတဲ့အထဲမှာ ဒါကမပါ ပါဘူး။ ဇလုံ ထဲက ရေက ကျွန်မဗိုက်နာနေတာကို ပိုပြီးလွယ်ကူအောင် ကူညီနိုင်လိမ့်မယ်လို့ တွေးပြီး ဒါကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ခုက ဖန်သားပြင်(Monitor) ကို ကျွန်မ အရမ်းသဘောကျတယ်။ အဲဒါကို ဖန်သားပြင်ကနေသန္ဓေသားကိုကြည့်ခြင်း (Foetur Monitoring) လို့ ခေါ်တယ်ထင်တယ်။ ဒါက အလွယ်တကူရွှေ့လို့ရပြီး ရေထဲကို အတူယူသွားလို့လည်းရတယ်။ အရင်က ဒါကို မမြင်ဖူးဘူး။ ဒါက အရမ်း အဆင်ပြေပါတယ်။ ရေဇလုံထဲရောက်ပြီး ခဏနေတာနဲ့ ဗိုက်ထဲက ကလေးကို အပြင်ထွက်ဖို့ ညှစ်ဖို့လိုပြီဆိုတာကို ခံစားလိုက်ရတယ်။ ဒါပေမယ့် ဆေးရုံကို ရောက်လာချိန်မှာ ကျွန်မက (၅) စင်တီမီတာလောက်ပဲရှိတော့ မကြာခင် ကလေး ထွက်တော့မယ်ဆိုတာကို သိနေခဲ့တယ်။ ရုတ်တရက်ပဲ ကျွန်မရဲ့ ခန္ဓာကိုယ်ကို စ ညှစ်ခဲ့တယ်။ ဒါပေမယ့် ချက်ချင်းဖြစ်မလာဘူး။ အချိန်မကျသေးဘူး။ ဆရာဝန်က ကျွန်မစိတ်ထဲ အချိန်ကျပြီလို့ခံစားရရင် သွားပြီး ညှစ် ဖို့ အားပေးတယ်။ အဲဒီ နောက် ကျွန်မ ရေဇလုံထဲကနေ ခွာဖို့ အချိန်မရှိတော့ပါဘူး။ ” “ Dr.Kanoknat နဲ့ပတ်သက်ပြီး ကျွန်မသဘောကျတာက ကျွန်မနဲ့ တစ်ချိန်လုံး အတူရှိနေပေးခဲ့တာပါပဲ။ ဆရာဝန်အများစုက ဒီလိုမျိုး မလုပ်ပေးပါဘူး။ ဒါက မြန်ဆန်မယ်ဆိုတာကို သူမ သိကောင်းသိနေပါလိမ့်မယ်။ ဒါပေမယ့် တစ်ချိန်လုံး ကျွန်မနဲ့ အတူရှိနေပေးခဲ့တယ်။ ကျွန်မ သက်သောင့်သက်သာဖြစ်ဖို့ ကျွန်မ ကျောကို ရေနွေးနဲ့ လောင်းပေးခဲ့သေးတယ်။ Dr.Kanoknat က တကယ့်ကို ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦးပါပဲ။ ” “ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မ ဗိုက်ထဲက ကလေးထွက်လာဖို့ ကြိုးစားခဲ့ရတဲ့ အချိန် တုန်းက ဒီလိုမျိုး မရှိခဲ့ပါဘူး။ အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ဗိုက်နာတာကို ရင်ဆိုင်ရတာ အများကြီးပိုလွယ်ကူ ပါတယ်။ ဒါက ရေရဲ့ အပူချိန်နဲ့ ပြေလျော့စေမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ရေထဲမှာရှိနေတဲ့ ကိုယ့်ရဲ့အလေးချိန်ကြောင့်လည်း ပါတာပေါ့။ ဒါတွေအားလုံး ပေါင်းလိုက်တော့ ဗိုက်နာခြင်းကို ခံနိုင်မှုက အရမ်းလွယ်ကူသွားတယ်။ ရေက လုံးဝကို သက်သောင့်သက်သာဖြစ်တယ်။ သေချာပါတယ်။ နောက်တစ်ခါလည်း ကျွန်မ ရေထဲမှာပဲကလေးမွေးမှာ အသေအချာပဲ။ ” “ မွေးပြီးတာနဲ့ ကျွန်မကို အပေါ်ထပ်ခေါ်သွားတယ်။ အခန်းတွေက သက်သောင့် သက်သာဖြစ်ပြီး အရမ်းအဆင်ပြေတယ်။ သူနာပြုတွေကလည်း အရမ်းကို ကူညီ တတ်ကြပြီး အိမ်သာသွား ရေချိုး သန့်ရှင်းရေးလုပ်တာကအစ ကူညီပေးတယ်။ ဒီမှာ ကလေးမွေးရင် ကောင်းတဲ့နောက်တစ်ချက်က အနီအောက်ရောင်ခြည် ကုထုံး  (Infrared Treatment)ကို အသုံးပြုတာပါ။ ဒီလိုမျိုးက တရုတ်မှာလည်း မသုံးသလို ကျွန်မသိသောက် U.S မှာလည်း မသုံးကြပါဘူး။ အပူချိန်က နည်းနည်းတော့ တစ်မျိုးဖြစ်ပေမယ့် အရမ်းသက်သောင့်သက်သာရှိပါတယ်။ ” “ ဆေးရုံမှာရှိတဲ့လူတိုင်းက အရမ်းအဆင်ပြေတယ်၊ နွေးနွေးထွေးထွေးရှိကြတယ်၊ ကူညီတတ်ကြတယ်။ တစ်ဦးချင်းစီရဲ့ နာမည်ကိုတော့ ကျွန်မ မမှတ်မိပါဘူး။ ဒါပေမယ့် ကျွန်မနဲ့ ကြုံခဲ့ရတဲ့ မွေးကင်းစကလေးဆရာဝန် (Neo Natal Doctor) က အရမ်းအဆင်ပြေပါတယ်။ သူ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလည်းဆိုရင် ကျွန်မ နို့ထွက်တဲ့ အချိန်မှာ အရမ်းကို ပျော်ပြီး ခုန် နေတာ။ ပြီးတော့ နို့ချို တိုက်ကျွေးမှုအကြံပေးပညာရှင် ဆိုရင်လည်း တကယ်ကို တော်တဲ့ အမျိုးသမီးပဲ။ သူမက အသေးအမွှားပြုပြင်စရာတချို့ကို အကြံပြုခဲ့ပြီး အဲဒါတွေက ပိုပြီး ကောင်းမွန်အဆင်ပြေစေပါတယ်။ သူမ မှာ တကယ့်ကို စူပါ ပါဝါ တစ်ခုရှိပါတယ်။ ခြုံပြောရမယ်ဆိုရင်တော့ အရမ်းကိုကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ ကျွန်မ အမျိုးသားကိုတောင်ပြော ဖြစ်သေးတယ်။ ကျွန်မတို့ရဲ့ တတိယမြောက်ကလေးအတွက် ထိုင်းကိုပြန်လာပြီးပဲ မွေးမယ်လို့။  ” “ ဆစ်မီတဝေ့ဆေးရုံမှာ မကောင်းတဲ့အချက်ရယ်လို့ ပြောစရာဘာမှ မရှိပါဘူး။ ဆေးရုံတွေမှာက ကလေးထိန်းတွေလက်ထဲ ကလေးကို အကြာကြီးထည့်ပေး လိုက်ရတာရှိတယ်။ ဒါပေမယ့်လည်း မွေးပြီးနောက်မှာ ကလေးကို အခန်းထဲမှာ ကျွန်မနဲ့အတူရှိစေပြီး ကလေးနဲ့ ကျွန်မ အသားချင်းထိခွင့်ရနေတာကို ကျေနပ် မိပါတယ်။ ကျွန်မရဲ့ ကလေးမွေးတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး လူတိုင်းက အလေးထားတယ်၊ ပံ့ပိုးပေးတယ်။ အဆိုးမြင်စရာအတွေ့အကြုံ ဘာမှမရှိပါဘူး။ အားလုံးက အကောင်းတွေချည်းပါပဲ။ ”

  • ဆစ်မီတဝေ့ ဆူခွန်ဗစ်
Image of အနာသိ ဆေးရှိ ..... မြန်မာပြည်မှ ရိုးတွင်းခြင်ဆီကင်ဆာ လူနာအကြောင်း

အနာသိ ဆေးရှိ ..... မြန်မာပြည်မှ ရိုးတွင်းခြင်ဆီကင်ဆာ လူနာအကြောင်း

သူမရဲ့ရောဂါလက္ခဏာအစ "ရောဂါလက္ခဏာက ချောင်းဆိုးတာကနေစတယ် ။ ချောင်းဆိုးတာနဲ့ နောက်ကျောတွေ ခါးရိုးတွေက အရမ်းနာလာတယ်။ လူကလည်း ပိန်ချုံးကျပြီးတော့ သွေးအားလည်း တော်တော်လေးကို ထိုးကျသွားတယ်။ ကျွန်မလည်း တော်တော်လေး လန့်သွားတယ် ။ ငါ တစ်ခုခုများ ဖြစ်လေလားပေါ့ ။ အရင်ဆုံး ကိုယ့်နိုင်ငံတွင်းမှာပဲ အထူးကု ဆရာဝန်ကြီးတစ်ယောက်နဲ့ပြလိုက်တော့ သူကလည်း နည်းနည်း သံသယ ရှိတယ်။ သွေးတွေဘာတွေ စစ်ခိုင်းတယ်။ တချို့ဟာတွေကတော့ မြန်မာနိုင်ငံမှာ စစ်လို့မရတော့ ဘန်ကောက်ကိုပဲလာခဲ့လိုက်တယ်။" ရိုးတွင်းခြင်ဆီကင်ဆာဆိုတာကို ဘယ်လိုသိခဲ့လဲ? "ဘန်ကောက်ရောက်တော့ ဆေးရုံတစ်ခုမှာ သွေးအထူးကုတစ်ယောက်နဲ့ တွေ့ပြီး သွေးအကုန် စစ်လိုက်တယ် ။ ခြင်ဆီပါ ဖောက် စစ်လိုက်တယ်။ အဲဒီအချိန်မှာ ရိုးတွင်းခြင်ဆီကင်ဆာ ဆိုတာ သိလိုက်တာ။ အဲဒီမှာ အဖြေထွက်လာတယ်။ ဒါပေမယ့် အဲဒီ ဆရာဝန်နဲ့ ဆက်မပြဖြစ်လိုက်ဘူး။ ပို သေချာချင်လို့ စင်ကာပူမှာ တစ်ခါ ထပ်စစ်လိုက်တယ်။ အဲဒီက ထွက်လာတဲ့ ရလဒ်မှာလည်း ရိုးတွင်းခြင်ဆီကင်ဆာ ဆိုတာ သေချာသွားတယ်။ ဒါပေမယ့် အဲဒီမှာ မလုပ်ဘဲ ဘန်ကောက်ကို တစ်ခါ ပြန်လာလိုက်တာပေါ့ ။ ဘန်ကောက်က ဆေးရုံတစ်ခုမှာပဲ ခြင်ဆီလဲလိုက်တယ်။ ကိုယ့် ခြင်ဆီနဲ့ ပဲ ကိုယ် ပြန်လဲရတာပေါ့နော်။ အောင်မြင်သွားတယ်။ ကောင်းသွားတယ်။ ဒါပေမယ့် ၇ လကြာတော့  ကင်ဆာဆဲလ်က ပြန်တက်လာတယ်။" Akkapon Poolcharoen, M.D. (သွေးရောဂါ နှင့် ကင်ဆာရောဂါ အထူးကုဆရာဝန်) နှင့် တွေ့ဆုံခြင်း "အဲဒီမှာ မိတ်ဆွေတစ်ယောက် မိတ်ဆက်ပေးလို့ ဆစ်မီတဝေ့ဆေးရုံက Dr.Akkapon နဲ့ ပြ ဖြစ်တယ်။ အရင်တည်းက အဲဒီဆရာနဲ့ပဲ ကုဖို့ လုပ်ခဲ့သေးတာ ။ အဲဒီအချိန်တုန်းက သူက ဒီမှာ မရှိခဲ့လို့ ။ ဒီတစ်ကြိမ်မှာ ဆရာလည်း ဒီမှာပြန်ထိုင်နေပြီဆိုတော့ သူနဲ့ပြဖြစ်တယ် လို့ မနန်းခင်မွှေးက ပြောပါတယ်။" ဘဝတူရောဂါသည်တွေအတွက် မနန်းခင်မွှေးရဲ့ အကြံပြုစကား "ကျွန်မလေ သွေးကင်ဆာဆိုတာ စ သိသိချင်း အချိန်မှာ ဒီနေ့ သေမလား မနက်ဖြန်သေမလား .. ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီရောဂါ ဖြစ်တဲ့သူ မရှိဘူးဆိုတော့ အရမ်းစိတ်ပူခဲ့တယ်။ ဒါပေမယ့် ခြင်ဆီ လဲ ပြီး ပြီဆိုရင် သက်တမ်းက ဆက် ဆွဲနိုင်တယ်။ ဆရာပြောပုံအရဆို (၁၀) နှစ်မကဘူး ဆက်ဆွဲထားနိုင်တယ်။ အဓိက က ကိုယ့်ရောဂါကို ကိုယ်သိဖို့လိုတယ်။ ခါးကိုက်တယ်ဆိုပြီးတော့ အရိုးချည်းပဲပြတယ်။ တကယ်က ခါးမှာ ဘာ မှ မရှိဘူး။ ဒါပေမယ့် ခါးက အရမ်းကိုက်နေတယ်။ ကျွန်မ အထင် ရိုးတွင်းခြင်ဆီကင်ဆာ ဆိုတာ မသိဘဲ ဆုံး သွားတဲ့ သူတွေလည်း အများကြီးရှိနိုင်တယ်။ အကြံပေးချင်တာက ဖြစ်ပြီဆိုရင် စစ်သင့်တဲ့ဟာတွေ အကုန်စစ်ပါ ။ ဒီခေတ်ကြီးမှာ အဖြေသိရင် ရောဂါကကုလို့ရနေပြီ။ ရောဂါ အရှင်းမပျောက်ရင်တောင် သက်တမ်းကို ဆွဲသွားလို့ရတယ်။ ကိုယ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ မြန်မာပြည်မှာကုလို့ရတယ်။ ခြင်ဆီလဲတာသာ အဆင်မပြေရင် မပြေမယ်။ ဥပမာ ပြောပြတာပါ။" ဆစ်မီတဝေ့ရဲ့ဝန်ဆောင်မှုအပေါ်မနန်းခင်မွှေးရဲ့သုံးသပ်ချက် "ဆစ်မီတဝေ့နဲ့ပတ်သက်လို့ ပြောရရင်တော့ Service က အရမ်းကောင်းတယ်။ အကြိုအပို့ ကအစလုပ်ပေးတယ်။ ဆရာဝန်ဆိုရင်လည်း အရမ်းစေတနာပါတယ်။ လူနာကို နွေးထွေးမှုပေးတယ်။ Nurseတွေ လည်း တော်တော်လေးနွေးထွေးတယ်။ ဘယ်အချိန်ခေါ်ခေါ် အချိန်မရွေးလာကြည့်ပေးတယ်။ ခြင်ဆီလဲတဲ့ အချိန်မှာလည်း တစ်ယောက်မဟုတ် တစ်ယောက် လာ လာကြည့်ပေးတယ်။ ဘာသာပြန်ပေးတဲ့ ညီမလေးတွေဆို ကိုယ့်မိသားစုဝင်လိုတောင်ဖြစ်နေပြီ။ Service ပိုင်းနဲ့ပတ်သက်လို့ ခြုံပြောရင် အကုန်လုံး ကောင်းပါတယ်။"

  • ဆစ်မီတဝေ့ ဆရီနာခရင်
Image of ကင်ဆာနဲ့ပုံစံတူအရည်အိတ်တွေကို အောင်မြင်စွာခွဲထုတ်နိုင်ခဲ့တဲ့ သားဥအိမ်ကင်ဆာသံသယ မြန်မာလူနာတစ်ဦးရဲ့ မှတ်တမ်း

ကင်ဆာနဲ့ပုံစံတူအရည်အိတ်တွေကို အောင်မြင်စွာခွဲထုတ်နိုင်ခဲ့တဲ့ သားဥအိမ်ကင်ဆာသံသယ မြန်မာလူနာတစ်ဦးရဲ့ မှတ်တမ်း

“ဗိုက်ထဲမှာ အလုံးရှိနေတယ်။ ကင်ဆာလားမသိဘူးတဲ့။” ကျန်းမာရေးအတွက် ဆေးစစ်ရာကနေ ဗိုက်ထဲမှာ အလုံး တွေ့တယ်လို့ ဆိုပါတယ်။ အရည်အိတ်တဲ့။ ကင်ဆာပုံသဏ္ဌာန်နဲ့ တော်တော်လေးဆင်တူတယ်။ ခွဲရမယ် ဆိုလို့ ပိုပြီးသေချာအောင် ဆစ်မီတဝေ့ဆေးရုံကြီးမှာ ထပ်ပြီးစစ်ဆေးတော့လည်း တူညီတဲ့ အဖြေသာ ထွက်ခဲ့ပါတယ်။ ဒါကြောင့် ခွဲရမယ်ဆိုတဲ့အခါမှာ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး Dr. Santi ကိုပဲ ယုံယုံကြည်ကြည်နဲ့ အပ်နှံလိုက်ရပါတော့တယ်။  ကိုယ့်မှာ လဲ ဆီးချိုရှိနေတော့ ကြောက်လဲကြောက်တယ်လေ။ ဒီဆေးရုံကို အရင်က မရောက်ဖူးပါဘူး။ ညီမရဲ့ သမီးလေး (တူမလေး) က ဆစ်မီတဝေ့ ကလေးဆေးရုံမှာ နှလုံးခွဲဖူးပါတယ်။ သူတို့က ကောင်းတယ်ဆိုပြီး အကြံပေးတိုက်တွန်းကြလို့လာခဲ့ကြည့်တာပါ။ ဒီမှာ ဆရာ Dr. Santi  က အာလ်ထရာဆောင်းပြန်ရိုက် ကြည့်ပြီး သေသေချာချာ စစ်ဆေး ရှင်းပြပါတယ်။ ဆရာက သူ့အတွေ့အကြုံအရ ဒါဟာ အရည်အိတ်ပဲ ဖြစ်တယ်။ အရွယ်အစားကြီးတဲ့အတွက် ခွဲထုတ် ရမယ်လို့ပြောပါတယ်။ ကော်ဖီရောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အထဲကဟာကတော့ သေချာ ခွဲကြည့်ပြီးမှ​သိရမယ်လို့ ပြောပါတယ်။  ဆရာက သေချာပေါက်ကြီးကို ပိုင်ပိုင်နိုင်နိုင်ပြောနေတော့ ဆရာ့ကိုပဲ ယုံကြည်စွာနဲ့အားကိုး လိုက်ပါတော့တယ်။ ဆရာကလည်း မစိုးရိမ်ဖို့ အထပ်ထပ် ပြောပါတယ်။ တကယ်ခွဲကြတော့မယ်ဆိုတော့ စိတ်တော့ အတော်ညစ်တာပေါ့။ CT ရိုက်တော့လည်း ၃ နာရီလောက် ဒုက္ခခံရပါတယ်။ အဖြေမထွက်မချင်းလည်း ရင်တထိတ်ထိတ်နဲ့ပါပဲ။ နောက်ဆုံး ဆရာ့ဆီက ကောင်းတယ်၊ ကင်ဆာမဟုတ်ဘူး ဆိုတာသိလိုက်ရမှပဲ တကယ်ကို အလုံးကြီး ထွက်သွားသလို ခံစားရပါတော့တယ်။ အတိုင်းမသိဝမ်းသာမိပါတယ်။ လူနာတစ်ယောက်ရဲ့ အမြင်အရ ဆိုရင် Dr. Santi ဟာ အလွန်တော်တဲ့ဆရာဝန်လို့ သုံးသပ်မိ ပါတယ်။ ဆရာတစ်ယောက်ထဲတင်မက ဆေးအဖွဲ့တစ်ဖွဲ့လုံးအပြင် ဘာသာပြန်လုပ်ပေးတဲ့ ကလေးတွေပါ အားလုံးစေတနာအပြည့်နဲ့ လုပ်ပေးကိုင်ပေးကြလို့ ကြည်နူးရပါတယ်။ ငွေကုန်ပေမယ့် စိတ်ချမ်းသာမှုအများဆုံးရရှိခဲ့လို့ ကျေနပ်ပါတယ်။

  • ဆစ်မီတဝေ့ ဆူခွန်ဗစ်
Image of ခါးရိုးထိခိုက်ဒဏ်ရာ ပြင်သစ်လူနာ ဆစ်မီတဝေ့မှာ သက်သာပျောက်ကင်း၍ အိမ်သို့ပြန်ခဲ့နိုင်ပြီ.....

ခါးရိုးထိခိုက်ဒဏ်ရာ ပြင်သစ်လူနာ ဆစ်မီတဝေ့မှာ သက်သာပျောက်ကင်း၍ အိမ်သို့ပြန်ခဲ့နိုင်ပြီ.....

Dr. Paiboon Kityadighuna ဟာ ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံမှ အရိုး အကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး Vincent ရဲ့ ရောဂါအခြေအနေ ကို တာဝန်ယူ ဦးဆောင်ကုသပေးခဲ့သူဖြစ်ပါတယ်။  Dr.Paiboon က ပြောကြား ရာမှာ - “ လူနာက အသက်(၃၄)နှစ်အရွယ် ပြင်သစ်လူမျိုး တစ်ယောက်ပါ။ သူက ရေတံခွန်ကို သွားလည်ရင်း မတော်တဆ ဖြစ်ရပ် ကြုံခဲ့ ရပြီး နောက်မှာ ကျွန်တော်တို့ ဆေးရုံကို ရောက်လာခဲ့ပါတယ်။ သူရောက်လာချိန် မှာ သူ့ခါးက ပြင်းပြင်းထန်ထန်ကို နာကျင်နေခဲ့တယ်။ ဒီကိုမရောက်ခင် သုံးရက် လောက်မှာ သူလုံးဝ ရွေ့လျားလို့ မရနိုင်တဲ့အထိ ဖြစ်ခဲ့တာပါ။ ” လို့ ဆိုပါတယ်။ မျက်မြင်အခြေအနေမှာ ပြင်းထန်တဲ့ အခြေအနေတစ်ခုအတွက် မှန်ကန်တဲ့ ကုသမှုနည်းလမ်းတစ်ခုကို မဆုံးဖြတ်ခင်မှာ Dr.Paiboon အနေနဲ့ တိကျတဲ့ ရောဂါ ရှာဖွေမှုနဲ့ လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို သေချာအောင် ပြင်ဆင်ထားခဲ့ချင်ပါတယ်။ “ သေချာစစ်ဆေးလိုက်တော့ လူနာက မတော်မဆဖြစ်ရပ်ကြောင့် ခါးရိုးကျိုး သွားတယ်ဆိုတာကိုတွေ့ခဲ့ရတယ်။ (၉)ခုမြောက် ခါးဆစ်ရိုးက အတော်လေး ပြင်းပြင်းထန်ထန်ကို ကျိုးသွားတာ။ အဲဒီနေရာကျိုးသွားခြင်းရဲ့နောက်ဆက်တွဲ အဖြစ် ကျောရိုးနာ့ဗ်ကြော အပေါ်ကို ဖိအားတစ်ခုသက်ရောက်သွားတယ်။ ကျွန်တော်တို့ခေါင်းချင်းဆိုင်လိုက်ပြီး လူနာကို နောက်ထပ်စစ်ဆေးမှုတွေလုပ် တယ်။ နောက်ဆုံးမှာ သူ့အတွက် ခွဲစိတ်ကုသမှုကို ဆုံးဖြတ်ခဲ့ကြပါတယ်။  ” လို့ Dr.Paiboon က ပြောပါတယ်။

  • ဆစ်မီတဝေ့ ဆရီနာခရင်
Image of သားအိမ်အလုံးကို Laparoscopic assisted vaginal hysterectomy (မိန်းမကိုယ်မှတစ်ဆင့် မှန်ပြောင်းကြည့်)ဖြင့် ခွဲစိတ်ပြီး ထုတ်ပစ်ခဲ့တဲ့အကြောင်း စကားစမြီ...

သားအိမ်အလုံးကို Laparoscopic assisted vaginal hysterectomy (မိန်းမကိုယ်မှတစ်ဆင့် မှန်ပြောင်းကြည့်)ဖြင့် ခွဲစိတ်ပြီး ထုတ်ပစ်ခဲ့တဲ့အကြောင်း စကားစမြီ...

စတာကတော့ ဓမ္မတာ မမှန်တာကနေ စတာပါပဲ။ တခြား ဘာလက္ခဏာမှတော့ မပြသေးပါဘူး။  ဓမ္မတာက မလာဘဲ နေလိုက် နည်းနည်းလေးပြန်လာလိုက် ဖြစ်နေတာပါ။ မန္တလေးမှာပဲ အရင်ပြပါတယ်။ ဆရာမကြီးက သားအိမ်ထုတ်ဖို့ လိုတယ်လို့ ပြောလို့ စိုးရိမ်သွားပါတယ်။ သေချာရအောင် ထိုင်းမှာ တစ်ခေါက်ထပ်စစ်ကြည့် ချင်တာနဲ့ ဘန်ကောက်ကိုလာခဲ့ပါတယ်။ ထိုင်းမှာ စစ်ကြည့်လို့ အဖြေက ထုတ်မှ ဖြစ်မယ်ဆိုရင်လည်း ထိုင်းက ဆေးရုံကြီးတွေမှာ ထုတ်ရင် ပိုကောင်းမယ်လို့ ယုံကြည်တာလည်း ပါပါတယ်။ ပထမတော့ ဘန်ကောက်က တခြားဆေးရုံတစ်ခုမှာ သွားပြီး စစ်ဆေးကြည့်ပါတယ်။ ဒါပေမယ့် ဒီလိုခွဲစိတ်မှုတွေလုပ်မယ်ဆိုရင်တော့ ဆစ်မီတဝေ့ဆေးရုံကြီးက အကောင်းဆုံးပဲလို့ မိတ်ဆွေတွေက ညွှန်းပေးလိုက်လို့ လာပြကြည့်ပါတယ်။ တကယ်လည်း ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတဲ့အခါမှာ သေသေချာချာရှင်းပြပေးပါတယ်။ သားအိမ်ကတော့ ထုတ်ရပါမယ်တဲ့။ မျိုးဥအိမ် နှစ်ဖက် ရှိရာမှာ ဟိုမုန်းအတွက် တစ်ဖက်ကိုတော့ ချန်ထားပေးခဲ့မယ် လို့ ပြောပါတယ်။ မှန်ပြောင်းနဲ့ ခွဲမယ် ပြောပါတယ်။ အဲဒီတော့ ခွဲထုတ်ရတော့မယ်ဆိုတော့ မိတ်ဆွေတစ်ယောက် ဟိုဘက်မှာ ခွဲထုတ်တုန်းက သိပ်အဆင်မပြေဖြစ်ခဲ့တာလေး ရှိခဲ့တော့ ကြောက်သွားမိပါတယ်။ ကိုယ့်အလှည့်မှာလည်း အဲဒီလို အဆင်မပြေမှု တွေနဲ့ ကြုံရမှာလားလို့ လည်း စိုးရိမ်မိခဲ့ပါတယ်။ ဒီအကြောင်းတွေကို ဆရာဝန်ကြီးကို  ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီးတော့ အခု ဒီ ဆစ်မီတဝေ့ ဆေးရုံကြီးမှာပဲ ခွဲလိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တမ်း ခွဲပြီးတဲ့အချိန်မှာတော့ အားလုံးအဆင်ပြေလို့ စိတ်ချမ်းသာရပါတယ်။ ကျွန်မတို့ မိန်းကလေးတွေမှာ သားအိမ်ဆိုတာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ရာသီမမှန်တာတွေ၊ ဗိုက်အောင့်တာတွေ၊ သားအိမ်ရောဂါတို့ ကင်ဆာတို့ ဖြစ်နေတာတွေ၊ ကျွန်မဆိုရင် သားအိမ်ထဲမှာ အကြိတ်ဖြစ်တာပေါ့နော်။ ရောင်လည်းရောင်နေတယ် တဲ့။ ဒါကြောင့် ကင်ဆာမဖြစ်ခင် (ကင်ဆာအဆင့်မရောက်ခင်) ကြိုတင်သိရှိပြီး ကုသဖို့ လိုတာပေါ့နော်။ ကျွန်မကတော့ သားအိမ်တစ်ခုလုံးထုတ်ပစ်လိုက်ပြီးတဲ့နောက် အသားစ စစ်ဆေးမှုမှာ ကင်ဆာ မဖြစ်သေးဘူးလို့ ဆိုတော့ နောက်ပိုင်းကိစ္စ စိတ်အေးရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဓမ္မတာမမှန်တာ စတဲ့ မူမမှန်မှု တစ်ခုခု တွေ့ခဲ့ရင် ဆစ်မီတဝေ့ဆေးရုံကြီးက သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့  ပြသဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူလိုက်ရင် ပျောက်ကင်းပါတယ်။ ကိုယ့်မှာ ဒီလိုမျိုးတွေ့ကြုံခဲ့ရရင် အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ အမြန်တိုင်ပင်ပြီး လိုတာကိုလုပ်ပါလို့ အကြံပေးချင်ပါတယ်။​ ကိုယ်တွေ့အနေနဲ့ကတော့ ဆစ်မီတဝေ့ဆေးရုံကြီး ဟာ စိတ်အချရဆုံးပါပဲလို့ ပြောချင်ပါတယ်။ အပေါ်မှာပြောခဲ့သလို ခွဲစိတ်ပြီးနောက်ပိုင်း အဆင်မပြေမှုတွေကို ဆရာဝန်ကြီးကို ပြောပြတော့ ဒီမှာကတော ဒီလို အဖြစ်မျိုး မရှိသလောက်ကိုနည်းပါတယ်။ ရာခိုင်နှုန်း ၀ အောက်မှာပဲ ရှိတယ်လို့ ပြောပြတဲ့အတွက် ဒီဆေးရုံကြီးကိုပဲ ယုံကြည်စွာ အားကိုးခဲ့ပါတယ်။ တကယ်လည်း အစစ အရာရာ အဆင်ပြေ စိတ်ချမ်းသာရပါတယ်။ ဒါကြောင့် မိတ်ဆွေ အမျိုးသမီးတွေအနေနဲ့လည်း အမျိုးသမီးရောဂါ တစ်ခုခုနဲ့ပတ်သက်လာရင် ဘာမှ စိတ်မပူကြဖို့နဲ့ ဆစ်မီတဝေ့ဆေးရုံကြီးကို ယုံယုံကြည်ကြည်နဲ့ အားကိုးနိုင်ပါတယ်လို့ သတင်းကောင်းလေး ပေးလိုက်ချင်ပါတယ်။” အခုတော့ နန်း ဟာ အောင်မြင်တဲ့ ခွဲစိတ်မှုကို ခံယူပြီးတဲ့နောက် ကျန်းမာစွာနဲ့ ဆေးရုံကနေ ပြန်သွားပြီ ဖြစ်ပါတယ်။

  • ဆစ်မီတဝေ့ ဆူခွန်ဗစ်
Image of နောက်ဆုံးပေါ် Laparoscopy Surgery ကုသမှုနည်းပညာနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကင်ဆာကိုပျောက်ကင်းခဲ့သူတစ်ယောက်အကြောင်း

နောက်ဆုံးပေါ် Laparoscopy Surgery ကုသမှုနည်းပညာနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကင်ဆာကိုပျောက်ကင်းခဲ့သူတစ်ယောက်အကြောင်း

John Laycock ဟာ ဘန်ကောက်ကိုလာပြီး ဆစ်မီတဝေ့ဆေးရုံမှာပြသဖို့ ရက်ချိန်းယူခဲ့ပြီး ရောဂါရှာဖွေမှု၊ ကုသမှုနဲ့ ပြန်လည်သက်သာလာတဲ့ အချိန်ဟာ သူ မှန်းထားတာထက် ပိုပြီးမြန်ဆန်ခဲ့တယ်လို့ ဆိုပါတယ်။ “ ကျွန်တော့်မှာ အသားဝါလက္ခဏာတချို့ စဖြစ်တယ်။ ကျွန်တော်က ချင်းရိုင်မှာ နေပါတယ်။ ဒါပေမယ့်လည်း ဘန်ကောက်ကို ဘယ်လိုပဲဖြစ်ဖြစ် လာဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ဒါမှ ဆစ်မီတဝေ့ဆေးရုံမှာ ရက်ချိန်းမြန်မြန်ယူနိုင်မှာလေ။ ” လို့ John က ပြောပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှာ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန် Dr.Vinita Oranrap နဲ့ ပြသဖြစ်ခဲ့ပြီး ဆရာဝန်က စစ်ဆေးတဲ့အခါမှာ မသင်္ကာစရာတစ်ခုခု ကို တွေ့ခဲ့ရပါတယ်။ စိုးရိမ်စရာအခြေအနေဆိုပေမယ့် တိတိကျကျသိခဲ့ရ တာ ကြောင့် ရောဂါရှာဖွေမှု ဟာ ဝမ်းသာစရာလို့ဆိုရမှာပါ။ “ (၂)နာရီ-(၃)နာရီအတွင်းမှာပဲ ဆရာဝန်က အာထရာစောင်းရိုက်ပြီး စစ်ဆေးခဲ့ ပါတယ်။ ကျွန်တော့်ရဲ့ ပန်ကရိယ(မုန့်ချိုအိတ်) မှာ အကျိတ်လေး တစ်ခုဖြစ်နေ တာကို တွေ့ခဲ့ရတယ်။ စစ်ဆေးမှုအရ ဒါက ခွဲစိတ်ကုသမှုနဲ့ ဖယ်ရှားလို့ ရကြောင်း သိခဲ့ရပါတယ်။ ခွဲလို့ရတယ်လို့ သိရတော့ ကျွန်တော်ပျော်သွားတယ်။ နောက်တစ်နေ့မနက်မှာ ဆစ်မီတဝေ့ဆေးရုံရဲ့ ခွဲစိတ်ဆရာဝန် Dr.Pakpong Wathanaoran နဲ့ တွေ့ဖြစ်ခဲ့ပါတယ်။  ” လို့ John က ပြောပါတယ်။“ သူက ကုသလို့ရတယ်.. ကိရိယာသုံးခွဲစိတ်ကုသမှု(Laparoscopy) နည်းလမ်း နဲ့ ကုသချင်တယ်လို့ပြောပါတယ်။ ပြောပြီးနောက်တစ်နေ့ နေ့လည်ပိုင်းမှာ သူ ခွဲစိတ်ကုသနိုင်ခဲ့တာဟာ ကျွန်တော့်အတွက် အံ့အားသင့်စရာပါပဲ။ တွက်ကြည့် မယ် ဆိုရင် ကျွန်တော်ဆေးရုံစရောက်တဲ့ အချိန်ကစလို့ ခွဲစိတ်ပြီးတဲ့ အချိန် အထိ (၄၇) နာရီပဲကြာပါတယ်။ ဒီလောက်မြန်မြန်နဲ့ လုပ်နိုင်တယ်ဆိုတာ ကျွန်တော့် အတွက် မယုံနိုင်လောက်အောင်ပါပဲ။ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ” လို့ အလျှင်အမြန်ကုသနိုင်ခဲ့မှုနဲ့ပတ်သက်ပြီး John က ဝမ်းသာအားရ ပြောပြခဲ့ ပါတယ်။  

  • ဆစ်မီတဝေ့ ဆူခွန်ဗစ်