ဆစ်မီတဝေ့ဆေးရုံကြီး အကြောင်း

ခါးရိုးထိခိုက်ဒဏ်ရာ ပြင်သစ်လူနာ ဆစ်မီတဝေ့မှာ သက်သာပျောက်ကင်း၍ အိမ်သို့ပြန်ခဲ့နိုင်ပြီ.....

ခါးရိုးထိခိုက်ဒဏ်ရာ ပြင်သစ်လူနာ ဆစ်မီတဝေ့မှာ သက်သာပျောက်ကင်း၍ အိမ်သို့ပြန်ခဲ့နိုင်ပြီ.....

ပြင်းပြင်းထန်ထန် ခါးရိုးထိခိုက်ဒဏ်ရာခံစားခဲ့ရပြီး ဆစ်မီတဝေ့ဆေးရုံရဲ့ အရိုးအကြောဆရာဝန်များကုသပေးမှုကြောင့် သက်သာပျောက်ကင်းခဲ့တဲ့ပြင်သစ်နိုင်ငံသား

ပြင်သစ်နိုင်ငံသားတစ်ဦးဖြစ်သူ Vincent Xavier Lalanne ဟာ ရေတံခွန်တစ်ခုကို သွားရောက်လည်ပတ်ရင်း မတော်မဆ ခါးကို ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ချိန်မှာ ထိုင်းနိုင်ငံကိုလာရောက်ခဲ့တဲ့ သူတို့မိသားစုရဲ့ ပျော်ရွှင်ဖွယ်ခရီးစဉ်ဟာ အိပ်မက်ဆိုးတစ်ခုအလား ဖြစ်ခဲ့ရပါတယ်။ တိကျမှန်ကန်တဲ့ ကုသမှု မရခဲ့ဘူး ဆိုရင် လေဖြတ်သည်အထိဖြစ်သွားနိုင်တဲ့ အခြေအနေမှာ  အာမခံကုမ္ပဏီရဲ့ အကူအညီနဲ့အတူ Vicent တစ်ယောက် ဆစ်မီတဝေ့ဆေးရုံကို ရောက်ရှိခဲ့ပါ တော့တယ်။

ကံကောင်းထောက်မစွာနဲ့ ဆစ်မီတဝေ့ဆေးရုံမှာ Dr. Paiboon Kityadhiguna ဦးဆောင်တဲ့ အဖွဲ့ရဲ့ ကုသမှုကိုခံယူပြီးနောက်မှာ Vincent ဟာ အပြည့်အဝ ပြန်လည်သက်သာလာခဲ့ပါတယ်။ ရေရဲ့အတိမ်အနက်ကို အရင်မစူးစမ်းဘဲ ရေကန်ထဲခုန်ချခြင်းဟာ လွန်စွာအန္တရာယ်များတယ်ဆိုတဲ့ မမေ့နိုင်စရာ ဘဝသင် ခန်းစာတစ်ခုနဲ့အတူ နောက်ဆုံးမှာ Vincent ဟာ အမိမြေ ပြင်သစ်နိုင်ငံကို စိုးရိမ်စရာ ဘာတစ်ခုမှမရှိဘဲ ပြန်သွားနိုင်ခဲ့ပါတယ်။

အပျော်ခရီးမှာဖြစ်ခဲ့တဲ့မတော်တဆဖြစ်ရပ်

Dr. Paiboon Kityadighuna ဟာ ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံမှ အရိုး အကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး Vincent ရဲ့ ရောဂါအခြေအနေ ကို တာဝန်ယူ ဦးဆောင်ကုသပေးခဲ့သူဖြစ်ပါတယ်။  Dr.Paiboon က ပြောကြား ရာမှာ - “ လူနာက အသက်(၃၄)နှစ်အရွယ် ပြင်သစ်လူမျိုး တစ်ယောက်ပါ။ သူက ရေတံခွန်ကို သွားလည်ရင်း မတော်တဆ ဖြစ်ရပ် ကြုံခဲ့ ရပြီး နောက်မှာ ကျွန်တော်တို့ ဆေးရုံကို ရောက်လာခဲ့ပါတယ်။ သူရောက်လာချိန် မှာ သူ့ခါးက ပြင်းပြင်းထန်ထန်ကို နာကျင်နေခဲ့တယ်။ ဒီကိုမရောက်ခင် သုံးရက် လောက်မှာ သူလုံးဝ ရွေ့လျားလို့ မရနိုင်တဲ့အထိ ဖြစ်ခဲ့တာပါ။ ” လို့ ဆိုပါတယ်။ မျက်မြင်အခြေအနေမှာ ပြင်းထန်တဲ့ အခြေအနေတစ်ခုအတွက် မှန်ကန်တဲ့ ကုသမှုနည်းလမ်းတစ်ခုကို မဆုံးဖြတ်ခင်မှာ Dr.Paiboon အနေနဲ့ တိကျတဲ့ ရောဂါ ရှာဖွေမှုနဲ့ လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို သေချာအောင် ပြင်ဆင်ထားခဲ့ချင်ပါတယ်။

“ သေချာစစ်ဆေးလိုက်တော့ လူနာက မတော်မဆဖြစ်ရပ်ကြောင့် ခါးရိုးကျိုး သွားတယ်ဆိုတာကိုတွေ့ခဲ့ရတယ်။ (၉)ခုမြောက် ခါးဆစ်ရိုးက အတော်လေး ပြင်းပြင်းထန်ထန်ကို ကျိုးသွားတာ။ အဲဒီနေရာကျိုးသွားခြင်းရဲ့နောက်ဆက်တွဲ အဖြစ် ကျောရိုးနာ့ဗ်ကြော အပေါ်ကို ဖိအားတစ်ခုသက်ရောက်သွားတယ်။ ကျွန်တော်တို့ခေါင်းချင်းဆိုင်လိုက်ပြီး လူနာကို နောက်ထပ်စစ်ဆေးမှုတွေလုပ် တယ်။ နောက်ဆုံးမှာ သူ့အတွက် ခွဲစိတ်ကုသမှုကို ဆုံးဖြတ်ခဲ့ကြပါတယ်။  ” လို့ Dr.Paiboon က ပြောပါတယ်။

အပျော်ခရီးမှာဖြစ်ခဲ့တဲ့မတော်တဆဖြစ်ရပ်

 

ဒီဒဏ်ရာအခြေအနေဟာ ပိုဆိုးသွားမယ်ဆိုရင် လေဖြတ်တဲ့အထိဖြစ်သွားနိုင်တာ ကြောင့် ရောဂါရှာဖွေမှု အတည်ပြုပြီးပြီးချင်းမှာပဲ ခွဲစိတ်ကုသမှုလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ Vincent ဆေးရုံရောက်ပြီး (၈)နာရီအကြာမှာပဲ မေ့ဆေးထိုးပြီး သူ့ရဲ့ ခါးရိုးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

ခွဲစိတ်ကုသမှ ရမယ်ဆိုတာကို ကြားရပြီးနောက် Vincent ဟာ စိုးရိမ်စိတ်တစ်ခု ဝင်သွားခဲ့ပါတယ်။ ခွဲစိတ်ကုသမှုရဲ့ ပြင်းထန်တဲ့ သဘောသဘာဝကို သူ ကြားဖူးထားတယ် မဟုတ်လား။“ ကျွန်တော်ဒီရောက်လာတော့ Dr.Paiboon နဲ့ စကားပြောကြည့်တယ်။ သူက ကျွန်တော့်အခြေအနေ ဘယ်လိုဆိုတာကို ရှင်းပြတယ်။ ခွဲစိတ်မှုမတိုင်ခင် ကျွန်တော် ဘာတစ်ခုမှ မယုံနိုင်ခဲ့ဘူးဗျာ။ စဉ်းစားကြည့်လေ လူတိုင်းမှာ အသက် တစ်ချောင်းပဲရှိတယ်။ အဲဒါကို သူများလက်ထဲ ဝ ကွက် အပ်လိုက်ရမှာလေ။ ” လို့ Vincent က ခွဲစိတ်မှုမတိုင်ခင် သူ့ရဲ့ စိုးရိမ်စိတ်ရှိခဲ့ပုံအကြောင်း ပြောပြပါတယ်။

Dr.Paiboon နဲ့ သူ့ရဲ့ ဝါရင့် အရိုးအကြော ဆရာဝန် အဖွဲ့နဲ့ တွေ့ဆုံခဲ့ခြင်းက Vincent အတွက် ကံကောင်းသွားခဲ့တဲ့ အချက်ပါပဲ။
“ ခွဲစိတ်မှုက အလုပ်ဖြစ်တယ် မြန်တယ်။ တော်တော်လေးကို မြန်တယ်ဗျ။ ဒါက ကောင်းပါတယ်။ အခုတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုကို လုပ်နိုင်ခဲ့ပြီဆိုတာ ကို ကျွန်တော် ရဲရဲကြီး ပြောနိုင်ပါပြီ။ ခွဲစိတ်ကုသမှုအတွက် ကိုယ့်နိုင်ငံကိုယ် ပြန်သွားမယ်ဆိုရင် ဒီလိုမျိုး ပိုကောင်းလာမယ်လို့ ကျွန်တော် မထင်ဘူး။ ” လို့ Vincent က ပြောပါတယ်။

ခွဲစိတ်မှုအောင်မြင်သွားတာနဲ့တစ်ပြိုင်နက် Vincent ဟာ ပြန်လည်ကောင်းမွန်လာ ဖို့ လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်ခဲ့ပါတယ်။
“ ခွဲစိတ်မှုအပြီးမှာ ဒီကသူနာပြုတွေက ကျွန်တော့်ကို အနီးကပ်ပြုစုတယ်။ သူတို့ အားလုံးက ဖော်ရွေတယ် အလုပ်ကို ပရော်ဖက်ရှင်နယ်ကျတယ် အရမ်းကောင်း တယ်။ ပထမတော့ ကံဆိုးစွာနဲ့ မတော်တဆဖြစ်ရပ်နဲ့ကြုံခဲ့ရတယ်ဆိုဦးတော့ ဆစ်မီတဝေ့ဆေးရုံကိုရောက်လာပြီးခွဲစိတ်ကုသမှုခံယူလိုက်ရတာက အရမ်းကို ကောင်းသွားတယ်။ ဒီကတစ်ဖွဲ့လုံးက ကျွန်တော့်ကို အရမ်းကူညီပေးကြတယ်။ ကျွန်တော် ဘယ်အချိန် ဘာမေးမေး ဖြေပေးကြတယ်။ သူနာပြုအဖွဲ့ဆိုရင်လည်း ကျွန်တော်ဒီမှာ ရှိနေစဉ် အဆင်အပြေဆုံးဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးကြ တယ်။ Dr.Paiboon နဲ့တကွ သူနာပြုအဖွဲ့အားလုံးကို အရမ်းကျေးဇူးတင် ကြောင်းကို ဒီကနေ တစ်ဆင့် ပြောချင်ပါတယ်။   ”

Dr.Paiboon ကလည်း ကုသမှုရလဒ်အပေါ်ဘယ်လောက် ဝမ်းသာပီတိဖြစ် ကြောင်းကိုလည်း ယခုလို သုံးသပ်ပြောကြားပေးခဲ့ပါသေးတယ်။
“ လူနာက တကယ်ကိုကံကောင်းတယ်ဗျ။ ခွဲစိတ်မှုအပြီးမှာ အရမ်းကောင်းတဲ့ ဆေးအဖွဲ့ရဲ့ စောင့်ရှောက်မှုကို ခံခဲ့ရပြီး နောက်ဆက်တွဲပြဿနာတွေလည်း ဘာမှ မကြုံခဲ့ရပါဘူး။ (၁)ရက်-(၂)ရက်လောက် အတွင်းမှာကို မတ်တပ်ရပ်ပြီး လမ်းပြန်လျှောက်နိုင်ခဲ့ပါတယ်။ ဒါက အံ့ဩစရာကောင်းပါတယ်။ ” လို့ Dr.Paiboon က ဆိုပါတယ်။

အလားတူ ခါးရိုးထိခိုက်မှု ကြုံတွေ့ရသူများအတွက် Dr.Paiboon က အကြံပြု စကား ပြောကြားခဲ့ပါ တယ်။
“ တကယ်လို့လူနာဟာ ခါးရိုးနဲ့ပတ်သက်ပြီး တစ်ခုခု ထိခိုက်မှုရှိခဲ့တယ်ဆိုရင် အရေးကြီးတာက စိုးရိမ်မလွန်ဖို့ပါ။ လှုပ်ရှားမှုမပြုဘဲ ဆေးရုံ ပို့ပေးမယ့်သူလိုမျိုး ကိုယ့်ကို ကူညီပေးမယ့်သူတွေလာတဲ့အထိ အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေး နေပြီး      စောင့်နေပါ။ ကိုယ့်ကို လာခေါ်တဲ့သူထဲမှာလည်း အတွေ့အကြုံရှိတဲ့ ကျန်းမာရေး ဝန်ထမ်း ပါဝင်ဖို့လိုပါတယ်။ ဘာအကြောင်းကြောင့်ဖြစ်စေ မတ်တပ်ရပ်တာမျိုး လမ်းလျှောက်တာမျိုး မလုပ်ပါနဲ့။ ဒါက ပိုပြီးဆိုးရွားသွားစေပါတယ်။ အခန့်မသင့် ရင် လမ်းမလျှောက်နိုင်တော့တဲ့အထိ(သို့) တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားစေ တဲ့အထိ ဖြစ်နိုင်ပါတယ်။ အနီးစပ်ဆုံးဆေးရုံနဲ့ဆက်သွယ်တာ ဒါမှမဟုတ် အရိုးအကြော အထူးကု စင်တာတစ်ခုဆီသွားဖို့ကို အကြံပြုချင်ပါတယ်။  ” လို့ Dr.Paiboon က အကြံပြုစကားပြောကြားပေးခဲ့ပါတယ်။

အဆင့်သတ်မှတ်ချက်