Epilepsy လို့ခေါ်တဲ့ အတက်ရောဂါဟာ ကလေး ဘဝမှာ အများဆုံးစတင်ဖြစ်ပွားကာ ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ လက္ခဏာများဟာ တစ်ယောက်နဲ့တစ်ယောက်မတူ ညီကြပါဘူး။ ဒါကြောင့် အထိရောက်ဆုံးပျောက်ကင်း သက်သာဖို့အတွက် မှန်ကန်တိ ကျတဲ့ရောဂါရှာဖွေမှုနဲ့ အခြေအနေပေါ်မူတည်ကာ လုပ်ဆောင်ရတဲ့ ကုသမှုကို လိုအပ်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါများထဲမှ အထူးသဖြင့် အတက်ရောဂါကို ကုသဖို့ ဝါရင့်အတွေ့အကြုံရှိတဲ့ ဆေးကုသမှုအဖွဲ့ လိုအပ်ပါတယ်။
ရောဂါရှာဖွေမှု
ကျွန်တော်တို့ရဲ့ ကလေးဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်ကြီးများမှ ရောဂါရှာ ဖွေဖို့အတွက် လူနာရဲ့ ကျန်းမာရေးရာဇဝင်နဲ့ လူနာခံစားနေရတဲ့ရောဂါလက္ခဏာများ နဲ့ ပတ်သက်တဲ့အချက်အလက်များကိုလိုအပ်မှာဖြစ်ပါတယ်။ အဲဒီနောက် လူနာရဲ့ အခြေအနေအပေါ်မူတည်ပြီး လူနာနဲ့ အကိုက်ညီဆုံး အသင့်လျော်ဆုံး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ စစ်ဆေးမှု အားလုံးကို လုပ်ဆောင်မှာဖြစ်ပါတယ်။
ဦးနှောက်လျှပ်လှိုင်းပုံရိပ်ဖော်ခြင်း (Electroencephalography / EEG) နည်းလမ်းနဲ့ ဦးနှောက် လုပ်ဆောင်မှု စစ်ဆေးခြင်းဟာ လူနာများအနေနဲ့ ဘယ်လိုပုံစံအမျိုးအစားနဲ့ အတက်ရောဂါ ခံစားရလဲ ဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုအတွင်း Electrodes လို့ခေါ်တဲ့ လျှပ်ခေါင်းကို လူနာရဲ့ ခေါင်းပေါ်မှာကပ်လိုက်ပြီး ဦးနှောက်ရဲ့ လျှပ်စစ်ဆိုင်ရာ လုပ်ဆောင်မှုကို မှတ်တမ်းယူမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဆေးရုံရဲ့ အထူးကုဆရာဝန်ကြီးများမှ ပိုမိုတိကျတဲ့ရောဂါရှာဖွေမှုနဲ့ တက်တဲ့နေရာကို တိတိကျကျ အဖြေရှာဖို့အတွက် CT Scan နဲ့ MRI Scan နည်းလမ်းတွေ လုပ်ဆောင်ဖို့အကြံပေးမှာဖြစ်ပါတယ်။
ဦးနှောက်လျှပ်လှိုင်းပုံရိပ်ဖော်ပြီး ဦးနှောက်လုပ်ဆောင်မှုကိုစစ်ဆေးတဲ့ EEG Monitoring Unit (EMU) မှာ ကြာရှည် စွာ အချိန်ယူပြီး စစ်ဆေးခြင်းဖြင့် အ တက်ရောဂါ အမျိုးအစားများကို အဆင့်ဆင့် စစ်ဆေးနိုင် ပြီး ဘယ်သူတွေက ခွဲစိတ်ကုသမှုနည်းလမ်းနဲ့ သင့်လျော်မလဲ ဆိုတာကို သတ်မှတ် နိုင်မှာ ဖြစ်ပါတယ်။ EEG နည်းလမ်းကို အသုံးပြုပြီး လူနာကို တောက်လျှောက် စောင့်ကြည့် စစ်ဆေးခြင်းအားဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုနဲ့ ဖွံ့ဖြိုးမှုကို စစ်ဆေးနိုင် ပြီး တက်တဲ့ နေရာအားလုံးကို အတည်ပြုနိုင်မှာဖြစ်ပါတယ်။
ဆေးမတိုးတော့တဲ့ အတက်ရောဂါခံစားနေရတဲ့လူနာများ (သို့) ရောဂါလက္ခဏာ အခံအပါအဝင် တခြားသောအတက်ရောဂါကို ခံစားရတဲ့လူနာများ အနေနဲ့ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကိုသိရဖို့အတွက် EEG စစ်ဆေးမှုကို အချိန် ကြာရှည်စွာယူပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်မှုများဟာ ရောဂါရှာဖွေ ခြင်းနဲ့ ကုသမှုအပိုင်းမှာ လွန်စွာအကျိုးရှိပါတယ်။
မျိုးရိုးဗီဇစစ်ဆေးခြင်း
တချို့သောအတက်ရောဂါပုံစံများဟာ တိတိကျကျရောဂါရှာဖွေနိုင်ဖို့အတွက် မျိုးရိုးဗီဇစစ်ဆေးခြင်းကိုပါ တစ်ဆက်တည်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ မျိုးရိုးဗီဇ ရောဂါပြဿနာများစွာ ရှာဖွေစစ်ဆေးပေးနိုင်တဲ့အပြင် တိကျမှုမြင့်မားတဲ့ အဆိုပါ စစ်ဆေးမှုကို ဆစ်မီတဝေ့ ကလေးဆေးရုံမှာ လုပ်ဆောင်နိုင်ပါတယ်။ ကလေးထပ်ယူ ချင်တဲ့ မိဘများအတွက်လည်း ဒီလိုစစ်ဆေးမှုနည်းလမ်းဟာ များစွာ အကျိုးရှိပြီး အထောက်အကူပြုပါတယ်။
တချို့ကလေးငယ်များဟာ ခွဲစိတ်ကုသမှုအပြီး ခဏတာ လုပ်ဆောင်နိုင်မှုလျော့နည်း ခြင်းကို ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ သင့်လျော်တဲ့ ခွဲစိတ်ကုသမှုမတိုင်ခင် စောင့်ရှောက်မှု၊ ခွဲစိတ်ကုသမှုအပြီးစောင့်ရှောက်မှု နဲ့ ဆက်လက်စောင့်ရှောက်မှု များကို လိုအပ်ပြီး အတက်ရောဂါ ခံစားနေရသူ ကလေးငယ်များအတွက် ပြန်လည်ကောင်းမွန်သက်သာလာစေရေး (Rehabiliation) ဟာ ကုသမှုရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာခွဲစိတ်ကုသမှုအပြီးနောက်မှာ ဆစ်မီတဝေ့ဆေးရုံရဲ့ ကိုယ်ကာယဆိုင်ရာပညာရှင်၊ လေ့ကျင့်မှုပညာရှင်များနဲ့ စကားပြောကုထုံးပညာရှင် များဟာ လူနာနဲ့ သူတို့ရဲ့မိဘများအတွက် ပူးပေါင်းပြီး လေ့ကျင့်ဆောင်ရွက်ပေး ကြပါတယ်။ ဆစ်မီတဝေ့ဆေးရုံရဲ့ အဓိက ရည်မှန်းချက်ကတော့ သိသာတဲ့တိုးတက်လုပ်ဆောင်မှု တွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့နဲ့ ရောဂါခံစားခဲ့ရတဲ့ကလေးငယ်အတွက် ကောင်းမွန်တဲ့ ဘဝကို ပြန်လည် ပိုင်ဆိုင်နိုင်စေဖို့ဖြစ်ပါတယ်။
ဆစ်မီတဝေ့ဆေးရုံဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ အရှေ့အလယ်ပိုင်းကျန်းမာရေးစောင့်ရှောက်မှုအတွက် အကောင်းဆုံးကလေး ဆေးရုံနဲ့ အကောင်းဆုံးကိုယ်ကာယကျွမ်းကျင်ပညာရှင်ဆု (‘Best Hospital in Pediatrics and Best Physiotherapist’ Award ) ကို ရရှိခဲ့ပါတယ်။
ရောဂါပြင်းထန်မှုအနည်းငယ်သာရှိတဲ့လူနာများဟာ သောက်ဆေး (၂)နှစ်စွဲသောက် ပြီးရင် အပြည့်အဝ ပြန်လည်သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် ပိုမိုဆိုးရွားတဲ့ တချို့ အခြေအနေဆိုရင်တော့ ဆေးကို ကြာရှည်စွာဆွဲသောက်ဖို့လိုပါတယ်။ ဒီလူနာတွေ ထဲမှာ အတက်ရောဂါလက္ခဏာတွေကို ဆေးနဲ့ ထိန်းဖို့လိုအပ်တဲ့သူဆိုရင် နောက်ထပ် ကုသမှုနည်းလမ်းတစ်ခုအနေနဲ့ ခွဲစိတ်ကုသမှုကိုရွေးချယ်ရမှာဖြစ်ပါတယ်။ တချို့လူနာတွေအတွက် ဆေးလျှော့သောက်ရနိုင်သလို တချို့လူနာတွေက နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။
ဆစ်မီတဝေ့ဆေးရုံရဲ့ ဝါရင့်အတွေ့အကြုံရှိ ကလေးဦးနှောက်နဲ့အာရုံကြော အထူးကု ဆရာဝန်ကြီးများဟာ တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းအပြင် တခြားသော အွန်လိုင်းဆွေးနွေးမှုများနဲ့လည်း လူနာများအားလုံးကို သင့်လျော်တဲ့ အကြံပေး လမ်းညွှန်မှုတွေပြုလုပ်ပေးလျက်ရှိပါတယ်။ လူနာအနေနဲ့ ဆေးရုံကို လူကိုယ်တိုင်မလာ ရောက်ခင် မိမိရဲ့ ကျန်းမာရေးအခြေအနေကို Virtual Channel များကနေ တစ်ဆင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ဒါဆိုရင် အချိန်လည်း ပိုမိုသက်သာစေသလို ကုသရာမှာ လည်း မြန်မြန်ဆန်ဆန်စတင်လုပ်ဆောင် နိုင်ပါတယ်။
ဆောင်းပါးများ