ကွန်ဒုံးအသုံးပြုခြင်း
လူအများစုကတော့ ဒီနည်းလမ်းနဲ့အကျွမ်းတဝင်ရှိကြပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး လိင်ဆက်ဆံတဲ့အချိန် အမျိုးသားက ကွန်ဒုံးအသုံးပြုခြင်းဟာ ရိုးရှင်းလွယ်ကူပြီး ကိုယ်ဝန်ရလာခြင်း ကို တားဆီးပေးရုံသာမက လိင်ကနေတစ်ဆင့်ရောဂါပိုးမကူးစက်ဖို့ကိုလည်း ကာကွယ်ပေးပါတယ်။ အမျိုးသားများ လိင်တူဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုခြင်းဟာလည်း လိင်ကနေတစ်ဆင့်ရောဂါပိုး ကူးစက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ အမျိုးသမီးများရဲ့ မိန်းမကိုယ်ထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ အမျိုးသမီးသုံးကွန်ဒုံးများလည်း ရှိနေပြီဖြစ်ပါတယ်။
လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံး
လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံး (Finger Condoms) များကတော့ ကျန်းမာရေးစောင့်ရှောက်မှု ၊ ရှေးဦးသူနာပြုနဲ့ လိင်ဆက်ဆံခြင်း စသဖြင့် အမျိုးမျိုးသောနေရာတွေမှာ အသုံးပြုကြပါတယ်။ ဒီနည်းလမ်းဟာ လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများကို လျှော့ချပေးနိုင်သလို တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ လိင်ဆံတဲ့အချိန် Finger Condoms ကို အသုံးပြုမယ်ဆိုရင် ရောဂါပိုးပြန့်ပွား ခြင်းကို ကာကွယ်ဖို့အတွက် အသုံးပြုပြီးတာနဲ့ ချက်ချင်းလွှင့်ပစ်ဖို့လိုပါတယ်။
- လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံးက ထိခိုက်ဒဏ်ရာရမှုတွေကိုဘယ်လိုကာကွယ်ပေးသလဲ?
တကယ်လို့ လူတစ်ယောက်ဟာ လက်မှာဒဏ်ရာရလို့ ပတ်တီး ၊ ပလတ်စတာ စတာတွေကို ကပ်ထားပြီး ပန်းကန်ဆေးတာ ၊ စာရိုက်တာမျိုး လုပ်ဆောင်မယ်ဆိုရင် ပတ်ထားတဲ့ ပတ်တီး ၊ ပလတ်စတာ စတာတွေဟာ အလွယ်တကူကျွတ်ထွက်ကွာကျပြီး အနာဟာ ပိုးဝင်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Finger Condom များကို အသုံးပြုခြင်းဖြင့် ပတ်တီးများ ၊ ပလတ်စတာ များ ကွာကျတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ - ရေမချိုးခင် ၊ ပန်းကန်မဆေးခင် အချိန်တွေမှာ Finger Condom များကို အသုံးပြုနိုင်ပါတယ်။
- လိင်နဲ့ပတ်သက်တဲ့ကျန်းမာရေးကိုဘယ်လိုအထောက်အကူပြုသလဲ?
တကယ်လို့ လူတစ်ယောက်ဟာ လက်မှာဒဏ်ရာရလို့ ပတ်တီး ၊ ပလတ်စတာ စတာတွေကို ကပ်ထားပြီး ပန်းကန်ဆေးတာ ၊ စာရိုက်တာမျိုး လုပ်ဆောင်မယ်ဆိုရင် ပတ်ထားတဲ့ ပတ်တီး ၊ ပလတ်စတာ စတာတွေဟာ အလွယ်တကူကျွတ်ထွက်ကွာကျပြီး အနာဟာ ပိုးဝင်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Finger Condom များကို အသုံးပြုခြင်းဖြင့် ပတ်တီးများ ၊ ပလတ်စတာ များ ကွာကျတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ - ရေမချိုးခင် ၊ ပန်းကန်မဆေးခင် အချိန်တွေမှာ Finger Condom များကို အသုံးပြုနိုင်ပါတယ်။
- လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံး သုံးမယ်ဆိုရင်တခြားဘေးထွက်ဆိုးကျိုးဘာရှိနိုင်သေးသလဲ?
- လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံးကို ညွှန်ကြားထားတဲ့လမ်းညွှန်ချက်များအတိုင်းသုံးမယ်ဆိုရင် ဘာပြဿနာမှမရှိပါဘူး။ ၎င်းတို့ဟာ ရာဘာနဲ့ပြုလုပ်ထားတာကြောင့် ရာဘာနဲ့ ဓာတ်မတည့်သူများအတွက် ပြဿနာတစ်ခုဖြစ်နိုင်ပါတယ်။
- လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံးအသုံးပြုရာမှာချော်ထွက်သွားပြီး ခန္ဓာကိုယ်ထဲ ကျန်ရှိနေခဲ့တာမျိုး ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကိုသုံးမယ်ဆိုရင် လက်ချောင်းတွေမှာ သေချာ စွပ်ပြီးအသုံးပြုဖို့အရေးကြီးပါတယ်။
- တကယ်လို့ လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံးတွေ ခန္ဓာကိုယ်ထဲမှာ ကပ်ငြိပြီးကျန်ခဲ့မယ်ဆိုရင် သေချာဆေးကြောထားတဲ့လက်ချောင်းများနဲ့ ဖယ်ရှားပစ်ရပါမယ်။ လက်နဲ့ဖယ်လို့ မရဘူးဆိုရင် သေချာ ဆရာဝန်နဲ့ ချက်ချင်းပြသရပါမယ်။
- လိင်ဆက်ဆံနေစဉ်အချိန်မှာ လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံး ချော်ထွက်သွားခြင်းဟာ လက်ချောင်းများမှာစွပ်ပြီးအသုံးပြုရတဲ့ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံခြင်းထက်စာရင် ရောဂါပိုး (သို့) လိင်ကနေတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ခြေ အန္တရာယ်အနည်းငယ်မျှသာရှိပါတယ်။