အသည်းအဆီဖုံးရောဂါဖြစ်ရခြင်း အဓိက အကြောင်းရင်း နှစ်မျိုး ရှိပါတယ်။
(၁) အရက်သောက်ခြင်း။
လူနာရဲ့ အရက်သောက်တဲ့ ပမာဏနှင့် ကာလ၊ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးပြီး ရောဂါ အတိမ်အနက် နဲ့ ဆိုးဝါးတဲ့အခြေအနေကို သိရှိနိုင်ပါတယ်။
(၂) အရက်သောက်သုံးခြင်းကြောင့်မဟုတ်သောအခြားအကြောင်းရင်းများ။
ဒီအုပ်စုမှာတော့ လူနာသည် အင်ဆူလင် (Insulin) ကို ယဉ်ပါးသွားပြီး အသည်းသို့ အဆီများ စုပုံလာရာမှ အသည်းအဆီဖုံးရောဂါဖြစ်လာတာကိုတွေ့ရှိရပါတယ်။ ပြောရရင်တော့ ခန္ဓာကိုယ်ဟာ သိုလှောင်ထားတဲ့ စွမ်းအင်တွေအပေါ်မှာ မှီခိုလွန်းတာကနေ အစပြုတာပါပဲ။ အကြောင်းရင်းကတော့ ကျန်းမာရေးဖောက်ပြန်မှုတွေဖြစ်တဲ့ အလွန်၀ခြင်း၊ ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများခြင်း၊ အသည်းရောင်အသားဝါစီပိုး စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ စိုးရိမ်ရတာတစ်ခုကတော့ လူနာဟာ ကိုယ့်အသည်း ကိုယ် ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတာပါပဲ။ မိမိရဲ့ အသည်း ကျန်းမာရေးကို ဂရုမစိုက်တဲ့သူဖြစ်နေတတ်ပြီး ကျန်းမာရေးစစ်ဆေးကြည့်တဲ့အခါမှ အသည်းရဲ့အခြေအနေကို သိလိုက်ရတာမျိုး ဖြစ်တတ်ပါတယ်။