လိပ်ခေါင်းရောဂါဟာ ယနေ့ခေတ်မှာ တဖြည်းဖြည်းမြင့်တက်လာတဲ့ သာမန်ရောဂါဖြစ်ပေမယ့်လည်း ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိနေဆဲဖြစ်ပါတယ်။ ဥပမာ - ဝမ်းထဲသွေးပါခြင်းရောဂါလက္ခဏာကို လိပ်ခေါင်းလို့ တရားသေမှတ်ယူလို့မရဘဲ အူထဲက အကျိတ်အဖု (သို့) အူမကြီးထဲက ရှာဖွေလို့မရနိုင်တဲ့အကျိတ်ကြောင့်လည်း ဖြစ်နိုင်ခြေရှိပါတယ်။
စအိုဟာ သေးငယ်တဲ့သွေးကြောပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းထားပြီး စအိုကြွက်သားများ လျော့ရဲလာတဲ့အခါမှာ အဆိုပါသွေးကြောများဟာ ဖောင်းလာခြင်း(သို့) ရောင်လာတဲ့အခါ Hemorrhoids လို့ခေါ်တဲ့ လိပ်ခေါင်းဖြစ်ပေါ်လာပါတယ်။ အဆိုပါလိပ်ခေါင်းများဟာ အပြုံလိုက်(သို့) မတူညီတဲ့နေရာတွေမှာ ကြီးထွားလာပါတယ်။ လိပ်ခေါင်းရောဂါကို သာမန်အားဖြင့် အုပ်စုအမျိုးအစား (၂)ခုခွဲခြားနိုင်ပါတယ်။
အပြင်ဘက်မှာမမြင်နိုင်တဲ့သွေးကြောလေးများဖောင်းလာခြင်းကြောင့်ဖြစ်တဲ့ အတွင်းလိပ်ခေါင်းဟာ အစာဟောင်းအိမ်(Rectum)ထဲ မှာဖြစ်တတ်ပြီး လက်နဲ့စမ်းသပ်လို့ မရတာကြောင့် ရောဂါစစ်ဆေးဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်(Colonoscopy) ဖို့ လိုအပ်ပါတယ်။ အဆိုပါလိပ်ခေါင်းရောဂါကို အရွယ်အစား အသေးဆုံးမှ အကြီးဆုံး အပေါ်မူတည်ပြီး အဆင့် (၄)ဆင့် ထပ်မံခွဲခြားနိုင်ပါတယ်။
အဆင့်(၁) - အဆိုပါလိပ်ခေါင်းများဟာ သေးငယ်ပြီး ဝမ်းသွားနေစဉ်နဲ့ ဝမ်းသွားပြီးနောက်ပိုင်းသွေးထွက်တတ်ပေမယ့် အစာဟောင်းအိမ်ထဲမှ စအိုအပြင်ဘက်ကို ပြူးထွက်လာ ခြင်းမရှိပါဘူး။
အဆင့်(၂) - အဆိုပါလိပ်ခေါင်းများဟာ ဝမ်းသွားနေစဉ်အတွင်း စအိုအပြင်ဘက်ကို ပြူးထွက်လာကာ ဝမ်းသွားပြီးတဲ့အခါ ကြွက်သားများကျုံ့သွားတာ ကြောင့် ၎င်းရဲ့ မူလပုံစံပြန်ဖြစ်သွားပါတယ်။ ဒီအခြေအနေဟာ မကြာခဏသွေးထွက်စေပြီး ထွက်လာတဲ့ မစင်ဟာလည်း အနီရင့်ရောင် ရှိပါတယ်။
အဆင့်(၃) - ဒီအခြေအနေမှာရှိတဲ့လိပ်ခေါင်းများဟာ ကြီးမားပြီး ဝမ်းသွားနေစဉ် စအိုအပြင်ဘက်ကို ပြူးထွက်လာပါတယ်။ ပြီးတဲ့အခါမှာ လူနာက ပြန်မတွန်းတင် ပေးနိုင်ရင် မူလ ပုံစံအတိုင်း ပြန်မဖြစ်နိုင်ဘဲ လိပ်ခေါင်းကအပြင်ဘက်မှာတွဲလောင်းကျနေပါတယ်။ ဒီအခြေအနေဟာ မကြာခဏသွေးထွက်ခြင်းကိုဖြစ်စေပြီး စအိုကျိန်းစပ်တဲ့ဝေဒနာကို ခံစားရစေပါတယ်။
အဆင့်(၄) - ဒီအဆင့်ရောက်ရင် လိပ်ခေါင်းဟာ အတော်လေးကြီးမားပြီး စအိုကနေ တစ်ချိန်လုံးပြူးထွက်နေကာ ဘာနဲ့မှမတူနဲ့ ပြင်းပြင်းထန်ထန်နာကျင်မှု ဖြစ်နိုင်လို့ ရောဂါခံစားရသူရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒီအမျိုးအစားထဲမှာပါတဲ့လိပ်ခေါင်းဟာ စအိုအပြင်ဘက်မှာကြီးထွားလာတတ်ပြီး အဲဒီနေရာမှာရှိတဲ့သွေးကြောများဖောင်းလာခြင်းကြောင့် ဖြစ်တာပါ။ အဆိုပါလိပ်ခေါင်းများဟာ ပိုမိုနာကျင်ပြီး ရောင်လာတဲ့အခါမှာ အပြင်ဘက်ကနေမြင်နိုင်ပြီး လက်နဲ့လည်း စမ်းသပ်နိုင်ပါတယ်။
ဒါပေမယ့်လည်း အများအားဖြင့် လူနာတွေဟာ တစ်ချိန်တည်းမှာ အပြင်လိပ်ခေါင်းရော အတွင်းလိပ်ခေါင်းကိုပါ ကြုံတွေ့ရတတ်ပါတယ်။
လိပ်ခေါင်းရောဂါလက္ခဏာများနဲ့ အကျိတ်များဟာ အူမကြီးကင်ဆာ မှာဖြစ်တတ်တဲ့ လက္ခဏာ ၊ အကျိတ်များ နဲ့ ဆင်တူပါတယ်။ ဒါကြောင့် သင့်တော်မှန်ကန်တဲ့ကုသမှုများမလုပ်ခင်မှာ အခြေ အနေကို တိတိကျကျ ခေါင်းစဉ်တပ်သတ်မှတ်နိုင်ဖို့ တတ်ကျွမ်းနားလည်သူများနဲ့တိုင်ပင်ကာ ရောဂါရှာဖွေမှုများပြုလုပ်သင့်ပါတယ်။ အူမကြီးကင်ဆာ ရောဂါဖြစ်နိုင်ခြေဟာ လူငယ်များ သာမက လူကြီးများမှာပါဖြစ်တတ်တာကြောင့် ဒီလို ရောဂါရှာဖွေမှုဟာ အဓိကအရေးကြီး ပါတယ်။ ဒါကြောင့် အောက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာများကို သေချာ ဂရုတစိုက်စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။
လိပ်ခေါင်းရောဂါအတွက်ကုသမှုများဟာ ရောဂါအမျိုးအစားနဲ့ ပြင်းထန်မှုအပေါ်မူတည်ပါတယ်။ အောက်ဖော်ပြပါကုသမှုနည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
၁ ။ ခွဲစိတ်မှုမလိုအပ်သည့်ကုသမှု - အရွယ်အစားမကြီးမားသေးတဲ့ အဆင့်(၁)နှင့် (၂) လိပ်ခေါင်းရောဂါများအတွက် ဒီနည်းလမ်းနဲ့ကုသနိုင်ပါတယ်။ ခွဲစိတ်မှုမလိုအပ်တဲ့ ကုသမှုနည်းလမ်းတွေအများကြီးရှိပြီးအောက်ပါအတိုင်းဖြစ်ပါတယ်။
၂။ ခွဲစိတ်ကုသမှု - အတွင်းလိပ်ခေါင်း အဆင့်(၃)နဲ့ အဆင့်(၄) လူနာများအတွက် သင့်တော်တဲ့ကုသမှုနည်းလမ်းဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေထဲမှ တစ်ခုခုကို သင်ခံစားရမယ် ၊ ရောဂါလက္ခဏာတွေဟာတိုးတက်မလာဘဲ ပိုမိုဆိုးရွားလာမယ်ဆိုရင် မြန်နိုင်သမျှ အမြန်ဆုံးရောဂါစစ်ဆေးမှုပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ ရောဂါလက္ခဏာဆိုတာဟာ အစပိုင်းမှာ ခေါင်းစဉ်တပ်မရတာကြောင့် နောက်ဆက်တွဲလိုအပ်တဲ့ ကုသမှုများပြုလုပ်မှသာလျှင် ပိုမိုမြင့်မားတဲ့ ပျောက်ကင်းသာမှုအခွင့်အရေးကိုရရှိမှာပဲဖြစ်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်