ဂရင်ဂျီနာ(Anal Fistula) ဆိုတဲ့နာမည်ဟာ လူအများစုအတွက် အစိမ်းသက်သက် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဂရင်ဂျီနာရောဂါဟာ တခြား အူလမ်းကြောင်းနဲ့ စအိုလမ်းကြောင်းဆိုင်ရာရောဂါတွေလိုပဲ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်လေ့ရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဂရင်ဂျီနာ ဟာ စအိုတစ်ဝိုက်နဲ့ တင်ပါးမှာ ဖြစ်လေ့ရှိတာကြောင့် လူနာများအနေနဲ့ လက္ခဏာပြသည့်တိုင်အောင် (သို့) ရောဂါခံစားနေရသည့်တိုင်အောင် ဆရာဝန်နဲ့ပြရမှာကို ရှက်ပြီး မပြဖြစ်ကြပါဘူး။ ဒီလိုနဲ့ ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်တော့ဘဲ နာတာရှည်ဖြစ်လာကာ ပိုမိုဆိုရွားတဲ့လက္ခဏာတွေ ပေါ်ပေါက်လာပြီး နောက်ဆက်တွဲရောဂါပြဿနာတွေ ဖြစ်လာသလို ဆရာဝန်တွေအတွက်လည်း ကုသရတာ ပိုခက်ခဲလာစေပါတယ်။
စအိုတစ်ဝိုက်နေရာမှာ နာတာရှည်ရောဂါပိုးဝင်ခြင်းကြောင့် ဂရင်ဂျီနာရောဂါ ဖြစ်စေပါတယ်။ ဒီထက်မြင်သာအောင်ပြောရမယ်ဆိုရင် စအိုအဝရှိ အရေပြားနဲ့ စအိုလမ်းကြောင်းအဆုံးမှာ လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ စအိုဝ နဲ့ တင်ပါးတစ်ဝိုက်မှာ နီရဲ ရောင်ရမ်းတဲ့ အဖု အဖြစ် မြင်ရတတ်ပြီး တစ်ခါတစ်ရံ မှာ ပြည်တည်နေတတ်ပါတယ်။ ဂရင်ဂျီနာကို အဓိကအားဖြင့် အောက်ပါအတိုင်း အမျိုးအစား(၂)ခု ခွဲခြားနိုင်ပါတယ်။
စအိုဂလင်းမှာ ဘတ်တီးရီးယားပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပိတ်မိခြင်း စတဲ့ အကြောင်းအရင်းများကြောင့် ဂရင်ဂျီနာ စတင်ဖြစ်ပွားပါတယ်။ တစ်ခါတစ်ရံမှာ အူအတွင်းထဲမှာ စတင်ဖြစ်ပွားပြီး စအိုလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားပါ တယ်။ ရောဂါပိုးဝင်ခြင်းနဲ့ ပိတ်ဆို့နေခြင်း မှတစ်ဆင့် တဖြည်းဖြည်းကြီးမားကာ ဘတ်တီးရီးယားများစုပုံလာစေပြီး အနီးနားတစ်ဝိုက်မှာ ရောဂါပိုးကူးစက်မှုနဲ့ ပြည်တည်ခြင်းကို ဖြစ်စေပါတယ်။ ပြည် များ စုပုံလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ကြွက်သားအလွှာများကို ထိုးဖောက် ဝင်ရောက်သွားရာမှတစ်ဆင့် စအိုလမ်းကြောင်းနဲ့ စအိုအနီးမျက်နှာပြင်အရေပြား ကြားမှာ လမ်းကြောင်းတစ်ခုဖြစ်လာကာ ယိုစီးကျလာပြီး နောက်ဆုံးမှာ ဂရင်ဂျီနာ ဖြစ်လာပါတယ်။ တစ်ခါတစ်ရံမှာ စအိုဝတစ်ဝိုက်ပြည်တည်ခြင်းကြောင့်လည်း ဂရင်ဂျီနာ ဖြစ်ပွားတတ်ပြီး ခွဲစိတ်လိုက်ရင် ထွက်ကျသွားပါတယ်။
ရောဂါနှစ်ခုစလုံးဟာ မစင်မှာသွေးပါခြင်း၊ စအိုနေရာနာကျင်ခြင်း စသဖြင့် ဆင်တူ တဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လိပ်ခေါင်းရောဂါဖြစ်ရင် စအိုဝနဲ့ စအိုတစ်ဝိုက်နေရာမှာ သွေးကြောတွေရောင်ရမ်းပြီး စအိုထဲမှ ပျော့တဲ့ အဖုလေးတစ်ခု အပြင်ကိုပြူထွက်လာပါတယ်။ အဆက်မပြတ် နာကျင်တာမျိုး ရှိတတ်ပေမယ့် ပြည်ယို တာတော့မရှိပါဘူး။ ဂရင်ဂျီနာကတော့ မာကျောတဲ့အဖု ဖြစ်ပေါ်ပြီး အရမ်းနာကျင်စွာခံစားရစေသလို ပြည်ထွက်ခြင်း၊ တစ်ခါတစ်ရံ စအိုနေရာမှာ သွေးထွက်ခြင်းများလည်း ဖြစ်နိုင်ပါ တယ်။ လိပ်ခေါင်းရောဂါဟာ အနေအထိုင်ပြုပြင်ခြင်း၊ သားရေကွင်းနဲ့စည်းခြင်း၊ ဆေးထိုးခြင်း စတဲ့နည်းလမ်းများနဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဂရင်ဂျီနာ ကတော့ အထူးကုဆရာဝန်များနဲ့ ခွဲစိတ်ကုသမှပျောက်ကင်းနိုင်ပါတယ်။
ဂရင်ဂျီနာဟာ အများအားဖြင့် နာတာရှည် ဖြစ်တတ်ပြီး သူ့အလိုအလျောက် မကောင်းသွားနိုင်ပါဘူး။ ထိရောက်စွာကုသပျောက်ကင်းဖို့နဲ့ ဝမ်းမထိန်းနိုင်ခြင်း မဖြစ်ဘဲ ပြန်လည်ဖြစ်ပွားန်ိုင်မှု ကိုလျှော့ချနိုင်ဖို့ ဆိုရင် ခွဲစိတ်ကုသရမှာဖြစ်ပါ တယ်။ တကယ်လို့ ကိုယ့်ရဲ့ စအိုတစ်ဝိုက်နေရာမှာ နာကျင်မှု(သို့) ပြည်ယိုမှု ကြုံတွေ့ရတယ်ဆိုရင် အသင့်တော်ဆုံး ရောဂါရှာဖွေမှုနဲ့ ကုသမှု လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။
လောလောဆယ်မှာ မရှိသေးပါဘူး။ ဂရင်ဂျီနာကို ခွဲစိတ်ကုသမှုတစ်ခုတည်းနဲ့သာ ကုသနိုင်ပါတယ်။
ခွဲစိတ်ကုသမှုဟာ ဂရင်ဂျီနာတည်နေရာနဲ့ အတိမ်အနက်ပေါ် မူတည်ပါတယ်။ အဓိကအားဖြင့် ခွဲစိတ်ကုသမှုရဲ့ ရည်ရွယ်ချက်ဟာ စအိုမှာဖြစ်ပေါ်နေတဲ့ ဂရင်ဂျီနာ ကို ဖယ်ရှားဖို့၊ ပြန်လည်ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ဖို့ နဲ့ စအိုဝ ကြွက်သားကွင်းကို မထိခိုက်စေဖို့ဖြစ်ပါတယ်။ စအိုဝကြွက်သားကွင်းကို ထိခိုက်မိရင် ဝမ်းမထိန်းနိုင်ခြင်းကို ဖြစ်စေပါတယ်။
ရိုးရိုးဂရင်ဂျီနာကို သာမန်ခွဲစိတ်ကုသမှုနည်းလမ်း ( Fistulotomy (သို့) Fistulectomy ခေါ် အနာကိုခွဲစိတ်ခြင်း) နဲ့ ကုသနိုင်ပါတယ်။ Fistulotomy နည်းလမ်းအရ ခွဲစိတ်ဆရာဝန် မှ ပြည် နဲ့ ရောဂါပိုးဝင်ရောက် နေတဲ့ တစ်ရှူး အစိတ်အပိုင်းတွေကို ဖယ်ထုတ်ဖို့ ဂရင်ဂျီနာရဲ့ အတွင်းဘက်အနာအပေါက်ကို အနည်းငယ်ခွဲ လိုက်မှာဖြစ်ပါတယ်။ Fistulectomy နည်းလမ်းမှာတော့ ဂရင်ဂျီနာလမ်းကြောင်း(Fistula Tract) တစ်ခု လုံးကို ခွဲစိတ်ဖယ်ရှားမှာဖြစ်ပါတယ်။ ဖယ်ထုတ်လိုက်တဲ့နေရာမှာ တစ်ရှူးအသစ် တွေ ပြန်လည်ဖြစ်ပေါ်နေရာယူပြီး အနာဟာ အလိုအလျောက် ပြန်ကောင်းသွား မှာဖြစ်ပါတယ်။ တစ်ရှူးတွေပြန်ကောင်းဖို့အတွက် အနည်းဆုံး တစ်လလောက် အချိန်ယူရမှာပါ။ Fistulectomy နည်းလမ်းနဲ့ ဆိုရင် (၉၀) ရာခိုင်နှုန်း သက်သာပျောက်ကင်းနိုင်ပြီး ပြန်လည်ဖြစ်ပေါ်နိုင်ခြေ (၁၀) ရာခိုင်နှုန်း သာ ရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းနဲ့ ခွဲစိတ်ကုသမယ့် ဆရာဝန်ဟာ ကျွမ်းကျင်မှု မရှိဘဲ စအိုဝကြွက်သားကွင်း(Sphincter Muscles) ကို ပိုပြီး ဖြတ်မိ လိုက်မယ်ဆို ရင် လူနာအနေနဲ့ ဝမ်းမထိန်းနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ရှိလာ မှာဖြစ်ပါ တယ်။ ဒါကြောင့် ခွဲစိတ်မှုပြုလုပ်မယ့်ဆရာဝန်ဟာ ကျွမ်းကျင်မှုမြင့်မားပြီး အတွေ့အကြုံရှိဖို့ လွန်စွာအရေးကြီးပါတယ်။
ဂရင်ဂျီနာဟာ အတွင်းနက်ခြင်း(သို့) လမ်းကြောင်းများစွာရှိနေပြီး ဂရင်ဂျီနာ လမ်းကြောင်း တစ်ခုလုံးကို မဖယ်ရှားနိုင်ဘူးဆိုရင် စအိုဝကြွက်သားကွင်း ပမာဏများစွာကို ဖြတ်ထုတ်ဖယ်ရှားဖို့ လိုအပ်ကောင်းလိုအပ်မှာ ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ဝမ်းမထိန်းနိုင်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုအခြေ အနေမျိုးမှာ တခြား ခွဲစိတ်မှုနည်းလမ်းများကို အသုံးပြုရပါမယ်။
အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်း(၄)ခုကလွဲလို့ ရာနှုန်းပြည့်ထိရောက်တဲ့ တခြား နည်းလမ်းမရှိပါဘူး။ ဖော်ပြပါနည်းလမ်းတွေဟာလည်း ထိရောက်မှု (၆၀) ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်းလောက်သာရှိပြီး ပြန်လည်ဖြစ်ပွားနိုင်ခြေရှိနေပါ သေးတယ်။ တကယ်လို့ ပထမတစ်က်ြိမ်ကုသမှုအတွင်း စအိုဝကြွက်သားကွင်း ကို မဖယ်ရှားနိုင်ခဲ့ခြင်း(သို့) ပိုပြီးဖြတ်တောက်မိလိုက်တာကြောင့် မအောင်မြင်တဲ့ အခြေအနေမှာ နောက်တစ်ကြိမ်ထပ်မံကုသမယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။
သာမန်ဂရင်ဂျီနာခွဲစိတ်ကုသမှုအတွက် ဆေးရုံတစ်ရက်တက်လိုက်ရင် လုံလောက် ပါတယ်။ အခြားကြွက်သားများနှင့်ဆက်နေသောဂရင်ဂျီနာ(Complex Anal Fistulas) အတွက် လူနာဟာ ဆေးရုံမှာ (၁)ရက်-(၂)ရက်လောက် နေဖို့လို ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်လိုက်နာရမယ့်အောက်ပါအချက်များကိုလည်း လုပ်ဆောင်သင့်ပါတယ်။
ဆရာဝန်များအနေနဲ့ အဓိက ဦးစားပေးစဉ်းစားလုပ်ဆောင်တဲ့အချက်ကတော့ စအိုဝကြွက်သားကွင်းကို အများကြီးဖြတ်ထုတ်ခြင်း(သို့)ဖယ်ရှားခြင်းကြောင့် ဖြစ်လာတဲ့ ဝမ်းမထိန်းနိုင်ခြင်းကို မဖြစ်စေဖို့ပါ။ ဒါကြောင့် ဆရာဝန်များဟာ ဂရင်ဂျီနာ အမျိုးအစားနဲ့ အတိမ်အနက်ကိုစစ်ဆေးပြီးတဲ့အခါ လူနာနဲ့ ကိုက်ညီမှု အရှိဆုံး ခွဲစိတ်မှုနည်းလမ်းကို ရွေးချယ်ဆုံးဖြတ်ပါတယ်။ ကုသမှုတစ်ခုချင်းစီ အလိုက် ခွဲစိတ်ဆရာဝန်များရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဂရင်ဂျီနာအမျိုးအစားအပေါ်မူတည်ပြီး ရောဂါပြန်လည်ဖြစ်ပွားနိုင်မှု ကွာခြားသွားပါတယ်။
ခွဲစိတ်မှုအပြီး အနာကို ကိုယ်တိုင်ဂရုစိုက်ခြင်းဟာ ပြန်လည်ဖြစ်ပွားလာန်ိုင်မှုကို လျှော့ချပေးပါတယ်။ ပြန်လည်ဖြစ်ပေါ်မှုကိုကာကွယ်နိုင်တဲ့နည်းလမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ယခင်က တင်ပါးမှာ ပြည်တည်နာ ပေါက်တယ်ဆိုရင် ပြည်ထွက်သွားအောင် ဖောက်လိုက်ရုံပါပဲ။ ဒါပေမယ့် တခြားရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်ခြင်းမရှိတာကြောင့် အနာချပ်သွားခဲ့တယ်ဆိုရင်တောင် အတွင်းဘက် အပေါက် နဲ့ အပြင်ဘက်အပေါက် နေရာတွေ ကျန်နေသေးတာကြောင့် ဂရင်ဂျီနာအဖြစ် ပြည်လည် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကျွမ်းကျင်ဆရာဝန်များမှ ရုပ်ပိုင်း ဆိုင်ရာစစ်ဆေးမှုများကို ကြိုတင်လုပ်ဆောင် ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ပြည်တည်နာမှာ အပြင်ဘက်အပေါက်မရှိဘူး အတွင်းဘက်အပေါက်ရှိနေတယ်ဆိုရင် ခွဲစိတ်ဆရာဝန်က နောက်တစ်ကြိမ် ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။ တကယ်လို့အနာက ပွင့်နေတယ် ဆိုရင် အခေါင်းပေါက်ဖြစ်ပြီး နာတာရှည်အဆင့်ထိမဖြစ်အောင် ချက်ချင်းဖယ်ရှား ရမှာဖြစ်ပါတယ်။
ဘန်ကောက်မြို့ရဲ့ယုံကြည်စိတ်အချရဆုံးခွဲစိတ်ကုသမှုအဖွဲ့
ဆစ်မီတဝေ့ဆေးရုံရဲ့ ခွဲစိတ်ဆေးခန်း Surgery Clinic ဟာ ထိုင်းန်ိုင်ငံတွင်းနဲ့ ပြည်ပ လူနာများအတွက် အမြင့်မားဆုံးသော အရည်အသွေးများနဲ့ ဝန်ဆောင် ပေး လျက်ရှိပါတယ်။ နှစ်ပေါင်းများစွာအတွေ့အကြုံရှိ တတ်ကျွမ်း ခွဲစိတ်ဆရာဝန်များရဲ့ ဦးဆောင်မှုနဲ့အတူ လိုအပ်တဲ့လူနာများအတွက် စိတ်ချရပြီး ထိရောက်မှုရှိတဲ့ ခွဲစိတ်မှုများကို ဂုဏ်ယူစွာဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ မှန်ကန်တဲ့ခွဲစိတ်ဆရာဝန်ကိုရွေးချယ်နိုင်ခြင်းဟာ အရေးအကြီးဆုံး အချက် ဆိုတာကို ဆစ်မီတဝေ့ဆေးရုံအနေနဲ့ နားလည်ထားသည့်အားလျော်စွာ ကျွန်တော်တို့ရဲ့ကုသမှုအဖွဲ့မှာ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ ခွဲစိတ်ဆရာဝန် များကို ရွေးချယ်ဖွဲ့စည်းထားပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ နိုင်ငံတကာအဆင့်မီ ဆေးရုံများသာ ရရှိတဲ့ JCI အသိအမှတ်ပြုမှုကို ရရှိထားကြောင်းကိုလည်း ဂုဏ်ယူ စွာနဲ့ အားလုံးကို အသိပေးအပ်ပါတယ်။
ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။
SEND AN INQUIRY OR SCHEDULE AN APPOINTMENT
*ထည့်သွင်းရန်လိုအပ်သည်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်