အရောင်ဟာ ပုံမှန်အားဖြင့် ကြည် ခြင်း (သို့) အလင်းပိတ်နေခြင်းမျိုး လည်း ဖြစ်နေနိုင်ပီး တခါတလေမှာ အနည်းငယ်ဝါနေတတ် ခြင်း သို့မဟုတ် ဖြူဝါဝါ အရောင်မျိုး ရှိနေတတ်ပါတယ်။ အကယ်၍ အရောင်ဟာ ဝါစိမ်းရောင်ကို ပြောင်းလဲလာတယ်ဆိုရင်တော့ အဲ့ဒါက ပုံမှန်အနေအထားမဟုတ်တော့ပါဘူး။
အဝါရောင်ဆင်းခြင်း
အဝါရောင်ဆင်းခြင်းဟာ မွေးလမ်းကြောင်းဆိုင်ရာမှာ ကူးစက်မှုတစ်ခုဖြစ်တဲ့ Trichomoniasis ရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ယခုလိုမျိုး အရည်ဆင်းခြင်းဟာ ပုံမှန်အားဖြင့် အဝါရောင်ဖြစ်နေတတ်ပြီးတော့ အရမ်းမပျစ်နေခြင်း၊ ကိုက်ခဲခြင်းနဲ့ အနံ့ဆိုးတွေပါ ရှိနေတတ်ပါတယ်။ ယခုဖြစ်ရပ်တွေဟာ လိင်ဆက်ဆံတဲ့အချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင်မွေးလမ်းကြောင်းအတွင်း ပြင်ပအရာဝတ္ထုများဖြစ်တဲ့ Tampons (သို့) Sex Toys များ ထည့်သွင်းခြင်းတို့ကနေ ဖြစ်ပွားတတ်ပါတယ်။
အဖြူရောင်မှ အဝါရောင်ဖျော့ဖျော့ဆင်းခြင်း
ယခုလက္ခဏာဟာ အများအားဖြင့် မှိုကူးစက်မှုကြောင့်ဖြစ်ပွားတာဖြစ်ပါတယ်။ အရည်ဆင်းခြင်းက ချွဲပစ်နေတတ်ပြီး တခါတရံမှာ နွားနို့ပုပ်လိုမျိုး အနံ့ထွက်နေတတ်ပါတယ်။ ဒါ့အပြင် ကိုက်ခဲမှု (သို့) လောင်ကျွမ်းတဲ့ ခံစားမှုကိုလည်း အထူးသဖြင့် ဆီးသွားနေတဲ့အချိန်အတောအတွင်းမှာ ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်ရပ်ဟာ မိန်းမကိုယ်အတွင်းမှာ ယားယံမှုနဲ့ ပေါင်ခြံနေရာမျိုးမှာ ပြင်းထန်တဲ့အနီစက်များ လောင်ကျွမ်းမှုတို့ကြောင့်ဖြစ်ပါတယ်။ ယခုလိုမျိုး အရည်ဆင်းခြင်းဟာ တခါတရံမှာ Antibiotics သောက်သုံးနေခြင်း (သို့) ကိုယ်ခံအားနည်းတဲ့လူနာတွေမှာတွေ့ရှိရတတ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ခံအားကို လျော့ချပေးတဲ့ဆေးကို သောက်သုံးနေတဲ့လူနာနှင့် ဆီးချိုသွေးချိုရှိတဲ့လူနာ အစရှိတဲ့လူနာတွေမှာ တွေ့ရှိရနိုင်ပါတယ်။
အစိမ်းရောင်ဆင်းခြင်း
ယခုလက္ခဏာကတော့ မိန်းမကိုယ်ထဲကို ပြင်ပအရာဝတ္ထုတွေ ထိုးသွင်းခြင်းကြောင့် (သို့) ဂနိုရောဂါဖြစ်နေတဲ့ သူတစ်ဦးနဲ့ လိင်ဆက်ဆံမှုခြင်းတို့မှ ဖြစ်ပွားလာတဲ့ ဘက်တီးရီးယားကူးစက်မှု တစ်ခုပဲဖြစ်ပါတယ်။ ဒီကိစ္စရပ်မှာတော့ မွေးလမ်းကြောင်းမှဆင်းတဲ့အရည်ဟာ အစိမ်းရောင် (သို့) အဝါကျင့်ကျင့်အစိမ်းရောင် ရှိမှာဖြစ်ပြီး ငါးညှီနံ့လိုမျိုး အနံ့ရရှိနေမှာဖြစ်ပါတယ်။ ထိုလူနာဟာ ဆီးသွားနေတဲ့အချိန်မှာ ကိုက်ခဲခြင်း (သို့) ဆီးပူခြင်း လက္ခဏာများ ခံစားရမှာဖြစ်ပါတယ်။
အညိုရောင်ဆင်းခြင်း
ဒီလက္ခဏာရပ်ကတော့ သူအိမ်လမ်းကြောင်းမှ မလိုအပ်တော့တဲ့ သေဆုံးပြီးသွေးဆဲလ်များ တဖြည်းဖြည်းခြင်း ကွာကျမှုကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် မိန်းမဓမ္မတာရာသီပြီးတဲ့အချိန်မျိုးမှာဖြစ်ပွားတတ်ပါတယ်။ တခါတရံ ရာသီလာနေတဲ့အချိန်မှာ ကြွေမကျသွားတဲ့ သားအိမ်လမ်းကြောင်းနံရံမှာ အကြွင်းအကျန်တွေဟာ ကျန်နေတတ်ပြီး ဓမ္မတာလာတဲ့အချိန်မှ အချိန်အတိအကျ မထွက်သွားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အခုလိုမျိုး သွေးဟောင်းများ ကိုယ်ကနေ ဆင်းသွားတဲ့အချိန်မှာ ပုံမှန်မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်းပါက အဖြူရောင်မှ ညိုရောင်ဖြစ်သွားစေတတ်ပါတယ်။ အညိုရောင်ဆင်းခြင်းဆိုတာက သားအိမ်ဆွဲဆန့်မှု ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ မည်သို့ပင်ဆိုစေ ယခုအရည်ဆင်းခြင်းဟာ ပျစ်နေပြီးတော့ အမြှုတ်ထသလိုဖြစ်ခြင်း အနံ့ဆိုးရှိနေမယ်၊ ခြင်း ဆီးသွားတဲ့အချိန်မှာလည်း ဆီးပူခြင်း ယားယံခြင်း ဖြစ်မယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ မွေးလမ်းကြောင်းမှအဖြူဆင်းခြင်းလို့ သတ်မှတ်ထားနိုင်ပါတယ်။ အဲ့ကနေတစ်ဆင့် ပေါင်ခြံနေရာမှာ နီနေပြီး ပူစပ်ပူလောင် ဖြစ်ခြင်းကို ဖြစ်စေ နိုင်ပါတယ်။ အကယ်၍ ယခုလိုမျိုး လက္ခဏာများ ကြုံတွေ့နေရပြီဆိုရင် ဆရာဝန်ကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံးသွားရောက်ပြသရမှာဖြစ်ပါတယ်။