ဆစ်မီတဝေ့ဆေးရုံကနေ ဖန်တီးထားတဲ့ Samitivej Virtual Hospital ဟာ လူနာများအနေနဲ့ လူကိုယ်တိုင်ဆေးရုံလာရောက်ပြီး လုပ်ဆောင်နိုင်တဲ့ ကျန်းမာရေးဝန်ဆောင်များကို အွန်လိုင်းမှတစ်ဆင့် ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်း များနဲ့ တိုက်ရိုက်ဆွေးနွေး တိုင်ပင်နိုင်မယ့် အွန်လိုင်းဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ လူနာများအနေနဲ့ အွန်လိုင်းမှတစ်ဆင့်ဆွေးနွေး တိုင်ပင် နိုင်ရုံသာမက အပြင်မှာ ဆေးရုံကို ကိုယ်တိုင်လာရောက်သလိုမျိုး ဝန်ဆောင်မှု များကို အပြင်ထွက်စရာ မလိုဘဲ ရယူနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အောက်ပါဝန်ဆောင်မှုများကို ရရှိနိုင်မှာဖြစ်ပါတယ်။
- ဆေးဝါးပို့ဆောင်ပေးခြင်း - ဆရာဝန်ညွှန်ကြားပေးတဲ့ ဆေးဝါးများကို ထိထိရောက်ရောက်နဲ့အချိန်တိုတိုအတွင်း အိမ်အရောက်ပို့ဆောင် ပေးခြင်း။
- Test@Home: ရောဂါတိတိကျကျရှာဖွေနိုင်ဖို့အိမ်တိုင်ရာရောက် သွေးစစ်ခြင်းဝန်ဆောင်မှု။
- Vaccine@Home: အိမ်တိုင်ရာရောက်တုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်း ဝန်ဆောင်မှု။
အဆိုပါ အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် လုပ်ဆောင်တဲ့ ကျန်းမာရေးလမ်း ညွှန်ချက်များနဲ့ ဝန်ဆောင်မှုများဟာ ဆွေးနွေးတိုင်ပင်နေစဉ်အခ်ျိန်အတွင်း ဆရာဝန်များရရှိတဲ့ လူနာများဆီမှအချက်အလက်များအပေါ် အခြေခံပါတယ်။ ဒါပေမယ့်လည်း ခြွှင်းချက်အနေနဲ့ ရောဂါရှာဖွေစစ်ဆေးခြင်း၊ အရေးပေါ်ဝန် ဆောင်များ (သို့) ရုတ်တရက်ကျန်းမာရေးကုသမှုများကို လုပ်ဆောင်မပေးပါဘူး။