ကင်ဆာရောဂါလို့ဆိုလိုက်ရင် ကင်ဆာချင်းအတူတူမှာတောင် ကုသမှုနည်းလမ်းရွေးချယ်မှုမှာ ကွဲပြားသွားတာကြောင့် ကင်ဆာရောဂါကုသမှုများ ခံယူမယ့်သူတွေအနေနဲ့ အတိုင်းအတာတစ်ခုအထိ ဇဝေဇဝါဖြစ်ခြင်း နဲ့ နားလည်မှုလွဲခြင်းတွေ ရှိတတ်ပါတယ်။ တစ်ချို့လူနာတွေအတွက် မခွဲစိတ်ခင် ကင်ဆာဆေးသွင်းခြင်း ( ခီမိုသရဖီ) လုပ်ဖို့လိုပေမယ့် တစ်ချို့ကျတော့ ခွဲစိတ်ကုသမှုတစ်မျိုးပဲလိုပါတယ်။ တချို့က ကင်ဆာဆေးသွင်းခြင်း(ခီမိုသရဖီ) ၊ ခွဲစိတ်မှုနဲ့ ဓာတ်ကင်ခြင်း စတာတွေနဲ့ ကုသမှုခံယူနေချိန်မှာ လူနာတချို့က ကင်ဆာဆဲလ်တွေကို တိုက်ရိုက် ပစ်မှတ်ထားကုထုံး ( Targeted Cancer Therapy ) ကို ရွေးချယ်ကြပါတယ်။ ဒီလိုမျိုးရွေးချယ်စရာ ကုထုံးတွေအများကြီးရှိနေပြီး လူနာတွေဘက်က ကြည့်ရင် စိတ်ထဲရှုပ်ထွေးသွားနိုင်တာကြောင့် ကင်ဆာအထူးကု ဆရာဝန်ကြီးများရဲ့ အကြံဥာဏ်နဲ့ ကုသလမ်းညွှန်မှု ကိုခံယူဖို့ လိုအပ်ပါတယ်။
တကယ်တမ်းလက်တွေ့မှာ ဘယ်လိုနည်းလမ်းနဲ့ ကုသမလဲဆိုတာက ကင်ဆာလို့သိလိုက်ရတဲ့အချိန် ကင်ဆာရောဂါအဆင့် ဘယ်လောက်ထိ ရောက်နေပြီလဲ ဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။ ကင်ဆာရောဂါလို့ အတည်ပြုပြီးတာနဲ့တပြိုင်နက် ကင်ဆာအဆင့်သိရဖို့ ဆရာဝန်တွေဟာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ အပြင် ကုသမှုမှာ ပါဝင်အားဖြည့်ပေးမယ့် တခြားသော ခွဲစိတ်ဆရာဝန်တွေ ၊ ဓာတ်မှန်ကျွမ်းကျင်ပညာရှင် တွေနဲ့လည်း သေချာတိုင်ပင်ပြီး အစီအစဉ်တွေ ရေးဆွဲရပါတယ်။ လတ်တလောမှာ ကင်ဆာရောဂါအတွက် ကုသနိုင်တဲ့ ကုထုံးတွေကတော့
ကင်ဆာရောဂါနှင့်ပတ်သက်ပြီးသိချင်သည့်အချက်များကိုအချိန်နှင့်တပြေးညီသိရှိရန် ဒီနေရာတွင်နိုပ်ပါ။
ဆေးရုံဝန်ထမ်းနှင့်ဆက်သွယ်ပြီး ဆရာဝန်နှင့်ကြိုတင်ရက်ချိန်းရယူရန် chat နိုပ်ပါ။
ဆစ်မီတဝေ့ဆေးရုံကြီးမှာ ထိုင်းနိုင်ငံနှင့်အခြားသောနိုင်ငံပေါင်း (၃၈) နိုင်ငံကျော်မှ ကိုယ်ဝန်ဆောင်မိခင် များကို ကလေးမွေးဖွားပေးနိုင်ခဲ့ပြီး အောင်မြင်မှု (၄၄) ရာခိုင်နှုန်း အထိ တိုးတက်ခဲ့ ပါတယ်။ (အဆိုပါကိန်းဂဏန်းသည် ဆစ်မီတဝေ့ဆေးရုံကြီးတွင် တက် ရောက်ပြီးအောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည့်ကိုယ်ဝန်ဆောင်မိခင်များကို စစ်တမ်းကောက် ယူထားခြင်းဖြစ်ပါတယ်။)
ဆစ်မီတဝေ့ဆေးရုံကြီးမှာ ကလေးမွေးဖွားခြင်းဆိုင်ရာစစ်ဆေးမှုများအတွက် အောက်ပါအဆင့်မြင့် နည်းပညာများ ကို အသုံးပြုလျက် ရှိပါတယ်။ မွေးလမ်းကြောင်းကို အာထရာဆောင်းဖြင့်ကြည့်ရှုစစ်ဆေးခြင်း သားအိမ်နှင့်သားဥပြွန်ဓာတ်မှန် သုတ်ပိုးစစ်ဆေးခြင်းနှင့်စုဆောင်းခြင်း ( သုတ်ကောင်ရွေးချယ်ခြင်း)သုတ်ပိုးသိမ်းဆည်းပေးခြင်းဟော်မုန်းဆိုင်ရာစစ်ဆေးမှုများIVF , E.T , ICSI , GIFT စသည့် မျိုးပွားမှုဆိုင်ရာနည်းပညာများ သားကြောဖြတ် ထားသော အမျိုးသားများအတွက် သုတ်ပိုးထုတ်ယူပေးသည့် TESE နည်းပညာ ဆစ်မီတဝေ့ဆေးရုံ ကြီးမှာ အမျိုးသမီးများအတွက် သားကြောဖြတ်ခြင်း(ovariectomy) ကိုလည်း သေချာစွာ ခွဲစိတ်ကုသပေးနေပါတယ် ။ သိပ္ပံဆေးပညာကိုအခြေပြုတဲ့ မျိုးပွားမှုဆိုင်ရာ ကုသမှုတွေကိုလည်း ဆစ်မီတဝေ့ဆေးရုံကြီးမှာ ကုသပေးလျက်ရှိပါတယ်။
ဆေးရုံဝန်ထမ်းနှင့်ဆက်သွယ်ပြီး ဆရာဝန်နှင့်ကြိုတင်ရက်ချိန်းရယူရန် chat ကို နိုပ်ပါ…
ကလေးမွေးဖွားခြင်း packages များ သိရှိနိုင်ရန် ဒီနေရာကိုနိုပ်ပါ
ဆစ်မီတဝေ့ဆေးရုံမှာ ကိုယ်ဝန်ဆောင်မိခင်လောင်းများလမစေ့ဘဲမွေးဖွားမှုနှုန်း လျှော့ချဖို့ ခေတ်မီ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါဟာ အခြားသောဆေးပညာ ဆိုင်ရာအဖွဲ့အစည်းများအတွက် အတုယူစရာ နမူနာစံပြ ဖြစ်လာခဲ့ပါတယ်။ လမစေ့ဘဲ မွေးဖွားလာခြင်းကိုလျှော့ချဖို့လမစေ့ကိုယ်ဝန်ကာကွယ်ရေးဆေးခန်း ( Preterm Prevention Clinic) အနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့အကူအညီနဲ့ ကုသမှုတွေကိုဆောင်ရွက်ပေးပါ တယ်။ တကယ်လို့ မရှောင်လွှဲနိုင်ဘဲ လမစေ့ဘဲမွေးဖွားလာခဲ့ရင်လည်း လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို ပြည့်ပြည့်စုံစုံ ထားရှိပေးပါတယ်။
လမစေ့ကလေး မွေးဖွားမှု ကာကွယ်ရေး ဆေးခန်း ဟာ လမစေ့ဘဲကလေးမွေးဖွားမှုနှုန်း (၅၀) ရာခိုင်နှုန်းထိ လျှော့ချနိုင်ဖို့ အတွက် 3P Concept (၅၀) ရာခိုင်နှုန်းထိ လျှော့ချနိုင်ဖို့ အတွက် 3P Concept ကို လိုက်နာကျင့်သုံးပြီး စောင့်ရှောက်ကုသမှုတွေ ပေးနေတာ ဖြစ်ပါတယ်။ ( အဆိုပါကိန်းဂဏန်းသည် WHO မှ ထုတ်ပြန်ထားသည့် အချက်အလက်များနှင့်နှိုင်းယှဉ်ထားခြင်းဖြစ်သည်)
ဆစ်မီတဝေ့ဆေးရုံကြီးမှာ ဝါရင့်ကလေးအထူးကုဆရာဝန် အယောက် (၁၅၀) ကျော်မှ ခေတ်မီစက်ကိရိယာများကိုအသုံးပြုပြီး မွေးကင်းစကလေးငယ်များအတွက် အလုံးစုံစောင့်ရှောက်ကု သမှု ပေးနေပါတယ်။ ဆစ်မီတဝေ့ကလေးဆေးရုံဟာ ခေတ်နဲ့အညီ ဆက်လက်တိုးတက်စေဖို့အတွက် နာမည်ကြီးကလေးဆေးရုံများဖြစ်တဲ့ အမေရိကန်နိုင်ငံမှ Doernbecher Children’s Hospital, Doernbecher Children’s Hospital, ဂျပန်နိုင်ငံမှ Takatsuki General Hospital တို့နဲ့ Exchange & Development Partnership လက်မှတ်ရေးထိုးခဲ့ပါတယ်။ သဘောတူညီချက်အရ ရောဂါရှာဖွေမှုသာလျှင်မက မွေးကင်းစကလေးင ယ်အထူး ကြပ်မတ်ကုသဆောင် ( NICU ) ၊ ကလေးအထူးကြပ်မတ်ကုသဆောင် (PICU) များအတွက် ၎င်းဆေးရုံများမှ နောက်ဆုံးပေါ်ခေတ်မီ နည်းပညာများဖြင့် ကူညီပံ့ပိုးမှုတွေရရှိလာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး နောက်ဆုံးပေါ်နည်းပညာ ကူညီပံ့ပိုးမှုများကြောင့် အောင်မြင်တဲ့ အကျိုးရလာဒ်များ ရရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။
လမစေ့ဘဲမွေးဖွားခဲ့သူမိခင်တစ်ဦးရဲ့အတွေ့အကြုံတွေကိုနားထောင်ကြည့်လိုက်ပါ
ဆေးရုံဝန်ထမ်းနှင့်ဆက်သွယ်ပြီး ဆရာဝန်နှင့်ကြိုတင်ရက်ချိန်းရယူရန် chat ကို နိုပ်ပါ….
ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ critical care complex (CCC) ခွဲစိတ်ခန်းတွေကတော့ ခေတ်မီခွဲစိတ်ကုသမှုတွေ ဝန်ဆောင်မှုပေးနိုင်ဖို့ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ အခန်းဒီဇိုင်းမှအစ အသုံးပြုထားတဲ့ ပစ္စည်းကိရိယာနဲ့ ပြင်ဆင်ထားရှိမှုများဟာ ခွဲစိတ်ကုသမှု တွေအတွက် နေရာတကျ အပိုအလိုမရှိ စီမံဆောင်ရွက်ထားတာပဲဖြစ်ပါတယ် ။ ခွဲစိတ်ခန်းအတွင်းမှာ ခွဲစိတ်ဆရာဝန်နဲ့ အဖွဲ့အတွက် လိုအပ်ချက်မှန်သမျှကို စီစဉ်ပေးထားပြီးအခန်းတွင်း ဘတ်တီးရီးယား ပိုးမွှားကင်းစင်အောင်နဲ့ စိတ်ဖိအားကင်းဝေးတဲ့ ဝန်းကျင်နေရာတစ်ခုဖြစ်အောင် ဖန်တီးထားပါတယ်။ ဒါ့အပြင် ခွဲစိတ်ကုသမှုခံယူမယ့် လူနာတွေအတွက် လုံခြုံစိတ်ချမှုရှိပြီး အထူးပုဂ္ဂိုလ်တစ်ဦးလိုမျိုး စိတ် ခံစားမှုရရှိ အောင် စီစဉ်ထားပါတယ်။ ဆစ်မီတဝေ့ဆေးရုံရှိ CCC ခွဲစိတ်ခန်းတွေဟာ ဘတ်တီးရီးယားပိုးမွှားကင်းစင်မှု ၊ လေထုသန့်စင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိအ မှတ်ပြု လက်မှတ်ရရှိထားတာကြောင့် လာရောက်ကုသမှုခံယူမယ့် လူနာတွေအတွက် အမြဲတမ်း စိတ်ချမ်းသာမှုနဲ့ လုံခြုံမှုပေးနိုင်မှာကတော့ အသေအချာပါပဲ။ 3D4K နဲ့ 3D ဒစ်ဂျစ်တယ် ပုံရိပ်နည်းပညာကို အသုံးပြုထားပြီး ပုံရိပ်တွေကို HD Quality ရဲ့ (၄) ဆအထိ ကြည်လင်ပြတ်သားစွာဖော်ပြပေးနိုင်တာကြောင့် ခွဲစိတ်ဆရာဝန်တွေအတွက် ခန္ဓာကိုယ်အတွင်းပိုင်းခွဲစိတ်ကုသမှုတွေမှာ ပိုမိုတိကျစွာ မြင်တွေ့ရမှာဖြစ်ပါ တယ်။ ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်များဟာ MIS လို့ခေါ်တဲ့ ခက်ခဲမှုနည်းပါးပြီး ရိုးရှင်းလွယ်ကူတဲ့ ခွဲစိတ်ကုသမှုများ အပြင် အကြီးစားခွဲစိတ်ကုသမှုများကိုပါ ပိုင်နိုင်ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ကြပါတယ်။ ဆစ်မီတဝေ့ဆေးရုံရဲ့ စွမ်းဆောင်မှုနဲ့အောင်မြင်မှုတွေကို အောက်မှာဖော်ပြထားပါတယ်။ minimally invasive surgeries (MIS).
အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် မှန်ပြောင်းအသုံးပြုပြီးကုသတဲ့ ခွဲစိတ်ကုသမှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါ တယ်။
မှန်ပြောင်းအသုံးပြုပြီးကုသနိုင်တဲ့ သားဖွားမီးယပ်ဆိုင်ရာခွဲစိတ်ကုသမှုများ
အရိုးအဆစ်အတွင်းကြည့်မှန်ပြောင်း (Arthroscopy) ဆိုတာကတော့ အရိုးအဆစ်အတွင်းကို မှန်ပြောင်းထည့်ကြည့်ရှုပြီး ကုသတဲ့ ကိရိယာပဲဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံကြီးမှာ Arthroscopic နည်းပညာနဲ့ တံတောင်ဆစ် ၊ ပုခုံး ၊ ဒူးခေါင်း ၊ လက်ကောက်ဝတ် ၊ ခြေကျင်းဝတ် စတဲ့ ကိုယ်လက်အစိတ်အပ်ိုင်းများမှာ ဖြစ်ပွားတဲ့ရောဂါတွေကို ကုသပေးလျက်ရှိပါတယ်။
ဆစ်မီတဝေ့ဆေးရုံကြီးမှ ကျောရိုးနှင့်ပတ်သက်သောခွဲစိတ်ကုသမှုများ
မှန်ပြောင်းသုံးစရာမလိုသည့်သာမန်ခွဲစိတ်မှုများ
ခွဲစိတ်ကုသမှု packages များသိရှိနိုင်ရန် ဒီနေရာကို နိုပ်ပါ
ဆေးရုံဝန်ထမ်းနှင့်ဆက်သွယ်ပြီး ဆရာဝန်နှင့်ကြိုတင်ရက်ချိန်းရယူရန် chat ကို နိုပ်ပါ….
မွေးကင်းစကလေးငယ်နှင့် ကလေးများအတွက်ခွဲစိတ်ကုသမှုများ: ကလေးငယ်များအတွက်ခွဲစိတ်ကုသမှုတွေဟာ ခက်ခဲမှုနည်းပါးပြီးလွယ်ကူရိုးရှင်းတဲ့ခွဲစိတ်ကုသမှု ( MIS ) အမျိုးအစားထဲမှာပါဝင်ပြီး ခွဲစိတ်လိုက်ရတဲ့အလျားအတိုင်းအတာ (၂) မီလီမီတာမှ (၅)မီလီမီတာ လောက်သာရှိ ပါတယ်။ ဒီခွဲစိတ်ကုသမှုဟာ အသက် (၁) နှစ်အောက် ကလေးငယ်များအတွက် ကုသပေးဖို့ သင့်တော်ပါတယ်။
ဆေးရုံဝန်ထမ်းနှင့်ဆက်သွယ်ပြီး ဆရာဝန်နှင့်ကြိုတင်ရက်ချိန်းရယူရန် Chat ကို နိုပ်ပါ….
ကလေးသူငယ်ပြန်လည်သန်စွမ်းရေးစင်တာ မှာတော့ ကလေးငယ်များအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ ဝန်ဆောင်မှု များကို ကျွမ်းကျင် ကလေးအထူးကုဆရာဝန်များက တာဝန်ယူ စောင့်ရှောက်ကုသ ပေးနေသလို အကြောအဆစ် ပြန်လည်သန်စွမ်းရေးပညာရှင် ၊ လက်တွေ့လေ့ကျင့်ရေးကျွမ်းကျင်ပညာရှင် များကလည်း ကုသမှုမှာ ပါဝင်ကူညီပေးနေပါတယ်။ ကျွမ်းကျင်ပညာရှင်များဟာ ကလေးသူငယ် အကြောအဆစ်သန်စွမ်းရေး ၊ အထူးလေ့ကျင့်ရေး ၊ ရေကူးကန်ထဲတွင်လေ့ကျင့်ရသည့် ကုထုံး( Aquatic Therapy) ၊ ကလေးငယ်များ အတွက်အထူးကုထုံး ၊ မွေးကင်းစကလေးငယ်များအကြောအဆစ်သန်စွမ်း ရေး စတဲ့ ဘာသာရပ်များကို သက်ဆိုင်ရာ တက္ကသိုလ် ၊ သင်တန်းများ တွင်တက်ရောက်သင်ကြား လေ့ကျင့်ထား ကြသူများပဲဖြစ်ပါတယ်။ ဒါ့အပြင် အောက်ပါ ဘာသာရပ်များကိုလည်း နားလည်တတ်ကျွမ်းထားကြပါတယ်။
ဆေးရုံဝန်ထမ်းနှင့်ဆက်သွယ်ပြီး ဆရာဝန်နှင့်ကြိုတင်ရက်ချိန်းရယူရန် Chat ကို နိုပ်ပါ….
လတ်တလောကြုံတွေ့နေရတဲ့ New Normal ကာလမှာ လူနာများအနေနဲ့မိမိတို့ရဲ့ ကျန်းမာရေးဆေးစစ် မှတ်တမ်းကို တင်ပြပြီး video call ခေါ်ဆိုမှုများဖြင့် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများထံမှ ဆွေးနွေးအကြံပေးမှုများကို ရယူနိုင်ပါတယ်။ အဆိုပါဝန်ဆောင်မှုကို လူနာနှင့် ကျန်းမာရေးဝန်ထမ်းများကြား အွန်လိုင်းမှတစ်ဆင့်ချိတ်ဆက်ပေးနိုင်တဲ့Samitivej Virtual Hospital မှတစ်ဆင့် ရယူနိုင်ပါတယ်။ ဆက်လက်လေ့လာရန်(သို့) ကြိုတင်ရက်ချိန်းယူရန်။
ဆစ်မီတဝေ့ဆေးရုံကြီးမှာ လာရောက်ကုသကြတဲ့ လူနာတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် သန့်ရှင်းပြီးကျန်းမာရေးညီညွတ်ဖို့နဲ့ လုံခြုံစိတ်ချရမှုရှိဖို့ အမြဲတမ်းအလေးပြု လုပ်ဆောင်နေပါတယ်။
ဆစ်မီတဝေ့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူမယ့်လူနာတွေအတွက် လုံခြုံစိတ်ချမှုရှိနေစေဖို့ ခွဲခန်းမဝင်ခင်မှာ Covid 19 ရောဂါပိုး စစ်ဆေးပေးပါတယ်။ ဒါမှသာ လူနာတွေအတွက်ရော ဆေးရုံဝန်ထမ်း များအတွက်ပါ စိတ်ချရမှာဖြစ်ပါတယ်။ ၂၀၂၀ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဆေးရုံတက်ဖို့ စီစဉ်ထားတဲ့ ကုန်ကျစရိတ် ဘတ် (၁) သိန်းနဲ့အထက်လူနာများအနေနဲ့ ကြိုတင်ပြီး ရက်ချိန်းရယူဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ကုသမှုမခံယူခင် (၁)ရက် သို့မဟုတ် (၂) ရက်အလိုမှာ Covid 19 ရောဂါပိုး ရှိ မရှိ စစ်ဆေးရမှာဖြစ်ပါတယ်။
Customer များအနေနဲ့ အဆိုပါ အထူးအခွင့်အရေးကို ယခုမှစပြီး စက်တင်ဘာလ (၃၀) ရက်နေ့အထိ ခံစားခွင့်ရှိမှာဖြစ်ပါတယ်။
ဆက်လက်သိလိုသည်များကိုသက်ဆိုင်ရာဝန်ထမ်းများကိုမေးမြန်းရန် chat option ကိုနိုပ်ပါ။
Samitivej PACE ဆိုတဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုကို ဖန်တီးထားပြီး ခွဲစိတ်မှုပြုနေစဉ် အချိန်အတွင်း လူနာရဲ့ အခြေအနေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်ပါတယ်။ အဆိုပါဝန်ဆောင်မှုမှ တစ်ဆင့် လူနာရှင်များအနေနဲ့ ခွဲစိတ်ကုသနေချိန်အတွင်း လူနာရဲ့အခြေအနေကို ခွဲစိတ်ခန်း(သို့) ခွဲစိတ်ပြီးလူနာထားရှိတဲ့အခန်းအပြင် ဘက်ကနေ သိရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါဝန်ဆောင်မှု ကိုစတင်အသုံးပြုနိုင်ဖို့ LINE Application ကနေ @Samitivej ကို Add လုပ်ထားဖို့ပဲလိုပါတယ်။
သင်ဟာ ဆစ်မီတဝေ့ဆေးရုံကြီးမှာ တက်ရောက်ကုသမယ်ဆိုရင် ဆေးရုံတက်စဉ်ကာ လ တစ်လျှောက် လုံး သင့်ဘေးမှာ Samitivej PROMPT ရှိနေမှာပါ။ Samitivej PROMPT ကနေ လူနာရဲ့ နေ့စဉ် အချိန်ဇယားကိုသာလျှင်မက ကျန်းမာရေးဝန်ထမ်းများရဲ့ နာမည်များကိုပါ ဖော်ပြထားပေးပါတယ်။ လူနာအနေနဲ့ မိမိရောဂါကို အဓိကဦးဆောင်တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီးနဲ့ တိုက်ရိုက် စာပို့ ဆက်သွယ်နိုင်ပြီး ဆရာဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးမယ့် အချိန်တွေ ကိုပါ ရွေးချယ်မှုပြုလုပ်နိုင် ပါတယ်။ Samitivej PROMPT ကနေ ဆေးရုံတက်ရောက်မှုအတွက် ကနဦးကျသင့်ငွေကိုပါ သိနိုင်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံကြီးမှာတက်ရောက်ကုသမှုခံယူချိန်မှာ စိတ်ချမ်းသာမှုရရှိစေဖို့ Samitivej PROMPT ကို အသုံးပြုဖို့ အကြံပေးပါရစေ ။
ဆစ်မီတဝေ့ဆေးရုံကြီးမှာတက်ရောက်ကုသတဲ့ လူနာများအနေနဲ့ မိမိကိုယ်တိုင် လာရောက်ပြသရမည့်ရက်ချိန်းများကို တာဝန်ယူကုသပေးတဲ့ ဆရာဝန်ကြီးများရဲ့ ခွင့်ပြုချက် ရပါကအွန်လိုင်း ဗီဒီယိုကော်ကတစ်ဆင့် ဆွေးနွေးနိုင်ပါတယ်။
SPECIALIST
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်