ကုသမှုဆိုင်ရာ သင်ကြားပို့ချမှုများဟာ လူနာများရဲ့ တစ်ချိန်တုန်းက ရောဂါလက္ခဏာများကို ဆန်းစစ်သုံးသပ် ပြီးရရှိလာတဲ့ အချက်အလက်များ အပေါ်လေ့လာမှု၊ သတ်မှတ်ထားတဲ့ပြုစုစောင့်ရှောက်မှု၊ ကုသမှုရလဒ် စသည်တို့အပေါ်မူတည်ကာ ပြန်လည်သင်ကြားပို့ချပေးတာဖြစ်ပါတယ်။ အများစုသော လက်တွေ့ကုထုံး ရလဒ်တွေက သင့်လျော်တဲ့ရောဂါအခြေအနေလက္ခဏာတစ်ခုမှာအသုံးပြုနိုင်ရန် ပို့ချထားတဲ့ နည်းလမ်းတွေ သာဖြစ်ပါတယ်။ သင်ကြားပို့ချချက်အများစုမှာတော့ လက်တွေ့အသုံးပြုဖို့အတွက် အောင်မြင်ခဲ့ပါတယ်။ တချို့ လူနာများရဲ့ ဖြစ်ရပ်တွေဟာလည်း တိတိကျကျဖြစ်ခဲ့ပါတယ်။
အခုခေတ်မှာတော့ ဆေးဘက်ဆိုင်ရာပညာရပ်တွေဟာ ပြောင်းလဲလာခဲ့ပြီး ဆေးကုသမှုအပေါ်ချဉ်းကပ်မှုဟာ လူနာတစ်ဦးချင်းအတွက်ကွဲပြားသလို အမူအကျင့်နဲ့ ရောဂါဖြစ်ပွားစေတဲ့အခြေအနေဟာလည်း ကွဲပြားတဲ့အတွက် ယခင်ကထက်ပိုပြီး တိကျတဲ့ပစ်မှတ်ထားကုသမှုနည်းလမ်းကို အသုံးပြုလာကြပါတယ်။ လူနာတွေက တူညီတဲ့လူမျိုးတွေဖြစ်နေရင်တောင် နေထိုင်တဲ့ နိုင်ငံကွာခြားမှုပေါ်မှုတည်ပြီး ရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းက ကွာခြားမှာဖြစ်ပါတယ်။ ယခုချဉ်းကပ်မှုအသစ်ဟာ မျိုးရိုးဗီဇ၊ နေထိုင်မှု နဲ့ ပတ်ဝန်းကျင် ကိုပါ ထည့်သွင်းစဉ်းစားပြီးမှ ရောဂါစစ်ဆေးမှုတွေနဲ့ ကုသမှုတွေကို ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့အပြင် နောင်ဖြစ်လာနိုင်မယ့် ရောဂါတွေအပေါ်ကိုပါ တခါတည်း စစ်ဆေးပြီး လူနာကို ကာကွယ်မှုများ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အခုလိုမျိုး ဆေးပညာပိုင်းဆိုင်ရာ ဖောက်ထွက်ခဲ့တဲ့ဆေးကုထုံးကို "Precision Medicine - တိကျခြင်းဆေးကုထုံး" လို့ ခေါ်ဆိုပါတယ်။
တိကျခြင်းဆေးကုထုံးဆိုတာ လက်ရှိအချိန်မှာ ဆေးကုသမှုနယ်ပယ်အကုန်လုံးနီးပါးမှာ အသုံးပြုလာပြီဖြစ်ပြီး ယခင်က ဆေးကုထုံးတွေကို တဖြည်းဖြည်း အစားထိုးလာတာဖြစ်ပါတယ်။ အခုလို ဆေးကုထုံးအသစ်ကို ဆစ်မီတဝေ့ဆူခွန်ဗစ် အောက်ပါဌာနတွေမှာ ရရှိနေပြီဖြစ်ပါတယ်။
- မီးယပ်နှင့်သားဖွားပညာဌာန – ကိုယ်ဝန်ရယူရန်ပြင်ဆင်ခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ရောဂါများကို ကာကွယ်ခြင်း။
- ကင်ဆာရောဂါဌာန – ကင်ဆာရောဂါကုသခြင်း။
- တစ်ဦးချင်းနဲ့ မိသားစုလိုက် ဆေးဘက်ဆိုင်ရာ ကုသစောင့်ရှောက်မှုပေးခြင်း။
အဆိုပါဌာနတွေအပြင် အခြားသော ဌာနတွေမှာပါ မကြာခင် ဝန်ဆောင်မှုပေးဖို့ အစီအစဉ်ရှိပါတယ်။