သင်ဟာမျိုးရိုးဗီဇရောဂါဖြစ်နိုင်ခြေရှိသူလား?

မျိုးရိုးဗီဇရောဂါများနဲ့ပတ်သက်ပြီးကောင်းစွာသိရှိထားခြင်းဖြင့် သင့်ရဲ့ကျန်းမာခြင်း ပန်းတိုင်ဆီလျှောက်လှမ်းပါ

သင့်မှာအောက်ပါအချက်များနဲ့ကိုက်ညီတဲ့ သွေးချင်းနီးတဲ့ဆွေမျိုး / သွေးသားအရင်းအချာ ( First-degree (သို့) Second-degree) ရှိနေပါသလား?

  • နှလုံးရောဂါ (သို့) ကင်ဆာရောဂါ ရာဇဝင်ရှိသူများ
  • နှလုံးရောဂါ (သို့)ကင်ဆာရောဂါကနဦးအဆင့် ရောဂါရှာဖွေ တွေ့ရှိ ထားသူများ (အသက် ၂၁ - အသက် ၄၀)
  • အရွယ်မတိုင်ခင် နှလုံးရောဂါ (သို့)ကင်ဆာရောဂါ ခံစားရသူများ
တကယ်လို့သင်ဟာ အထက်ပါအချက်များထဲမှ နှစ်ချက် (သို့) နှစ်ချက်နှင့်အထက် ကိုက်ညီမှုရှိတယ်ဆိုရင် ဆစ်မီတဝေ့ဆေးရုံရဲ့ Family Tree Analysis ကို အသုံးပြုပြီး မျိုးရိုးဗီဇဆိုင်ရာရောဂါများ ကို စစ်ဆေးဖို့ အကြံပြုလိုပါတယ်။ မျိုးရိုးဗီဇ ဆိုင်ရာရောဂါများနဲ့ပတ်သက်ပြီး အကြံပေးဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းဖြင့်လည်း လုပ်ဆောင်နိုင်ပါတယ်။ ပထမ(၁၅)မိနစ်အတွက် အခမဲ့
ဒီနေရာကိုကလစ်နှိပ်ပါ

 


ဒီကမ်ပိန်းဟာ ပိုမိုကျန်းမာတဲ့မျိုးဆက် (Healthier GENEration) ဆိုတဲ့  ဆစ်မီတဝေ့ဆေးရုံရဲ့ (၄၄)နှစ်ပြည့် အထိမ်းအမှတ်ကိုဂုဏ်ပြုတဲ့ ပရောဂျက်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
#OnceThatMatters

Healthier GENEration နဲ့ပတ်သတ်တဲ့ခေါင်းစဉ်ကို ပိုမိုသိလိုပါက နိုပ်ပါ။


အထူးဖန်တီးထားတဲ့မျိုးရိုးဗီဇရောဂါစစ်ဆေးမှုနဲ့အတူပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံကိုမြှင့်တင်ခြင်း

ဆွေစဥ်မျိုးဆက်ဇယား (Pedigree Chart)ပေါ်မှာ မိသားစုရာဇဝင်ကို အသေးစိတ် ချရေးပြီးနောက်မှာ မွေးရာပါရောဂါဖြစ်လာနိုင်တဲ့ပုံစံ (Inheritance Pattern) တစ်ခုကို မျိုးရိုးဗီဇရောဂါဖြစ်နိုင်ခြေစစ်ဆေးမှုနဲ့ ပြသပေးမှာဖြစ်ပါတယ်။ ဒီအဆင့်ဟာ စစ်ဆေးမှုခံယူသူရဲ့ စိုးရိမ်ပူပန်မှုကိုလျော့ပါးစေပြီး မျိုးရိုးဗီဇဆိုင်ရာ ဆွေးနွေးအကြံပေးမှုမှာ ကောင်းစွာလေ့ကျင့်သင်ကြားမှုခံယူထားတဲ့ အထူးကုဆရာဝန်ရဲ့ အထူး လမ်းညွှန်မှုကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

အဲဒီစနစ်ဟာ ရရှိထားတဲ့ အချက်အလက်များကိုအသုံးချပြီး ရောဂါဖြစ်နိုင်ခြေကို တွက်ချက်ပေးပြီး ရလဒ်အခြေများကို အရောင်များနဲ့အဆင့်သတ်မှတ်မှာ ဖြစ်ပါတယ်။ ရောဂါဖြစ်နိုင်ခြေကိုသတ်မှတ်ရာမှာ အနိမ့်ဆုံးအဆင့် အဝါရောင် ကနေ အမြင့်ဆုံးအဆင့် အနီရောင်နဲ့ ပြသမှာဖြစ်ပါတယ်။ မိသားစုထဲမှာ ရောဂါရာဇဝင် မရှိသူများနဲ့ မွေးရာပါရောဂါမရှိသူများအတွက် ရောဂါဖြစ်နိုင်ခြေ ကို အစိမ်းရောင် အဆင့်နဲ့ ရလဒ်ပြသမှာဖြစ်ပါတယ်။

Family Tree Analysis ကနေတစ်ဆင့် မျိုးရိုးဗီဇဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကိုစစ်ဆေးပါ။
မျိုးရိုးဗီဇ ဆိုင်ရာရောဂါများနဲ့ပတ်သက်ပြီး အကြံပေးဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းဖြင့်လည်းလုပ်ဆောင်နိုင်ပါတယ်။ ပထမ (၁၅)မိနစ်အတွက်အခမဲ့ ဒီနေရာကိုကလစ်နှိပ်ပါ


ကိုယ်ဝန်ဆောင်ရန်အတွက် စီမံခြင်း : တစ်ခါမှ ကလေးမမွေးဖူးသူ (သို့) ကလေးမွေးဖူးသူ အတွက် ကိုယ်ဝန်ဆောင်နိုင်ဖို့အစီအစဉ်ရေးဆွဲခြင်း

မျိုးရိုးဗီဇချို့ယွင်းမှုရောဂါများတွေ့ရှိရတဲ့ ကလေးငယ်များရဲ့ (၈၀) ရာခိုင်နှုန်းဟာ မိဘများမှာ သိသာတဲ့လက္ခဏာမပြဘဲ မွေးဖွားလာတာဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်ရပ် ဟာ အာထရာစောင်းစစ်ဆေးမှုများကနေ မသိနိုင်တဲ့ မျိုးရိုးဗီဇရောဂါများကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်း ၊ ကျန်းမာရေးစစ်ဆေး ခြင်းများဟာ အဓိကကျတဲ့ လုပ်ဆောင်မှုဖြစ်လာပါတယ်။ အဲဒီလို စစ်ဆေးတွက်ချက်မှုများကနေတစ်ဆင့်ရလာတဲ့ သုံးသပ်ချက်များကနေ တစ်ဆင့် မွေးလာတဲ့ကလေးမှာပါလာနိုင်တဲ့ မွေးရာပါရောဂါများကို သိရှိနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုစစ်ဆေးမှုရလဒ်များကနေတစ်ဆင့် ဆရာဝန်များဟာ ကလေးမယူခင် မွေးလာတဲ့ ကလေးများမှာပါလာနိုင်တဲ့ ငုပ်လျှိုးဗီဇများကို အတည်ပြုပေးနိုင်ပါတယ်။

တကယ်လို့ မိဘများအနေနဲ့ ပထမဆုံးကလေးမှာ မျိုးရိုးဗီဇဆိုင်ရာမူမမှန်မှု တွေကို တွေ့ရတယ်ဆိုရင် ဆစ်မီတဝေ့ဆေးရုံမှ မျိုးရိုးဗီဇဆိုင်ရာအကြံပေးဆွေးနွေးခြင်းမှာ ကောင်းစွာလေ့ကျင့်သင်ယူထားတဲ့ သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်ကြီးများနဲ့ တွေ့ဆုံတိုင်ပင်ဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါဆိုရင် နောက်ထပ်ယူမယ့်ကလေး အတွက် မျိုးပွားမှုဆိုင်ရာအထောက်အကူပြု နည်းပညာများကို အသုံးပြုပြီး ကိုယ်ဝန် ဆောင်ဖို့ကို အစီအစဥ်ရေးဆွဲနိုင်ပါတယ်။

လက်ရှိအချိန်မှာ ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ မျိုးရိုးဗီဇ(Genes) ပေါင်း ၅၀၀ ကျော်ကို ရှာဖွေတွေ့ရှိနိုင်ပြီး မျိုးရိုးဗီဇရောဂါ(၅၀၀) ကျော်ကို (၉၅) ရာခိုင်နှုန်း တိကျအောင် အတည်ပြုပေးနိုင်ပါတယ်။

ပထမဆုံးအကြိမ်ကိုယ်ဝန်ဆောင်မယ့်မိခင်များအတွက် ဆစ်မီတဝေ့ရဲ့ မျိုးရိုးဗီဇစစ်ဆေးမှုအစီအစဥ်
ပိုမိုသိရှိရန်ကလစ်နှိပ်ပါ

 မျိုးရိုးဗီဇဆိုင်ရာဆွေးနွေးတိုင်ပင်ခြင်းနဲ့ပတ်သက်ပြီး ကောင်းစွာလေ့လာသင်ယူထားတဲ့ ဆစ်မီတဝေ့ရဲ့သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနဲ့ ကိုယ်ဝန်ဆောင်ဖို့အစီအစဥ်ကိုဆွေးနွေးတိုင်ပင်လိုပါသလား 
ရက်ချိန်းရယူဖို့ကလစ်နှိပ်ပါ


 အထူးဖန်တီးထားတဲ့မျိုးရိုးဗီဇရောဂါစစ်ဆေးမှုနဲ့အတူပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံကိုမြှင့်တင်ခြင်း

  • ဆစ်မီတဝေ့ဆေးရုံရဲ့ မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ မျိုးရိုးဗီဇ(Genes)ပေါင်း (၂၀၀၀၀) ကျော်ကို ကာကွယ်နိုင်တဲ့ အသေးစိတ်အခြေအနေပေါင်း (၃) ဘီလျံ ကျော်ကို စစ်ဆေးပေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုဟာ တိကျမှု (၉၉) ရာခိုင်နှုန်း အထိရှိပြီး CLIA နဲ့ CAP တို့ရဲ့ အသိအမှတ်ပြုခြင်းကိုလည်း ရရှိထားပါတယ်။ ဒီစစ်ဆေးမှုဟာ မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ရုံသာမက ရှင်းလင်းတဲ့ရလဒ်များနဲ့ လမ်းညွှန်မှုများကိုလည်း ရရှိစေပါတယ်။ ဆစ်မီတဝေ့ ဆေးရုံရဲ့  မျိုးရိုးဗီဇပညာရှင်များဟာ တစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇ တည်ဆောက်မှု ပုံစံကို အံဝင်ခွင်ကျဖြစ်အောင် ကူညီပံ့ပိုးပေးနိုင်ပြီး တစ်ဦးချင်းစီအတွက် သီးသန့် အစီအစဥ်များကို ရေးဆွဲပေးပါတယ်။

    မျိုးရိုးဗီဇစစ်ဆေးမှုအစီအစဥ်တစ်ခုကို အွန်လိုင်းကနေ မရယူခင် သင်နဲ့ သင့်မိသားစုအတွက် သင့်လျော်တဲ့ ဘယ်လိုမျိုး စစ်ဆေးမှုအစီအစဥ်ကို ရွေးချယ်သင့်လဲဆိုတာ မျိုးရိုးဗီဇစစ်ဆေးမှုပညာရှင်များမှ လမ်းညွှန်ပေးပါတယ် မျိုးရိုးဗီဇပညာရှင်များနဲ့ အသးစိတ်ဆွေးနွေးတိုင်ပင်လိုပါက ဒီနေရာကို ကလစ်နှိပ်ပါ။

  • ဆစ်မီတဝေ့ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ မျိုးရိုးဗီဇစစ်ဆေးခြင်းမှာ မျိုးရိုးဗီဇ (Genes) များကို အတည်ပြုသတ်မှတ်ခြင်းအပြင် ရောဂါကိုအတည်မပြုနိုင်တဲ့ သံသယဖြစ်ဖွယ် မျိုးရိုးဗီဇ များကိုလည်း ရှာဖွေစစ်ဆေးပေးပါတယ်။ ဒီစစ်ဆေးမှုများဟာ အထူးကုဆရာဝန်များမှ လုပ်ဖို့ လိုအပ်တယ်လို့ ယူဆ ဆုံးဖြတ်မှသာလျှင် လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီလို စစ်ဆေးမှုများဟာ သမားရိုးကျ စစ်ဆေးမှုနည်းလမ်းများအတိုင်း အလွယ်တကူရွေးချယ် ဝယ်ယူနိုင်သလို အဆင်ပြေစွာလုပ်ဆောင်နိုင်ပါတယ်။ မူမမှန်မှုများနဲ့ပတ်သက်ပြီး ဆရာဝန်မှ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင် ဖို့ အကြံပေးတာမျိုး ရှိနိုင်ပါတယ်။ လူနာကို တိုက်ရိုက်စစ်ဆေးပေးခြင်းဟာ မိသားစု မျိုးရိုးဗီဇ ရောဂါရာဇဝင် မရှိသူများအတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ဆေးဘက်ဆိုင်ရာမျိုးရိုးဗီဇစစ်ဆေးမှုနည်းလမ်းများနဲ့ ရောဂါရှာဖွေစစ်ဆေးခြင်း

  • ရောဂါဖြစ်စေနိုင်တဲ့အကြောင်းအရင်းအလုံးစုံကိုစစ်ဆေးခြင်း

    မျိုးရိုးဗီဇ(Genes) ပေါင်း (၂၀၀၀၀)ကျော် ကိုစစ်ဆေးပြီး ခန္ဓာကိုယ် တစ်ခုလုံးကို သေချာစမ်းသပ်စစ်ဆေးတာဖြစ်ပါတယ်။ ဒီနည်းလမ်း ဟာ မွေးရာပါရောဂါ (သို့) မိသားစုရောဂါရာဇဝင်ရှိသူများအတွက် သင့်လျော်တဲ့နည်းလမ်းဖြစ်ပြီး မျိုးရိုးဗီဇပညာရှင်မှ ရှာဖွေစစ်ဆေးပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရဗီဇ (Nutrigenomics) နဲ့ ဆေးဝါးများကိုတုန့်ပြန်နိုင်မှုဗီဇ (Pharmacogenomics) များကိုလည်း တစ်ဆက်တည်း လုပ်ဆောင်နိုင် ပါတယ်။

    *Nutrigenomics ဆိုတာဟာ အာဟာရ ၊ အာဟာရလိုအပ်မှုနဲ့ အစားအသောက်များရဲ့ ထိရောက်မှုကို လေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်။ 
    ** Pharmacogenomics ဆိုတာဟာ ဆေးဝါးများအပေါ် တုန့်ပြန်တဲ့ မျိရိုးဗီဇ ဝိသေသ လက္ခဏာရပ်များနဲ့ ဆေးအများကြီးသောက်ခြင်းနဲ့ ဆက်စပ်တဲ့ အခြေအနေများကို လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ မျိုးရိုးဗီဇစစ်ဆေးမှု အစီအစဥ်များကိုလေ့လာပြီး မျိုးရိုးဗီဇ ဆိုင်ရာ အကြံပေးဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ပထမ (၁၅)မိနစ်အတွက် အခမဲ့
ဒီနေရာကိုကလစ်နှိပ်ပါ။

  • အဖြစ်များတဲ့ရောဂါများအတွက် မျိုးရိုးဗီဇစစ်ဆေးခြင်း
    ကင်ဆာ (သို့) အယ်လ်ဇိုင်းမားရောဂါများနဲ့ပတ်သက်တဲ့ မျိုးရိုးဗီဇ (Genes) များ ၊  နှလုံးရောဂါဖြစ်လွယ်စေတဲ့ ဗီဇများ ၊ ဆေးမျိုးစုံသောက်ခြင်းနဲ့ပတ်သက်နေတဲ့ မျိုးရိုးဗီဇများကို စစ်ဆေးလိုသူများအတွက် သင့်လျော်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ မျိုးရိုးဗီဇစစ်ဆေးမှု အစီအစဥ်များကိုလေ့လာပြီး မျိုးရိုးဗီဇ ဆိုင်ရာ အကြံပေးဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ပထမ (၁၅)မိနစ်အတွက် အခမဲ့
ဒီနေရာကိုကလစ်နှိပ်ပါ။

  • ပိုမိုကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကိုမြှင့်တင်ဖို့ မျိုးရိုးဗီဇစစ်ဆေးခြင်း
    မိမိတို့ရဲ့ မျိုးရိုးဗီဇ(Genes) နဲ့ ကိုက်ညီတဲ့ ဘဝနေထိုင်မှုပုံစံကို စီစဥ်ရေးဆွဲလိုသူများ ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီးသီးသန့်စစ်ဆေးမှုလုပ်ဆောင် လိုသူများ ၊ ကျန်းမာရေးအသိပိုမိုရှိလိုသူများ အတွက်သင့်လျော်ပြီး ဘဝနေထိုင်မှု နည်းစနစ်များ ၊ အာဟာရဆိုင်ရာများ ၊ ကျန်းမာရေး ၊ လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းမှုများကို ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေး နိုင်ပါတယ်။
    မျိုးရိုးဗီဇစစ်ဆေးခြင်းကနေတစ်ဆင့်ရရှိတဲ့ ဘဝနေထိုင်မှုဆိုင်ရာ အချက်အလက်များ
    • စားသောက်မှုပုံစံ - အစားအသောက်နှင့်ကျန်းမာရေး
    • အားကစားနှင့်ကိုယ်ကာယကြံ့ခိုင်မှု - လေ့ကျင့်ခန်း ၊ ထိခိုက်ဒဏ်ရာ ၊ ပြန်လည်သက်သာလာခြင်း
    • အာဟာရ -  ဗီတာမင်အပါအဝင် အာဟာရလိုအပ်ချက်
    •  အသားအရေနှင့်အလှအပ - အသားအရေလှပမှု ၊ အရေးအကြောင်း ၊ နေရောင်ခြည်ထိတွေ့မှု
    • လေထုညစ်ညမ်းမှု - လေထုညစ်ညမ်းမှုကို မခံနိုင်ခြင်း ၊ နှလုံးရောဂါနှင့်ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်မှု
    • စိတ်ဖိစီးမှုနှင့် အိပ်စက်မှု - စိတ်ဖိစီးမှု ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေ ၊ အိပ်စက်ခြင်း
    • ချစ်မေတ္တာနှင့်အိမ်ထောင်ဆက်ဆံရေး - လိင်တံထောင်မတ်မှုနဲ့ပတ် သက်တဲ့ မျိုးရိုးဗီဇ အမူအကျင့်များ ၊ ဆီးကျိတ်ကြီးထွားခြင်း ၊ PCOS ခေါ် ကျားဟော်မုန်းလွန်ကဲစွာထုတ်လုပ်ခြင်းလက္ခဏာ

ဆစ်မီတဝေ့ဆေးရုံရဲ့ မျိုးရိုးဗီဇစစ်ဆေးမှု အစီအစဥ်များကိုလေ့လာပြီးမျိုးရိုးဗီဇ ဆိုင်ရာ အကြံပေးဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။ ပထမ (၁၅)မိနစ်အတွက် အခမဲ့
ဒီနေရာကိုကလစ်နှိပ်ပါ။

  • မိသားစုဘဝတစ်ခုတည်ထောင်ဖို့ရည်ရွယ်ထားသူများအတွက် မျိုးရိုးဗီဇ စစ်ဆေးခြင်း
    တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်အဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ခြင်းနဲ့အတူ မိသားစု ဘဝတစ်ခုတည်ထောင်ဖို့ အစီအစဥ်ရေးဆွဲခြင်းရဲ့ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် မိဘ ကနေ သားသမီးဆီပါလာနိုင်တဲ့ မျိုးရိုးဗီဇချို့ယွင်းခြင်းများကို ကြိုတင်ကာကွယ်စစ်ဆေးနိုင် ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ မျိုးရိုးဗီဇစစ်ဆေးမှု အစီအစဥ်များကိုလေ့လာပြီးမျိုးရိုးဗီဇ ဆိုင်ရာ အကြံပေးဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်လိုက်ပါ။ပထမ (၁၅)မိနစ်အတွက် အခမဲ့
ဒီနေရာကိုကလစ်နှိပ်ပါ။

  • မျိုးရိုးဗီဇစစ်ဆေးခြင်းနှင့်နှစ်စဥ်ကျန်းမာရေးစစ်ဆေးခြင်း
    နှစ်စဥ်ကျန်းမာရေးစစ်ဆေးလိုသူများ ၊ ကိုယ့်ကိုယ်ကို အထူးဂရုစိုက်သူများ နဲ့ ရောဂါကို ကြိုတင်ကာကွယ်ထားလိုသူများအတွက် အထူးသင့်လျော်တဲ့ စစ်ဆေးမှုဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံရဲ့ ဝန်ဆောင်မှုများဟာ အသက် (၂၀) နှင့်အထက် ရှိသူများအတွက် ကျား မ မရွေး လုပ်ဆောင်နိုင်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ မျိုးရိုးဗီဇစစ်ဆေးမှု အစီအစဥ်များကိုလေ့လာပြီး
မျိုးရိုးဗီဇ ဆိုင်ရာ အကြံပေးဆရာဝန်နဲ့
ဆွေးနွေးတိုင်ပင်လိုက်ပါ။ ပထမ (၁၅)မိနစ်အတွက် အခမဲ့
ဒီနေရာကိုကလစ်နှိပ်ပါ။

ဒီကမ်ပိန်းဟာ ပိုမိုကျန်းမာတဲ့မျိုးဆက် (Healthier Generation) ဆိုတဲ့
ဆစ်မီတဝေ့ဆေးရုံရဲ့ (၄၄)နှစ်ပြည့် အထိမ်းအမှတ်ကိုဂုဏ်ပြုတဲ့
ပရောဂျက်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
#OnceThatMatters 


 

အဆင့်သတ်မှတ်ချက်
မှတ်ပုံတင်ရန်

မှတ်ပုံတင်ပြီးသားလား။