ကလေးများအတွက်အဆုတ်လုပ်ဆောင်ချက်စစ်ဆေးမှုအစီအစဉ်
လက်ရှိဖြစ်ပွားနေတဲ့ လေထုညစ်ညမ်းမှု PM2.5 ဟာကလေးငယ်တွေကိုထိခိုက်စေလား?
- 35 µg/m3 ထက်မြင့်မားတဲ့ PM2.5 လေထုညစ်ညမ်းမှုဟာကလေးငယ်များကို ထိခိုက်စေပါတယ်။
- ဓာတ်မတည့်မှုနဲ့ ပန်းနာရင်ကျပ်ရှိသူကလေးငယ်များဟာ လေထုညစ်ညမ်းမှုကို မခံနိုင်ကြဘဲ PM2.5 နဲ့ ထိတွေ့တဲ့အခါမှာ ကလေးငယ်များရဲ့လက္ခဏာဟာ သာမန်ကလေးငယ်များထက် ပိုပြီး ဆိုးရွားပါတယ်။
-
PM2.5 လေထုညစ်ညမ်းမှု အန္တရာယ်ရှိနေတဲ့အချိန်မှာ မိဘများအနေနဲ့ ကလေးငယ်များကို ကျောင်း နဲ့ တခြားနေရာတွေမှာ ပြင်ပလှုပ်ရှားမှုများကို ရှောင်ကျဉ်ခိုင်းဖို့လိုပါတယ်။
- တကယ်လို့ကလေးငယ်တွေမှာ နှာရည်ယိုခြင်း ၊ ချောင်းဆိုးခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူကျပ် ခြင်း ၊ မျက်စိကျိန်းစပ်ခြင်း ၊ မျက်ရည်ယိုခြင်း ၊ မျက်စိရဲခြင်း စတဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးဖို့လိုပါတယ်။
ကလေးငယ်များအတွက်အဆုတ်လုပ်ဆောင်မှုစစ်ဆေးခြင်းအစီအစဉ်
PM2.5 လေထုညစ်ညမ်းမှုမြင့်တက်နေစဉ်အချိန်အတွင်း မိဘများအနေနဲ့ အန္တရာယ်ကို ကောင်းစွာသိရှိနားလည်ပြီး ကလေးငယ်များရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ်