Family Planning with Premarital Health Screening and Preconception Genetic Screening ( အိမ်ထောင်မပြုမီ ကျန်းမာရေးစစ်ဆေးခြင်း နှင့် ကိုယ်ဝန်မဆောင်မီ မျိုးရိုးဗီဇစစ်ဆေးခြင်း )
Program | Promotion Price (THB) |
Premarital Health Screening for Men (အမျိုးသားများအတွက် အိမ်ထောင်မပြုမီ ကျန်းမာရေးစစ်ဆေးခြင်း) | Detials | 8,000 |
Premarital Health Screening for Women (အမျိုးသမီးများအတွက် အိမ်ထောင်မပြုမီ ကျန်းမာရေးစစ်ဆေးခြင်း) | Detials | 14,000 |
Preconception Genetic Screening covers 400 genes associated with 400 illnesses ( ရောဂါပေါင်း(၄၀၀) နဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇပေါင်း (၄၀၀) ကျော်ကို ရှာဖွေပေးနိုင်တဲ့ ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်း ) | Promotion Price (THB) |
၁ ဦး (အမျိုးသား / အမျိုးသမီး) | 30,800* |
စုံတွဲ (အမျိုးသား / အမျိုးသမီး) | 52,360* |
စည်းမျဉ်းသတ်မှတ်ချက်များ
- ဖော်ပြပါဈေးနှုန်းတွင် ဆရာဝန်အတွက်ကုန်ကျစရိတ်နှင့် ပြင်ပလူနာဝန်ဆောင်မှု အတွက် ကုန်ကျစရိတ်ပါဝင်ပြီးဖြစ်ပါသည်။
- ** ပရိုမိုးရှင်းဈေးနှုန်းတွင် ဆရာဝန်အတွက်ကုန်ကျစရိတ်နှင့် ဆေးရုံဝန်ဆောင်မှုစရိတ် မပါဝင်ပါ။
- ရက်ချိန်းကိုတစ်ရက်ကြိုတင်ရယူရန်လိုအပ်ပါသည်။
- ဝန်ဆောင်မှုကို ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံ ၏ Building-2 ပထမထပ် ရှိ အမျိုးသမီးကျန်းမာရေးစင်တာတွင် ရရှိနိုင်ပါသည်။
အိမ်ထောင်မပြုမီကျန်းမာရေးစစ်ဆေးခြင်း (Premarital Check-up) ဆိုတာဘာလဲ?
အိမ်ထောင်မပြုမီကျန်းမာရေးစစ်ဆေးခြင်း (Premarital Check-up) ဆိုတာဟာ အိမ်ထောင်ဖက် တစ်ဦးနဲ့တစ်ဦးကြား ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်ရန် အလုံးစုံကျန်းမာရေးစစ်ဆေးခြင်းနဲ့ မွေးဖွားလာမယ့် ရင်သွေးငယ်များအတွက် မိဘဟာ ရောဂါသယ်ဆောင်သူ (Carriers) ဟုတ် မဟုတ် သိရှိနိုင်အောင် စစ်ဆေးခြင်းဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ မိခင်များအတွက် ကိုယ်ဝန်ဆောင်ဖို့ အထောက်အကူပြုသလို ကျန်းမာတဲ့ကလေးငယ် မွေးဖွားလာနိုင်စေရေးအတွက် ကူညီပေးပါတယ်။ ယေဘုယျအားဖြင့် စစ်ဆေးခြင်းမှာ အောက်ပါ စစ်ဆေးမှုတွေပါဝင်ပါတယ်။
သွေးစစ်ဆေးမှုများ
- ABO သွေးအမျိုးအစားခွဲခြင်း : အရေးပေါ်အခြေအနေများမှာ ကုသမှုပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် သွေးအမျိုးအစားခွဲခြား စစ်ဆေးပါတယ်။
- Rh Factor (အပေါင်းသွေး/အနုတ်သွေး): လူအများစုဟာ Rh+(အပေါင်းသွေး)အမျိုးအစားဖြစ်ပေမယ့် တချို့သူတွေကတော့ Rh- (အနုတ်သွေး)ဖြစ်ကြပါတယ်။ Rh- အမျိုးအစားမှာပါဝင်တဲ့ အမျိုးသမီးများဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ မြင့်မားသလို ကိုယ်ဝန်ဆောင်ကာလအတွင်း ဆိုးရွားတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
- Hemoglobin (HB) typing: Hemoglobin (HB) စစ်ဆေးခြင်း ဟာ သာလာဆီးမီးယားသွေးအားနည်းရောဂါနဲ့ ဆက်စပ်တဲ့ Hemoglobin မူမမှန်မှုတွေကို စစ်ဆေးပေးပါတယ်။ ဒီပြဿနာမှာ တကယ်လို့ မိဘတွေဟာ ရောဂါသယ်ဆောင်သူဖြစ်ရင် မွေးလာတဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိစေပါတယ်။
- Complete Blood Count (CBC) - သွေးဥဆဲလ်အရေအတွက်အပြည့်အစုံစစ်ဆေးခြင်း
- HBsAg: တကယ်လို့ ဗိုင်းရပ်စ်ပိုးကို တွေ့ရတယ်ဆိုရင် တွေ့ရသူဟာ ရောဂါသယ်ဆောင်သူ လို့ မှတ်ယူရမှာဖြစ်ပြီး ဒါဟာ လိင်ကနေ တစ်ဆင့်ကူးဆက်နိုင်သလို သွေးကနေတစ်ဆင့် ထိတွေ့ပြီး လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒါကို သေချာဂရုမစိုက်ဘူးဆိုရင် သန္ဓေသားကိုပါ ရောဂါကူးစက်နိုင်ပါတယ်။
- Rubella IgG: Rubella IgG (ဝက်သက်ရောဂါ) - တကယ်လို့ ရောဂါကို ခံနိုင်စွမ်းရှိတဲ့ Antibodies မရှိဘူးဆိုရင် ဝက်သက်ရောဂါကာကွယ်ဆေးထိုးရမှာဖြစ်ပြီး အနည်းဆုံး (၃) လ ကြာအောင် သန္ဓေတားဆေးထိုးရပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်နေစဉ် ဝက်သက်ရောဂါ ကူးစက်ခံရတယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတတ်သလို ကလေးမွေးလာတယ်ဆိုရင်လည်း မသန်မစွမ်း ဖြစ်စေနိုင်ပါတယ်။
- ခုခံအားကျဆင်းမှုရောဂါ(HIV) - တကယ်လို့ HIV ပိုးတွေ့ရတယ်ဆိုရင် ကွန်ဒုံးအသုံးပြုခြင်း အားဖြင့် လိင်မှတစ်ဆင့် ကူးစက်မှုကို ကာကွယ်ဟန့်တားနိုင်ပါတယ်။ ဒါ့အပြင် မွေးလာတဲ့ ကလေးမှာ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ သန္ဓေတားဆေး သုံးနိုင်ပါတယ်။
- ကာလသားရောဂါစစ်ဆေးခြင်း - လက်မထပ်ခင် တစ်ယောက်ယောက်မှာ ဆစ်ဖလစ်ပိုး(သို့)ကာလသားရောဂါပိုး တွေ့ရှိရတယ်ဆိုရင် သင့်လျော်တဲ့သမှုနည်းလမ်းများနဲ့ကုသပြီး နောက်တစ်ယောက်ကို မကူးစက်အောင် ကာကွယ်ရပါမယ်။ အဲဒီရောဂါပိုးဟာ လက္ခဏာပြီးမှ တွေ့ရတာထက် စာရင် သွေးစစ်ပြီးနောက်မှပိုပြီး တွေ့ရလေ့ရှိပါတယ်။
- ရေယုန်ရောဂါနဲ့ Toxoplasmosis ခေါ် ကပ်ပါးတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါအတွက် သွေးစစ်ခြင်းကိုလည်း လုပ်ဆောင်ရပါမယ်။
ဆရာဝန်များမှရုပ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးခြင်း
တချို့သောအမျိုးသမီးများမှာ အတွင်းပိုင်း စစ်ဆေးမှုများဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ၊ သားအိမ်နဲ့ သားဥပြွန်ကိုစစ်ဆေးဖို့ ဝမ်းဗိုက်အောက်ပိုင်းအာထရာစောင်းရိုက်ခြင်း စတာတွေကို သက်ဆိုင်ရာ ဆရာဝန်များမှာ လိုအပ်သလို လုပ်ဆောင်မှာဖြစ်ပါတယ်။ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်း(Preconception Genetic Screening ) ဆိုတာဘာလဲ?
Carrier Screening လို့လည်း လူသိများတဲ့ ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်း ဆိုတာဟာ ကလေးယူဖို့ အစီအစဉ်ရှိတဲ့ စုံတွဲများအတွက် ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးမှုမှာ မျိုးရိုးဗီဇဆိုင်ရာရောဂါများနဲ့ဆက်စပ်နေတဲ့ မျိုးရိုးလိုက်တတ်တဲ့ဗီဇပြောင်းလဲမှု မျိုး ရှိ မရှိဆိုတာကို သိရဖို့ DNA ကိုစစ်ဆေးတာဖြစ်ပါတယ်။ မျိုးရိုးဗီဇသယ်ဆောင်သူ (Carriers) များမှာ ရောဂါလက္ခဏာမပြပေမယ့်လည်း မွေးလာမယ့်ကလေး ဆီကို မျိုးရိုးဗီဇရောဂါတွေ လက်ဆင့်ကမ်းပေးနိုင်ပါတယ်။ မျိုးရိုးဗီဇအရ မျိုးရိုးလိုက်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပြီး ဒီအချက်အလက်များကို ကလေးယူဖို့ဆုံးဖြတ်တဲ့အခါမှာ အသုံးပြုပါတယ်။ Carriers ဖြစ်တဲ့ မိဘများမှာ ဒီမျိုးရိုးဗီဇရောဂါတွေဟာ ငုပ်လျှိုးနေတတ်ပြီး ဒီလိုအခြေအနေဟာ ထိုင်းနိုင်ငံသာ မက တခြားသောနိုင်ငံများမှာပါ ဖြစ်ပွားနိုင်ပါတယ်။ လက်ရှိအချိန်မှာ ဒီစစ်ဆေးမှုနည်းလမ်းကနေ မျိုးရိုးဗီဇရောဂါပေါင်း (၄၀၀) ကျော်ကို ရှာဖွေပေးနိုင်ပါတယ်။
ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်းကိုဘယ်သူတွေလုပ်ဆောင်သင့်သလဲ?
- ကလေးယူဖို့အစီအစဉ်ရှိတဲ့ စုံတွဲများ
- မျိုးရိုးဗီဇရောဂါပြဿနာရှိတဲ့စုံတွဲများ ၊ ငုပ်လျှိုးနေတဲ့မျိုးရိုးဗီဇသယ်ဆောင်သူစုံတွဲများ ၊ မိသားစုထဲမှာမျိုးရိုးဗီဇရောဂါဖြစ်ဖူးသူစုံတွဲများ
- ကလေးရဖို့ခက်ခဲတဲ့ စုံတွဲများနဲ့ ကျန်းမာသန်စွမ်းတဲ့ကလေးငယ်ဖြစ်လာစေဖို့ အကောင်းဆုံး အခွင့်အရေးနဲ့ ကလေးမွေးဖွားချင်သူစုံတွဲများ.
ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်းရဲ့ကောင်းကျိုးတွေကဘာတွေလဲ?
စုံတွဲတွေအနေနဲ့ ကလေးမယူခင်မှာ မျိုးရိုးဗီဇအရ ဖြစ်နိုင်တဲ့ ရောဂါတွေကို ဆရာဝန်များမှ စစ်ဆေး ပေးနိုင်ပါတယ်။ ဒီရောဂါများဟာ ယေဘုယျလူဦးရေရဲ့ (၃) ရာခိုင်နှုန်း ကနေ (၅) ရာခိုင်နှုန်းမှာ တွေ့ရှိ နိုင်ပါတယ်။ စစ်ဆေးမှုအတွင်း မိဘများကနေ ကလေးဆီကို မျိုးရိုးဗီဇရောဂါ ကူးစက်နိုင်ကြောင်း တွေ့ရှိရတယ်ဆိုရင် မိဘများအနေနဲ့ စိုးရိမ်တုန်လှုပ်ဖို့ မလိုပါဘူး။ လက်ရှိအချိန်မှာ ဖန်ပြွန်သန္ဓေသား နည်းလမ်းနဲ့ ကလေးယူဖို့ အကြံပေးနိုင်တဲ့ မျိုးပွားမှုဆိုင်ရာအထူးကုဆရာဝန်ကြီးတွေ ရှိနေပါတယ်။
တကယ်လို့ သန္ဓေသားလောင်းကိုစစ်ဆေးမယ်ဆိုရင်လည်း အောင်မြင်တဲ့ မျိုးပွားမှုမှာ အဓိကကျတဲ့ သားအိမ်အတွင်းတစ်ရှူးလွှာ (Endometrium) အဆင်သင့် ဖြစ် မဖြစ် ဆိုတာကို ဆရာဝန်များမှ စစ်ဆေးမှာဖြစ်ပါတယ်။ ဒါကို သားအိမ်ရဲ့လက်ခံနိုင်စွမ်းစစ်ဆေးခြင်း (Uterine Receptivity Test) နဲ့ အတူ Mitochondrion Screening ခေါ် ဆဲလ်စစ်ဆေးမှုနည်းလမ်း ကို လုပ်ဆောင်မှာဖြစ်ပါတယ်။ အဆိုပါဆဲလ်တွေဟာ သန္ဓေသားလောင်းဆဲလ်တွေရဲ့ အဓိကပင်မ အရင်းအမြစ်ဖြစ်ပြီး အောင်မြင်တဲ့ ကိုယ်ဝန်ဆောင်နိုင်ခြေကို (၅၀) ရာခိုင်နှုန်း မြင့်မားစေပါတယ်။
ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ ငုပ်လျှိုးနေတဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့ မျိုးရိုးဗီဇပေါင်း (၄၀၀) ကျော်ကို စစ်ဆေးပေးနိုင်ပါတယ်။ ဒါဟာ ဆရာဝန်များအတွက် မွေးဖွားမလာသေးတဲ့ကလေးမှာ မသန်မစွမ်းပြီး အားနည်းနေ တဲ့ ကိုယ်အဂ်ါအစိတ်အပိုင်းတွေ မတည်ဆောက်ခင် ပြင်းထန်ရောဂါသယ်ဆောင်တဲ့ မျိုးရိုးဗီဇ ရှိ မရှိ ဆိုတာကို သိစေနိုင်မှာဖြစ်ပါတယ်။
ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးဖို့ဆန္ဒရှိတယ်ဆိုရင်ဘာလုပ်ရမလဲ?
သင့်ရဲ့ သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ပြီးတဲ့အချိန်မှာ ကလေးမယူခင်မျိုးရိုးဗီဇစစ် ဆေးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ အဲဒီစစ်ဆေးမှုမှာ သွေးနမူနာထုတ်ယူပါမယ်။ အဲဒီမတိုင်ခင် အစားအသောက် ကြိုရှောင်တာမျိုး လုပ်ဖို့မလိုပါဘူး။ သွေးနမူနာဓာတ်ခွဲခန့်ပို့ပြီး (၃)ပတ်လောက်အကြာမှာ ရလဒ်ကို သိနိုင်မှာဖြစ်ပါတယ်။
ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ အနာဂတ်မှာမိဘများဖြစ်လာမယ့်စုံတွဲတွေအတွက် လျစ်လျူမရှုဘဲ သေချာဂရုစိုက်ရမယ့် လုပ်ဆောင်မှုဆိုတာကို အလွယ်တကူပဲသိရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ DNA ထဲမှာ သင့်ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို ဒုက္ခပေးမယ့် ငုပ်လျှိုးနေတဲ့ ရောဂါမျိုးရိုးဗီဇတွေ အများကြီးရှိနေလို့ဖြစ်ပါတယ်။ ကလေးမယူခင်မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ မိဘတွေအတွက်သာမကဘဲ သင်တို့ရဲ့ မမွေးလာသေးတဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ သန်စွမ်းမှုအတွက်လည်း အဓိက ကျပါတယ်။
ထိုင်းနိုင်ငံသာမက တခြားသောနိုင်ငံများမှာပါ မျိုးဗီဇသယ်ဆောင်သူမိဘများမှာ အတွေ့ရအများဆုံး ဖြစ်တဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ရောဂါ (၈)မျိုး
သာလာဆီးမီးယားဆင်ဒရုန်း (Thalassemia Syndromes)
အဆိုပါရောဂါများဟာ ပုံမှန်မဟုတ်တဲ့ သွေးနီဥဆဲလ်များကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံမှာ အတွေ့ရအများဆုံး မျိုးရိုးလိုက်မွေးရာပါရောဂါ ဖြစ်ပါတယ်။ တကယ်လို့ မိဘနှစ်ပါးစလုံးဟာ Carriers များဖြစ်မယ် (သို့) လက္ခဏာရှိမယ်ဆိုရင် မွေးလာမယ့်ကလေးမှာ သာလာဆီးမီးယားသွေးအားနည်းရောဂါဖြစ်ဖို့ (၂၅) ရာခိုင်နှုန်း ကျိန်းသေ နေပါပြီ။ မိဘနှစ်ပါးစလုံးမှာ သာလာဆီးမီးယားရောဂါ ရှိမယ်ဆိုရင် မွေးလာမယ့် ကလေးငယ်မှာလည်း မျိုးရိုးလိုက်ဖို့ (၁၀၀)ရာခိုင်နှုန်းရှိပါတယ်။
မွေးရာပါ ရှားပါးကျေားရိုး ကွက်သားရောဂါ Spinal Muscular Atrophy (SMA)
ငုပ်လျှိုးနေတဲ့ မျိုးရိုးဗီဇတစ်ခုအဖြစ် မျိုးရိုးလိုက်တဲ့ မျိုးရိုးဗီဇရောဂါတစ်ခုဖြစ်ပါတယ်။ SMA ဟာ လူမျိုးအားလုံးမှာဖြစ်ပွားပြီး လှုပ်ရှားမှုကိုထိန်းချုပ်တဲ့ အာရုံကြောများ ယိုယွင်းမှုကြောင့် ဖြစ်ပါတယ်။ ကျောရိုးကနေ ကြွက်သားစနစ်ကို အချက်ပြမှု (Signal) မပို့ပေးနိုင်ခြင်း ကြွက်သားတွေယိုယွင်းအားနည်းလာပါတယ်။ ဒီရောဂါဟာ မွေးစကတည်းကနေ ကြီးလာတဲ့အရွယ်အထိ ဖြစ်နိုင်ပါတယ်။Cystic Fibrosis
မျိုးရိုးဗီဇ မူမမှန်မှုများကနေ ဖြစ်တဲ့ မျိုးရိုးလိုက်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်အပေါ်မှာ သက်ရောက်မှုရှိပြီး အဆုတ် ၊ အသည်း ၊ ပန်ကရိယ ၊ အူ စတဲ့ အမျိုးမျိုးသော ကိုယ်အဂ်ါအစိတ်အပိုင်းတွေမှာ စေးပျစ်တဲ့ အရည်တွေ ထွက်ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသက်ရှူလမ်းကြောင်း ၊ အစာချေစနစ် နဲ့ မျိုးပွားမှုစနစ်တွေကို ထိခိုက်စေပါ တယ်။ ဒီရောဂါအတွက် လက်ရှိအချိန်မှာ ပျောက်ကင်းအောင်ကုသနိုင်ခြင်း မရှိသေးပါဘူး။ ကုသမှုဟာ ရောဂါလက္ခဏာများကိုသက်သာစေခြင်း၊ လူနာရဲ့ ဘဝသက်တမ်းကိုပိုမိုကြာရှည်စေခြင်း ၊ နောက်ဆက်တွဲပြဿနာတွေလျှော့ချခြင်း စတာတွေသာဖြစ်ပါတယ်။ခရိုမိုဆုန်း X ချို့ယွင်းချက်ကြောင့် ဉာဏ်ရည်ချို့ယွင်းသည့်လက္ခဏာစု Fragile X
မသန်မစွမ်းဖြစ်ခြင်း နဲ့ အသိဉာဏ်ပညာယိုယွင်းမှု တို့ကိုဖြစ်စေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါဟာ ခရိုမိုဆုန်း X ချို့ယွင်းမှုကြောင့်ဖြစ်ပြီး မျိုးရိုးလိုက်ကာ အမျိုးသမီးများထက် အမျိုးသားများမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ တချို့သူတွေမှာ ကြာရှည်အာရုံမစိုက်နိုင်ခြင်း ၊ ဂဏှာမငြိမ်ခြင်း ၊ ဘာသာစကားနဲ့ပြောဆိုမှုစွမ်းရည်အခက်အခဲရှိခြင်း စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။G6PD (glucose-6-phosphate dehydrogenase) Deficiency
ခရိုမိုဆုန်း X မျိုးရိုးဗီဇပြောင်းလဲမှုများကြောင့် မိဘကနေ သားသမီးဆီ မျိုးရိုးလိုက်တဲ့ မျိုးရိုးဗီဇ အခြေအနေတစ်ခုဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ SEX Chromosome မှာရှိတဲ့ G6PD မျိုးရိုးဗီဇ မူမမှန်ခြင်းတွေဖြစ်လာပါတယ်။ မိခင်ကမျိုးဗီဇသယ်ဆောင်သူဖြစ် ခဲ့မယ်ဆိုရင် သားယောက်ျားလေးများအပေါ် (၅၀) ရာခိုင်နှုန်းသက်ရောက်မှုရှိပြီး သမီးမိန်းကလေးများအပေါ် (၅၀)ရာခိုင်နှုန်းသက်ရောက်မှုရှိပါတယ်။ ( https://tsh.or.th/Knowledge/Details/43, https://www.tsh.or.th/Knowledge/Details/29 )သွေးမခဲတဲ့မျိုးရိုးလိုက်ရောဂါ Hemophilia
ကမ္ဘာတစ်ဝန်းတွေ့ရလေ့ရှိတဲ့ မျိုးရိုးလိုက် တဲ့ မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပြီး လိုအပ်သလိုသွေးမခဲခြင်း ကနေ သွေးမတိတ်ခြင်း အထိဖြစ်နိုင်ပါတယ်။ ရုတ်တရက်သွေးထွက်ခြင်းဖြစ်နိုင်သလို အသေးစားထိခိုက်မှုများကနေလည်း သွေးထွက်နိုင်တာကြောင့် နောက်ဆက်တွဲ အနေနဲ့ မသန်မစွမ်းဖြစ်ခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ မိခင်က မျိုးဗီဇ သယ်ဆောင်သူဖြစ် ခဲ့မယ်ဆိုရင် သားယောက်ျားလေးများအပေါ် (၅၀) ရာခိုင်နှုန်း သက်ရောက်မှုရှိပြီး သမီးမိန်းကလေးများအပေါ် (၅၀)ရာခိုင်နှုန်းသက်ရောက်မှုရှိပါတယ်။ ဒါဟာ သွေးခဲမှုနဲ့ဆိုင်တဲ့ချို့ယွင်းမှုပြဿနာကြောင့်ဖြစ်ပြီး အမျိုးအစား (၂)ခု ခွဲခြား နိုင်ပါတယ်။- Hemophilia A ဟာ အတွေ့ရအများဆုံး အမျိုးအစားဖြစ်ပြီး သွေးထဲမှာရှိတဲ့ Factor 8 Protein ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။
- Hemophilia B ဟာ သွေးထဲမှာရှိတဲ့ Factor 9 Protein ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။
အမျိုးအစားနှစ်ခုစလုံးဟာ သွေးခဲခြင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ပါတယ်။ သွေးမခဲတဲ့မျိုးရိုးလိုက်ရောဂါဟာ ထိုင်းလူမျိုးများမှာ အယောက် (၁၃,၀၀၀)မှ အယောက် (၂၀,၀၀၀) မှာ (၁) ယောက်ဖြစ်ပွားနိုင်ပြီး မြောက်အမေရိကနဲ့ ဥရောပ မှာတော့ ခန့်မှန်းအားဖြင့် အယောက် (၅,၀၀၀)မှာ (၁)ယောက်ဖြစ်ပွားနိုင်ပါတယ်။ (Source: ttps://www.roche.co.th/solutions/focus-areas/haematology/haemophilia, Thai Society of Hematology, https://tsh.or.th/Knowledge/Details/90)