မ မျိုးဥကို သိမ်းခြင်း မ မျိုးဥကို သိမ်းခြင်း

မ မျိုးဥကို သိမ်းခြင်း

Available through ၃၁ ဒီ ၂၀၂၄

မ မျိုးဥကို သိမ်းခြင်း

မ မျိုးဥများကိုထုတ်ယူပြီး အေးခဲနည်းဖြင့်ထိန်းသိမ်းခြင်း

မ မျိုးဥကိုထုတ်ယူပြီး အေးခဲနည်းဖြင့်ထိန်းသိမ်းခြင်း ဟာ လက်ရှိကျန်းမာရေးပြဿနာ များ ကြောင့်(သို့) ပိုမိုသင့်လျော်တဲ့အချိန်ကျမှ ကိုယ်ဝန်ရယူလိုတဲ့ ရည်ရွယ်ချက်ကြောင့် အနာဂတ်မှာကလေးရယူလိုတဲ့ စုံတွဲများအတွက် ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒီရွေးချယ်မှုဟာ အမျိုးသမီးများ စိတ်ဝင်စားကြတဲ့ ကိစ္စတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ အမျိုးသမီးများဟာ အသက်အရွယ်ကြီးလာ တာနဲ့အမျှ မ မျိုးဥ အရေအတွက်နဲ့ အရည်အသွေးဟာ ကျဆင်းလာလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးတဲ့အချိန်ကျမှ သဘာဝအတိုင်း ကိုယ်ဝန်ဆောင်သူများဟာ မွေးလာတဲ့ကလေးမှာ ခရိုမိုဆုန်းမူမမှန်မှုများပါလာနိုင်သလို ကိုယ်ဝန်ပျက်ကျနိုင်ခြေလည်း များပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူ့ဘဝရဲ့ အရွယ်ကောင်းအချိန်မှာ ထုတ်လုပ်တဲ့ မ မျိုးဥတွေ ကို အေးခဲနည်းဖြင့် ထိန်းသိမ်းထားမယ်ဆိုရင် အရည်အသွေးပြည့်ဝပြီး အသင့်အတင့် ပမာဏရှိတဲ့  မ မျိုးဥ များကို ရရှိစေမှာဖြစ်သလို အချိန်ကျလာ တာနဲ့ အောင်မြင်တဲ့ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ဖြစ်နိုင်ခြေကို လည်း မြင့်မားစေမှာဖြစ်ပါတယ်။ မ မျိုးဥကိုထုတ်ယူပြီး အေးခဲနည်းဖြင့်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်ဟာ သုတ်ပိုးနဲ့ မ မျိုးဥပေါင်းစပ်ခြင်း (Fertilization) မရှိတာကလွဲလို့ ကျန်တာတွေက ပုံမှန် ဖန်ပြွန်သန္ဓေသား(IVF) နဲ့ ကွာခြားမှု မရှိ ပါဘူး။ အဲဒီအစား ထိန်းသိမ်းထားဖို့ အတွက် အရည်အသွေးပြည့်ဝတဲ့ မ မျိုးဥများကို နောက်တစ်ရက် မရောက်မချင်း ရွေးထုတ်ရပါမယ်။

မ မျိုးဥကိုထုတ်ယူပြီး အေးခဲနည်းဖြင့်ထိန်းသိမ်းခြင်းကို ဘယ်သူတွေ လုပ်ဆောင်သင့်သလဲ?

  • ကိုယ်ရေးကိုယ်တာ(သို့)လူမှုဝန်းကျင် ကိစ္စရပ်များကြောင့် နောက်ကျမှ ကလေးယူဖို့အတွက် မျိုးအောင်မှုကိုထိန်းသိမ်းထားလိုသူများ
  • မျိုးအောင်မှုကို ထိခိုက်စေတဲ့ ဆီးခုံနားတစ်ဝိုက်ဓာတ်ရောင်ခြည်ကုထုံး (သို့) ခီမိုဆေးသွင်းခြင်း လုပ်ဆောင်ဖို့လိုအပ်တဲ့ ကင်ဆာရောဂါသည်အမျိုးသမီး များ
  • ခရိုမိုဆုန်းမူမမှန်မှုများကြောင့် အချိန်မတိုင်ခင် မ မျိုးဥပျက်စီးခြင်း ဖြစ်နိုင်ခြေရှိသူအမျိုးသမီးများ (ဥပမာ - Turner syndrome, Fragile X syndrome) 
  • ခွဲစိတ်ကုသမှုကြောင့် မ မျိုးဥအိမ်များကိုပျက်စီးစေတဲ့ အခြေအနေရှိသူ အမျိုးသမီးများ ( မ မျိုးဥအိမ်ရေအိတ်တည်ခြင်း၊ သားအိမ်အလုံးတည်ခြင်း၊ Chocolate Cyst)
  • အမျိုးသားက သုတ်မလွှတ်နိုင်တဲ့အခြေအနေ (သို့) သုတ်ရည်ထဲတွင် သုတ်ပိုးပါမလာခြင်း (သို့) ထုတ်လုပ်လိုက်တဲ့ သုတ်ပိုးများဟာ မ မျိုးဥကို မျိုးအောင်စေဖို့ လုံလောက်တဲ့ပမာဏမရှိခြင်း စတဲ့အခြေအနေတွေမှာ အမျိုးသမီးက ဖန်ပြွှန်သန္ဓေသား လုပ်ဆောင်ခြင်း
  • လက်ရှိ ရှိနေတဲ့ ဥပဒေစည်းမျဉ်းများက အနာဂတ်မှာ မ မျိုးဥကိုထုတ်ယူပြီး အေးခဲနည်းဖြင့်ထိန်းသိမ်းခြင်း လုပ်ဆောင်ဖို့ ခွင့်ပြုထားခြင်း

 အေးခဲထိန်းသိမ်းထားတဲ့ မမျိုးဥတွေကို ဘယ်လောက်ကြာကြာ သိမ်းဆည်းထားနိုင်သလဲ?

အေးခဲပြီးထိန်းသိမ်းထားတဲ့ မ မျိုးဥတွေကို ကိုယ် လိုအပ်သလို သိမ်းဆည်းထား လို့ ရပါတယ်။ လက်ရှိသိထားရတဲ့အချက်အလက်များအရ (၁၄) နှစ်ကြာတဲ့အထိ အေးခဲပြီး ထိန်းသိမ်း ထားတဲ့ မ မျိုးဥတွေဟာ အောင်မြင်စွာကိုယ်ဝန်ဆောင်ဖို့ အသုံးပြုနိုင်ကြောင်း ဆိုပါတယ်။ သာမန်အားဖြင့် အမျိုးသမီးများအနေနဲ့ ထိန်းသိမ်းထားတဲ့ မ မျိုးဥ များကိုအသုံးပြုပြီး အသက်(၅၀) မတိုင်ခင်မှာ ကိုယ်ဝန်ဆောင်ဖို့ အကြံပြုလ်ိုပါတယ်။ ဒီအသက်အရွယ်ကျော်မှ ကိုယ်ဝန်ဆောင်မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိလာနိုင်ပါတယ်။

အောင်မြင်တဲ့ မ မျိုးဥကိုထုတ်ယူပြီး အေးခဲနည်းဖြင့်ထိန်းသိမ်းခြင်း ဖြစ်စေဖို့ ဘယ်အချက်တွေက အဓိကကျသလဲ?

မ မျိုးဥကိုထုတ်ယူပြီး အေးခဲနည်းဖြင့်ထိန်းသိမ်းခြင်း အောင်မြင်မှုဟာ သိမ်းဆည်း လိုက်တဲ့ မ မျိုးဥများရဲ့ အရည်အသွေးနဲ့ အရေအတွက်အပေါ်မှာ မူတည်ပါ တယ်။ မ မျိုးဥ အေးခဲ သိမ်းဆည်းတဲ့ အမျိုးသမီးရဲ့ အသက်ငယ်လေ အသုံးပြုတဲ့အချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ မြင့်မားလေပဲ ဖြစ်ပါတယ်။

အစီအစဉ်များ အထူးဈေးနှုန်းများ
(THB)
Ovum pick up 97,200

မှတ်ချက်များ

  • ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားများသာ အကျုံးဝင်ပါသည်။
  • ဤဝန်ဆောင်မှုများကို  ဆစ်မီတဝေ့ ဆရီနာခရင်ဆေးရုံ ၄ ထပ် တွင်ရှိသော Fertility Center တွင်ရရှိပါသည်။
  • ပိုမိုသိရှိလိုပါက (သို့မဟုတ်) ရက်ချိန်းယူရန်အတွက် ဆက်သွယ်ရန် ဤလင့်ကို ကလစ်နှိပ်ပါ။