ကျန်းမာသန်စွမ်းသောကလေးငယ်များဖြစ်စေဖို့ Healthy Kid Programs
ကလေးငယ်များအနေနဲ့ ဘာကြောင့်ကျန်းမာရေးစစ်ဆေးမှုများကို မဖြစ်မနေ ပြုလုပ်သင့်တာလဲ?
ကလေးငယ်များရဲ့ ကြီးထွားဖွံ့ဖြိုးမှု အဆင့် တစ်ခုချင်းစီတိုင်းမှာ တိုးတက်တဲ့ ပြောင်းလဲမှုများကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကျန်းမာရေး အခြေအနေကို လူကြီးများထက်စာရင် ပိုပြီးတော့ ဂရုတစိုက်နဲ့စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကလေးများရဲ့ဖျားနာမှုကို ကာကွယ်ခြင်းနှင့် ဂရုစိုက်စောင့်ကြည့် ခြင်း၊ အသက်အရွယ်အလိုက်သင့်လျော်တဲ့အစာအာဟာရ များအပြင် အမြင်အာရုံစစ်ဆေး ခြင်း၊ အကြားအာရုံစစ်ဆေးခြင်းနဲ့ သွေးစစ်ဆေးခြင်း ကဲ့သို့ စစ်ဆေးမှုများအားလုံး ကို မိဘများအနေနဲ့ ဉီးစားပေးပြီးအလေးထားလုပ်ဆောင်သင့်ပါတယ်။
အသက်အရွယ်အလိုက်ဘယ်လိုစစ်ဆေးမှုတွေကိုလုပ်ဆောင်သင့်သလဲ?
- အသက်(၂)နှစ်အောက်ကလေးငယ်များအတွက် ဉီးခေါင်းခွံစစ်ဆေးခြင်း
- အနည်းဆုံးပထမ(၆)လအတွင်း အထူးထုတ်လုပ်ထားတဲ့ကိရိယာများ အသုံးပြုပြီး အကြားအာရုံစစ်ဆေးခြင်း
- အသက်(၄)လ မှ (၆)နှစ် ကလေးငယ်များအတွက် ကလေးအထူးကု ဆရာဝန် မှ အကြားအာရုံစစ်ဆေးခြင်း
- အသက်(၉)လ ၊ (၁၈)လ နဲ့ (၃)နှစ် အရွယ်များ မှာ ကြီးထွားဖွံ့ဖြိုးမှုစစ်ဆေး ခြင်း
- အသက်(၃)နှစ်နဲ့အထက်ကလေးငယ်များတွက်သွေးပေါင်ချိန်နဲ့အမြင်အာရုံ စစ်ဆေးခြင်း
- အသက်(၁)နှစ် - (၂)နှစ် အရွယ်မှာ သွားဆရာဝန်နဲ့ ပထမဆုံးအကြိမ် ပြသခြင်း
- အသက် (၆)လ-(၁၂)လ ၊ (၃)နှစ်-(၆)နှစ် အရွယ်နဲ့ ပျိုဖော်ဝင်စ မိန်းကလေး များအတွက် သွေးတွင်းရှိ သွေးနီဉပမာဏ စစ်ဆေးခြင်း
Program | Promotion Price (THB) |
Healthy Kid Active Program (health checkup for under 15 years) | See details | 2,500 |
Healthy Kid Active Plus Program (health checkup for 6-14 years) | See details (Available at Child Center, Samitivej Sukhumvit Only) |
3,800 |
Healthy Kid Advanced Program (health checkup for 6-15 years) | See details | 5,600 |